ဒါကြောင့် ဒီနေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီး ကလပ်တွေရဲ့ စိတ်ဝင်စားစရာ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
လိုင်လီ အသင်းရဲ့ ကွင်းလယ်လူ အာယွဘ် ဘိုအာဒီကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် နှစ်သင်း ဖြစ်တဲ့ အာဆင်နယ်နဲ့ လစ်ဗာပူးလ်တို့ အပြိုင်အဆိုင် ပြင်ဆင်နေကြပါတယ်။ လိုင်လီ ဘက်က တောင်းဆိုထားတဲ့ ဒီနွေရာသီမှာ သူတို့ အသင်းထံ ရာသီဝက် ပြန်လည် အငှားချရမယ်ဆိုတဲ့ အချက်ကိုလည်း နှစ်သင်းစလုံးက သဘောတူဖို့ အသင့်ရှိနေကြတာပါ။ ဒီအပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ လုပ်နေပြီး အပေးအယူ တန်ဖိုးဟာ ပေါင်သန်း ၁၀၀ အထိ ရှိလာနိုင်တယ်လို့ Football Insider က ဖော်ပြထားပါတယ်။
Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ လစ်ဗာပူးလ် ကွင်းလယ်လူ ကာတစ် ဂျုန်းစ်ဟာ အင်တာမီလန် အသင်းနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားပြီးပြီလို့ သိရပါတယ်။ အခုအခါမှာတော့ ကလပ် နှစ်သင်း အကြား ပြောင်းရွှေ့ကြေး အတွက် ညှိနှိုင်းမှု ပြီးပြတ်မှာကိုပဲ စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း လစ်ဗာပူးလ် အသင်းဟာ ဘရိုက်တန် တောင်ပံကစားသမား ယာကူဘာ မင်တာ့ရ်ကို ခေါ်ယူဖို့ အတွက် ပေါင် သန်း ၇၀ ကျော် တန်ကြေး ရှိတဲ့ ကမ်းလှမ်းမှု တစ်ခု ပြင်ဆင်နေတယ်လို့ TEAMtalk က ဆိုပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ဝက်စ်ဟမ်း တောင်ပံလူ ခရိုင်ဆန်စီယို ဆမ်းမားဗီးလ်ကို “အဓိက ဦးစားပေး ခေါ်ယူမယ့် ကစားသမား” အဖြစ် သတ်မှတ်ထားပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ် ကလပ်ဟာ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ရောင်းချပြီးမှ ရလာတဲ့ ငွေကြေးနဲ့ ဆမ်းမားဗီးလ်ကို ခေါ်ယူချင်တာပါ။ ဒီလို အချိန်ဆွဲနေတာကြောင့် တော့တင်ဟမ်ဟော့စပါး အသင်းက ကြားဖြတ် လုယူသွားမှာကို မန်ယူတို့ စိုးရိမ်နေတယ်လို့ Sky Sports News က ဖော်ပြထားပါတယ်။
တစ်ချိန်တည်းမှာပဲ စပါး အသင်းဟာ အေစီမီလန် တောင်ပံလူ ရာဖေးလ် လီယာအို ကိုလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ ပေါ်တူဂီ လက်ရွေးစင် လီယာအို ကိုယ်တိုင် ကလည်း ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ချင်နေပြီး စပါး အသင်း ချန်ပီယံလိဂ် ဝင်ခွင့်မရရင်တောင် ပြောင်းရွှေ့ဖို့ ပျော်ပျော်ကြီး သဘောတူမှာ ဖြစ်တယ်လို့ Daniele Longo က ဆိုပါတယ်။
