နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

အီဒါဆင်ရဲ့ အပြောင်းအရွှေ့ကို ပြန်စဉ်းစားနေတဲ့ ယူနိုက်တက်၊ ဂီမာရေးစ်ကို ၅ နှစ် စာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့တဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

ဒါကြောင့် ဒီနေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီး ကလပ်တွေရဲ့ စိတ်ဝင်စားစရာ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လိုင်လီ မန်ချက်စတာယူနိုက်တက် တောင်ပံကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ပြိုင်ပွဲမှာ တော့တင်ဟမ်ဟော့စပါးက အခြေအနေ အကောင်းဆုံး ဖြစ်နေပါတယ်။ သူတို့အပြင် အက်စတွန်ဗီလာနဲ့ နယူးကာဆယ်တို့ ကလည်း စိတ်ဝင်စားနေသလို၊ တူရကီ ကလပ် ဖီနာဘာချီ ကလည်း ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

အတ္တလန္တာ ကွင်းလယ်လူ အီဒါဆင်ကို ခေါ်ယူဖို့ ယူနိုက်တက်တို့ စဉ်းစားနေပေမယ့် ပြီးခဲ့တဲ့ နွေရာသီ ဆေးစစ်ချက်မှာ ပုံမှန်မဟုတ်တဲ့ အခြေအနေ တချို့ တွေ့ရှိခဲ့တာကြောင့် အပြောင်းအရွှေ့ကို ရှေ့ဆက်ရမလား ဆိုတာ ဝေခွဲမရ ဖြစ်နေပါတယ်။ လောလောဆယ်မှာတော့ ပရီးမီးယားလိဂ် ကလပ် ဘက်က နောက်ဆုံး ဆုံးဖြတ်ချက် မချခင် ထပ်မံ ဆေးစစ်မှုတွေ ပြုလုပ်နေပါတယ်။

ချဲလ်ဆီး နည်းပြသစ် ဇာဘီ အလွန်ဆိုဟာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ အက်ဒူအာဒို ကာမာဗင်ဂါကို ဒီနွေရာသီရဲ့ ထိပ်တန်း ပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။ ဒါ့အပြင် ဒု-အသင်းခေါင်းဆောင် အန်ဇို ဖာနန်ဒက်စ်ရဲ့ အနာဂတ် ဘာပဲဖြစ်ဖြစ် ဘုန်းမောက် ကွင်းလယ်လူ အဲလက်စ် စကော့ကို ခေါ်ယူဖို့လည်း ချဲလ်ဆီးက ပြင်ဆင်နေပါတယ်။

တစ်ဖက်မှာလည်း ဘိုတာဖိုဂို ကွင်းလယ်လူ ဒန်နီလိုကို ခေါ်ယူဖို့ ချဲလ်ဆီးက စုံစမ်းမှုတွေ လုပ်ခဲ့ပေမယ့် လက်ရှိမှာတော့ နယူးကာဆယ်က အသာစီးရနေပါတယ်။ ဒီကစားသမားကို အာဆင်နယ်နဲ့ ယူနိုက်တက်တို့ ကလည်း မျက်စိကျနေကြတာပါ။

ယူနိုက်တက်ဟာ ဆန်းဒါးလန်း တိုက်စစ်မှူး ဘရိုင်ယန် ဘရော့ဘီကို ခေါ်ယူဖို့ အတွက် တရားဝင် ညှိနှိုင်းမှုတွေ စတင်နေပါပြီ။ နောက်ပြီး အသက် ၁၅ နှစ် အရွယ် ပါရမီရှင် ကစားသမားလေး ဂျေဂျေ ဂါဘရီရယ်လ်ကို ၂၀၂၇ ခုနှစ် စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက်ပိုင်း အထိ အသင်းမှာ ဆက်ထိန်းထားဖို့ စီစဉ်နေပါတယ်။ လက်ရှိ မှာတော့ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်နဲ့ ဘေယန်မြူးနစ် တို့က ဂါဘရီရယ်လ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေကြပါတယ်။ 

ဆန်းဒါးလန်းမှာ အငှားသွားကစားပြီး ဂျာမန် ကလပ် လိုက်ပ်ဇစ်ဆီ ပြန်ရောက်လာတဲ့ ညာနောက်ခံလူ လူရှာရယ် ဂျာတ်ထရူဒါကို ခေါ်ယူဖို့ လစ်ဗာပူးလ်ရဲ့ အပြိုင်အဆိုင် စာရင်းထဲကို အာဆင်နယ်လည်း ပါဝင်လာခဲ့ပါတယ်။ 

