နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ပြင်သစ်ရဲ့ တိုက်စစ်ကို လက်ရှိထက် ပိုပြီး ထက်မြတ်စေချင်နေတဲ့ ဒက်စ်ရွှမ့်စ် | ကမ္ဘာ့ဖလား

ပြင်သစ်ဟာ ဒီနှစ် ကမ္ဘာ့ဖလားမှာ ဂိုးအများဆုံး သွင်းထားတဲ့ အသင်း ဖြစ်နေပေမယ့် နည်းပြ ဒီဒီယာ ဒက်စ်ရွှမ့်စ် ကတော့ သူ့ရဲ့ အသင်း တိုက်စစ်ပိုင်းကို အခုထက် ပိုပြီး ထိရောက် ပြတ်သားစေချင်နေပါတယ်။

မော်ရိုကိုနဲ့ ကစားရမယ့် ကွာတားဖိုင်နယ် ပွဲဟာ သူ့အတွက် ပြင်သစ် အသင်းကို နောက်ဆုံး ကိုင်တွယ်ရတဲ့ပွဲ ဖြစ်မလာဘူးလို့ ဒက်စ်ရွှမ့်စ်က ယုံကြည်နေပြီး ကစားသမားတွေ ကိုတော့ အခွင့်အရေးရရင် ရသလို အပိုင်အဆုံးသတ်နိုင်ဖို့ တိုက်တွန်းထားပါတယ်။ ဒက်စ်ရွှမ့်စ်ဟာ ဒီမော်ရိုကိုနဲ့ ပွဲမှာပဲ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ပွဲအများဆုံး ကိုင်တွယ်ခဲ့တဲ့ ဂျာမနီ နည်းပြ ဟဲလ်မု ရှမန်းရဲ့ ၂၅ ပွဲ စံချိန်ကို လိုက်မှီတော့မှာပါ။ သူဟာ ပြင်သစ် အသင်းနဲ့ အတူ ကမ္ဘာ့ဖလားမှာ ၁၉ ပွဲ အထိ နိုင်ပွဲ ရထားပြီးသား ဖြစ်လို့ ပြိုင်ပွဲသမိုင်းမှာ နိုင်ပွဲ အများဆုံး နည်းပြ အဖြစ်လည်း မှတ်တမ်းဝင်ထားပါတယ်။ ဒါ့အပြင် Opta ရဲ့ စူပါကွန်ပျူတာ တွက်ချက်မှုအရလည်း ပြင်သစ်ဟာ ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ဖို့ ၂၇ ရာခိုင်နှုန်းနဲ့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

လက်ရှိ ကမ္ဘာ့ဖလားမှာ ပြင်သစ်ဟာ အာဂျင်တီးနားနဲ့ အတူ ၁၄ ဂိုးစီနဲ့ ဂိုးအများဆုံး သွင်းထားတဲ့ အသင်း ဖြစ်ပါတယ်။ ဂိုးကန်သွင်းခွင့် ၈၈ ကြိမ်နဲ့ စတုတ္ထမြောက် အများဆုံး ဖြစ်ပေမယ့် ဂိုးပေါက်တည့်မှု ၃၉ ကြိမ်နဲ့တော့ ပြိုင်ပွဲမှာ အများဆုံး ဖြစ်နေပါတယ်။ ဒါ့အပြင် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေး ကလည်း ၇ ဂိုးနဲ့ ရွှေဖိနပ်ဆု အတွက် ဒုတိယနေရာမှာ ပြိုင်ဆိုင်နေတာပါ။ ဒါပေမယ့် နည်းပြ ဒက်စ်ရွှမ့်စ် ကတော့ ဒီထက်ပိုပြီး သေချာချင်နေဆဲပါပဲ။

ဒါ့အပြင် Opta ရဲ့ စူပါကွန်ပျူတာ တွက်ချက်မှုအရလည်း ပြင်သစ်ဟာ ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ဖို့ ၂၇ ရာခိုင်နှုန်းနဲ့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။
အခုနှစ် ကမ္ဘာ့ဖလားမှာ ၅ ပွဲဆက် အနိုင်ရထားတဲ့ ပြင်သစ်

“ကျွန်တော်တို့ တိုက်စစ်ပိုင်းမှာ ပိုပြီး ထိရောက်ပြတ်သားဖို့ လိုပါတယ်။ နှစ်ဖက်စလုံးမှာ အားသာချက် ကိုယ်စီ ရှိကြပေမယ့် ကျွန်တော်တို့ အခွင့်အရေးတွေကို ပိုပြီးအသုံးချနိုင်ရမယ်။ တချို့ပွဲတွေမှာ အခွင့်အရေး ၆ ကြိမ်ရလို့ ၂ ဂိုးပဲ ဝင်တတ်သလို၊ တချို့ ပွဲတွေ မှာတော့ ၂ ကြိမ်ပဲ ရပေမယ့် ၂ ဂိုးစလုံး ဝင်သွားတာမျိုး ရှိတယ်။ အဓိက ကတော့ ရတဲ့ အခွင့်အရေးကို ထိထိရောက်ရောက် အသုံးချနိုင်ဖို့ပါပဲ” လို့ ဒက်စ်ရွှမ့်စ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ဒါ့အပြင် ဒီပွဲက သူ့ရဲ့နောက်ဆုံးပွဲ ဖြစ်သွားမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ပတ်သက်ပြီး “ဒါကို ကျွန်တော် လုံးဝ မစဉ်းစားပါဘူး။ အရင်ပွဲတုန်း ကလည်း နောက်ဆုံးပွဲ ဖြစ်သွားနိုင်တာပဲလေ။ ကျွန်တော်နဲ့ နည်းပြ အဖွဲ့ရဲ့ စိတ်ထဲ မှာတော့ အားလုံး အဆင်ပြေချောမွေ့အောင် အကောင်းဆုံး ပြင်ဆင်ဖို့ပဲ ရှိပါတယ်။ ဘောလုံးမှာ ဘာမဆိုဖြစ်နိုင်ပေမဲ့ အခုလောလောဆယ် ကျွန်တော့်စိတ်ထဲမှာ မော်ရိုကို အသင်းနဲ့ ပွဲကိုပဲ အာရုံအပြည့်အဝ စိုက်ထားပါတယ်။” လို့ ဖြေကြားခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ ဒက်စ်ရွှမ့်စ်က ပါရာဂွေးနဲ့ ပွဲမှာ မိုက်ကယ် အိုလီဆေး ရရှိခဲ့တဲ့ အဝါကတ်ကို ပယ်ဖျက်ပေးဖို့ ပြင်သစ် ဘောလုံးအဖွဲ့ချုပ်ရဲ့ အယူခံကို ဖီဖာက ပယ်ချလိုက်တဲ့ အကြောင်း ကိုလည်း ထည့်သွင်း ပြောသွားပါတယ်။ VAR ပြန်ကြည့်ရာမှာ အိုလီဆေးက ပြိုင်ဘက် ကစားသမားရဲ့ အင်္ကျီကိုပဲ ဆွဲခဲ့တာ ဖြစ်ပေမယ့် ဖီဖာ ကတော့ အဝါကတ်ကို အတည်ပြုခဲ့တာပါ။ ဒါကြောင့် အိုလီဆေး အနေနဲ့ မော်ရိုကိုနဲ့ ပွဲမှာ အဝါကတ် ထပ်ထိရင် ဆီမီးဖိုင်နယ် ပွဲစဉ်ကို လွဲချော်ရမယ့် အန္တရာယ် ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်