အာဆင်နယ် အသင်းဟာ နယူးကာဆယ် ကွင်းလယ်လူ ဘရူနို ဂီမာရေးစ်ကို ပေါင် သန်း ၈၀ အောက်နဲ့ ခေါ်ယူနိုင်ဖို့ အတွက် “သတိကြီးစွာထားပြီး မျှော်လင့်ချက် ရှိနေတယ်” လို့ The Daily Briefing က ဖော်ပြပါတယ်။
တခြား တစ်ဖက် မှာတော့ ယူနိုက်တက်ဟာ ရိုးမား ကွင်းလယ်လူ မာနူ ကိုနေးကို ပေါင် သန်း ၅၀နဲ့ ခေါ်ယူနိုင်မယ် ဆိုတာ သိရှိပြီးနောက် အပြောင်းအရွှေ့ ဖြစ်မြောက်အောင် ကြိုးစားဖို့ အသင့် ရှိနေတယ်လို့ TEAMtalk က ဆိုပါတယ်။

ချဲလ်ဆီး အသင်းဟာ ရာယို ဗလက်ကာနိုရဲ့ ဘယ်နောက်ခံလူ ပက်ပ် ချက်ဗာရီးယားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိပြီးနောက် ဒုတိယအကြိမ် ကမ်းလှမ်းမှုကို ထပ်မံပြုလုပ်ထားတယ်လို့ Si Phillips က ဖော်ပြပါတယ်။
ဒါ့အပြင် ချဲလ်ဆီး နည်းပြသစ် ဇာဘီ အလွန်ဆိုဟာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ အက်ဒွာဒို ကာမာဗင်ဂါကို ခေါ်ယူချင်နေပြီး အပြောင်းအရွှေ့ အတွက် အဆက်အသွယ် စတင် လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် ကာမာဗင်ဂါကို ရီးရဲလ် ကနေ ထွက်ခွာလာအောင် စည်းရုံးဖို့ ကတော့ အဓိက အတားအဆီး ဖြစ်လာလိမ့်မယ်လို့ El Nacional က သုံးသပ်ထားပါတယ်။
အင်တာမီလန် အသင်းဟာ တခြား အပြောင်းအရွှေ့တွေကို အရင်လုပ်ဆောင်ချင်တာကြောင့် ချဲလ်ဆီး ခံစစ်မှူး ထရီဗော့ ချာလိုဘာကို ခေါ်ယူမယ့် အစီအစဉ်ကို ယာယီ ရပ်ဆိုင်းထားပါတယ်။ ဒါပေမယ့် ချာလိုဘာကို ခေါ်ယူချင်နေတဲ့ ကိုမို အသင်း ကတော့ အင်တာမီလန်နဲ့ ကြိုတင် သဘောတူညီမှု ရထားတာကြောင့် ဒီနှောင့်နှေးမှုကို အခွင့်ကောင်းယူပြီး ကြားဖြတ်ခေါ်ယူမှာ မဟုတ်ဘူးလို့ Gazzetta dello Sport က ဆိုပါတယ်။
နယူးကာဆယ် အသင်းဟာ ဖရိုင်းဘတ် အသင်းရဲ့ တောင်ပံလူငယ်လေး ဂျိုဟန် မန်ဇမ်ဘီကို ခေါ်ယူဖို့ နီးစပ်နေပါပြီ။ ဒါပေမယ့် ပုဂ္ဂိုလ်ရေး သဘောတူညီချက် မရသေးတာကြောင့် အက်စတွန်ဗီလာ အသင်းက ကြားဖြတ် လုယူသွားမှာကို စိုးရိမ်နေရတယ်လို့ Alex Crook က ဖော်ပြပါတယ်။
ဂျူဗင်တပ်စ် အသင်းဟာ သူတို့ရဲ့ ဂိုးသမား မီချီလီ ဒီ ဂရီဂိုရီယို နေရာမှာ အစားထိုးဖို့ အတွက် စပါး ဂိုးသမား ဂူဂလီယဲလ်မို ဗီကာရီယိုကို လိုချင်နေပါတယ်။ တစ်ချိန်တည်းမှာပဲ စပါး အသင်း ကလည်း ဒီ ဂရီဂိုရီယိုကို စိတ်ဝင်စားလာတာကြောင့် နှစ်သင်းကြား ဂိုးသမား အလဲအထပ် လုပ်မယ့် လမ်းစ ပွင့်လာတယ်လို့ Calciomercato.it က ဆိုပါတယ်။
The Daily Briefing ရဲ့ အဆိုအရ အာဆင်နယ် အသင်းဟာ အက်စတွန်ဗီလာ တိုက်စစ်မှူး မော်ဂန် ရော်ဂျာစ်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