ပရီးမီးယားလိဂ် ချန်ပီယံ အာဆင်နယ်ဟာ နယူးကာဆယ် ကွင်းလယ်လူ ဘရူနို ဂီမာရေးစ်နဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ ပြင်သစ် သတင်းစာ L’Équipe က ဖော်ပြခဲ့ပါတယ်။
ဂီမာရေးစ်နဲ့ သဘောတူညီမှု ရပြီလို့ သတင်းတွေ ထွက်နေတဲ့ အာဆင်နယ်

မန်စီးတီးရဲ့ နောက်ခံလူ ရီကို လူးဝစ်ကို အဲဗာတန်နဲ့ နော်တင်ဟမ် ဖောရက်စ်တို့က ခေါ်ချင်နေတာကြောင့် သူ့နေရာမှာ အစားထိုးဖို့ ချဲလ်ဆီး ညာနောက်ခံလူ မာလို ဂူစတိုကို ခေါ်ယူဖို့ မန်စီးတီးက ကြိုးပမ်းခွင့် ရရှိထားပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံ အာဆင်နယ်ဟာ နယူးကာဆယ် ကွင်းလယ်လူ ဘရူနို ဂီမာရေးစ်နဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ ပြင်သစ် သတင်းစာ L’Équipe က ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် နယူးကာဆယ် ဘက်ကတော့ အာဆင်နယ်နဲ့ တစ်ကြိမ်မှ ဆက်သွယ်မှု မရှိခဲ့တာကြောင့် ဒီသတင်းအပေါ် အံ့အားသင့်နေပါတယ်။ အပြောင်းအရွှေ့ ကြားခံလူတွေက အာဆင်နယ်ကို တန်ဖိုး တချို့နဲ့ ရနိုင်တယ်လို့ မှားယွင်း အချက်ပြခဲ့တာ ဖြစ်နိုင်တယ်လို့ သတင်းထောက် လူကပ် အက်ဒဝပ်က ဆိုပါတယ်။ 

အတ္တလန္တာ ကနေ မာကို ပါလက်စထရာကို ခေါ်ယူပြီးနောက်မှာတော့ ချဲလ်ဆီးဟာ အသက် ၁၈ နှစ် အရွယ် ဗဟိုနောက်ခံလူ ဟောနက်စ် အာဟာနော်ကို ထပ်မံ ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ 

လစ်ဗာပူးလ် ကနေ ထွက်ခွာခဲ့တဲ့ မိုဟာမက် ဆာလာကို ခေါ်ယူဖို့ အမေရိကန် မေဂျာလိဂ် ကလပ်တွေက ယုံကြည်ချက် ရှိနေပါတယ်။ ဒါပေမယ့် ဥရောပနဲ့ ဆော်ဒီ ကလပ်တွေရဲ့ စိတ်ဝင်စားမှုတွေ ရှိနေတာကြောင့် အမေရိကန် ကလပ်တွေ အတွက် အခက်အခဲ ရှိနိုင်ပါတယ်။ 

ဘေယန်မြူးနစ်က ဘာစီလိုနာ နောက်ခံလူ ကွန်ဒေးကို စိတ်ဝင်စားနေပေမယ့် လက်ရှိမှာတော့ လူစာရင်း ရှင်းလင်းဖို့ လိုအပ်နေတာကြောင့် ချက်ချင်း ခေါ်ယူနိုင်ဦးမှာ မဟုတ်ပါဘူး။ 

ဗင်နီးစီးယပ်စ် ဂျူနီယာ ကတော့ ပရီးမီးယားလိဂ် ကလပ် ၂ သင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေပါပြီ။ 

အဲလ်နာဆာ ကနေ ထွက်ခွာလာပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရနိုင်မယ့် ခရိုအေးရှား ကွင်းလယ်လူ မာဆယ်လို ဘရိုဇိုဗစ်ကို ရီးရဲလ်မက်ဒရစ်က ဆက်သွယ်ထားပါတယ်။ 

ဖာရန်း တောရက်စ်ရဲ့ ကိုယ်စားလှယ်တွေက ဘာစီလိုနာကို စာချုပ်သစ် မပေးရင် ရောင်းထုတ်ဖို့ သတိပေးထားပေမယ့် ကလပ် ဘက်ကတော့ စာချုပ်သစ်ပေးဖို့ ဘဏ္ဍာရေး အခြေအနေ မပေးဘူးလို့ ဆိုပါတယ်။

ဘရာဟင်မ် ဒီးယက်ဇ် ကတော့ တခြားကလပ်တွေနဲ့ သတင်းထွက်နေပေမယ့် ဒီနွေရာသီမှာ ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာဖို့ စိတ်ကူးမရှိပါဘူး။

ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူလေး ဖရန်ကို မာစတန်တူအိုနိုကို ဖူလ်ဟမ်နဲ့ ကိုမို အသင်း တို့က တစ်ရာသီ အငှားနဲ့ ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်