ဂျက် ဂရီးလစ်ရှ်ဟာ မကြာသေးခင်ကမှ နည်းပြ အန်ဇို မာရက်စကာနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပေမယ့် ဒီနွေရာသီမှာ မန်စီးတီး ကနေ အပြီးတိုင် ထွက်ခွာဖို့ မျှော်လင့်ရဆဲ ဖြစ်ပြီး အဲဗာတန် အသင်းက သူ့ကို ခေါ်ယူဖို့ အပြင်းအထန် စိတ်ဝင်စားနေတယ်လို့ Football Insider က ဖော်ပြထားပါတယ်။
ပီအက်စ်ဂျီ အသင်းဟာ သူတို့ရဲ့ တိုက်စစ် ကစားသမား တချို့ အတွက် ကမ်းလှမ်းမှုတွေကို လက်ခံဖို့ ပိုမို လမ်းဖွင့်လာပါတယ်။ ဘာစီလိုနာ အသင်းက ဘရတ်ဒ်လေ ဘာကိုလာကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး ရီးရဲလ်မက်ဒရစ် ကတော့ ဒီဆီရီ ဒူယေးကို စောင့်ကြည့်နေတယ်လို့ El Nacional က ဆိုပါတယ်။
Cadena SER ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာ အသင်းဟာ လာမယ့်လတွေ အတွင်း ကလပ် အသင်းရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေကို လည်ပတ်နိုင်ဖို့အတွက် ယူရို သန်း ၂၁၀ ချေးငွေ ရယူခဲ့ရပါတယ်။ ကလပ် အရာရှိတွေက သူတို့အသင်းဟာ ဘဏ္ဍာရေးဆိုင်ရာ မျှတစွာ သုံးစွဲမှု စည်းမျဉ်း (FFP) ကို ထပ်မံ ချိုးဖောက်မိလိမ့်မယ်လို့ ယုံကြည်နေကြပြီး ကစားသမားသစ်တွေ မှတ်ပုံတင်နိုင်ဖို့ အတွက် အပိုအကူအညီတွေ လိုအပ်နိုင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဘာစီလိုနာဟာ ဒေါ့မန် တိုက်စစ်မှူး ကာရင်မ် အဒီယီမီ အတွက် ယူရို သန်း ၃၀ တန်ကြေး ရှိတဲ့ ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ခဲ့ပေမယ့် ဒေါ့မန်ကို ဆွဲဆောင်နိုင်ဖို့ မလုံလောက်ဘူးလို့ Luca Bendoni က ဆိုပါတယ်။ ဒါပေမယ့် ဒေါ့မန် ဘက်ကတော့ အဒီယီမီရဲ့ အပြောင်းအရွှေ့မှာ ကစားသမား အလဲအထပ် ထည့်သွင်းဖို့ လမ်းဖွင့်ထားပြီး ဘာစီလိုနာရဲ့ ရူနီ ဘာဒတ်ဂျီ၊ မာ့ခ် ကာဆာဒိုနဲ့ ဟက်တာ ဖော့တ် တို့ကို စိတ်ဝင်စားနေတယ်လို့ Jijantes က ဖော်ပြပါတယ်။
မန်ယူ အသင်းဟာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ အော်ရီလီယန် ချူအာမေနီ အတွက် ယူရို သန်း ၁၂၀ သန်း အထိ ရှိတဲ့ အလွန်မြင့်မားတဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် ရီးရဲလ် ဘက်က ငြင်းပယ်ခဲ့ပြီး ကစားသမားကို စာချုပ်သစ် ချုပ်ဆိုခဲ့တယ်လို့ Defensa Central က ဆိုပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ကွင်းလယ်လူသစ် တစ်ယောက် အတွက် ရန်ပုံငွေ ရှာဖို့ နာမည်ကြီး ကစားသမား တစ်ယောက်ကို ရောင်းချဖြစ်ခဲ့ရင် လစ်ဗာပူးလ် ကွင်းလယ်လူ အလတ်ဆစ် မက် အယ်လစ္စတာကို ထိပ်တန်း ပစ်မှတ် အဖြစ် ခေါ်ယူသွားမယ်လို့ Sergio Valentin က ဖော်ပြထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


