လက်ရှိ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အာဂျင်တီးနားဟာ ကိတ်ဗာဒီ အသင်းကြောင့် တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။ ဒါကြောင့် လက်ရှိ ချန်ပီယံတို့ အနေနဲ့ ၁၆ သင်းအဆင့်မှာ ရင်ဆိုင်ရမယ့် အီဂျစ် အသင်းကို ဘယ်လိုမှ အထင်သေးမှာ မဟုတ်တော့ကြောင်းနဲ့ သင်ခန်းစာ ကောင်းကောင်း ရခဲ့ပြီ ဖြစ်ကြောင်း ကွင်းလယ်လူ လီအန်ဒရို ပါရီဒက်စ်က ပြောကြားလိုက်ပါတယ်။
အာဂျင်တီးနားနဲ့ အီဂျစ် တို့ရဲ့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် တက်လှမ်းမယ့် ပွဲစဉ်ကို အတ္တလန္တာကွင်းမှာ ကစားသွားမှာ ဖြစ်ပါတယ်။ လက်ရှိ ချန်ပီယံ အာဂျင်တီးနား အသင်းဟာ ဒီအဆင့်ကို တက်လှမ်းနိုင်ဖို့ အတွက် အကြိတ်အနယ် ကစားခဲ့ရတာပါ။ ကိတ်ဗာဒီနဲ့ ပွဲမှာ လီယွန်နယ် မက်ဆီက ပွဲချိန် ၂၉ မိနစ်မှာ အာဂျင်တီးနား အတွက် အဖွင့်ဂိုး သွင်းပေးခဲ့ပေမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပထမဆုံးအကြိမ် လာကစားတဲ့ ကိပ်ဗာဒီ အသင်းက ပွဲချိန် မိနစ် ၆၀ မတိုင်ခင်မှာပဲ ဒီရွိုင်း ဒူအာတီရဲ့ ဂိုးနဲ့ ချေပခဲ့လို့ အားလုံး ဆွံ့အခဲ့ရပါတယ်။
အဲဒီနောက် အချိန်ပို ပွဲစဉ်မှာလည်း လီဆန်ဒရို မာတီနက်ဇ်က အာဂျင်တီးနား အတွက် ဦးဆောင်ဂိုး ထပ်သွင်းပေးခဲ့ပေမယ့် ကိတ်ဗာဒီ ကပဲ ဆစ်ဒနီ ကာဘရယ်ရဲ့ လှပတဲ့ သွင်းဂိုးနဲ့ ဒုတိယအကြိမ် ပြန်လည် ချေပခဲ့ပါတယ်။ နောက်ဆုံး မှာတော့ ကိပ်ဗာဒီ နောက်ခံလူ ဒီနေး ဘော့ဂတ်စ်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းမိမှုကြောင့်သာ အာဂျင်တီးနားတို့ နာကျင်စွာနဲ့ ကပ်နိုင်ခဲ့ပြီး ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် (၁၀) ကြိမ်မြောက် အချိန်ပို အတွင်း အနိုင်ရရှိတဲ့ပွဲ အဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။
ဒါဟာ ကမ္ဘာ့ဖလား သမိုင်းမှာ အာဂျင်တီးနားနဲ့ အီဂျစ်တို့ ပထမဆုံးအကြိမ် ဆုံတွေ့တာဖြစ်ပြီး အီဂျစ် အသင်း ကတော့ ပြီးခဲ့တဲ့ အဆင့်မှာ ဩစတြေးလျကို နိုင်ပြီး တက်လာခဲ့တာ ဖြစ်ပါတယ်။ ပါရီဒက်စ်က “ဒီပွဲကနေ ရတဲ့ သင်ခန်းစာ ကတော့ အီဂျစ်နဲ့ ပွဲ အပါအဝင် ဘယ်ပွဲမှ လွယ်ကူမှာ မဟုတ်ဘူး ဆိုတာပါပဲ။ ကိပ်ဗာဒီနဲ့ ပွဲ နှောင်းပိုင်းမှာ ဂိုးရပြီးတော့ နည်းပြ စကာလိုနီက ကျွန်တော် တို့ကို ဘာပြောလဲ ဆိုတော့ ‘ပြိုင်ဘက်က ကစားနိုင်တော့မှာ မဟုတ်ဘူး’ လို့ မပြောဘဲ အကောင်းဆုံး ဆက်ကစားဖို့၊ ဖိအားပေးဖို့နဲ့ ပွဲပြီးတဲ့ အထိ အရာအားလုံးကို ကွင်းထဲမှာ ပေးဆပ်ခဲ့ဖို့ပဲ ပြောခဲ့ပါတယ်။” လို့ ဆိုပါတယ်။

အာဂျင်တီးနား အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ အာဖရိကတိုက်က အသင်းတွေနဲ့ နောက်ဆုံး တွေ့ခဲ့တဲ့ ၈ ပွဲလုံးကို အနိုင်ရထားတာ ဖြစ်ပြီး အခု ၂၀၂၆ ပြိုင်ပွဲ အတွင်း မှာတင် အယ်လ်ဂျီးရီးယားကို ၃-၀၊ ကိပ်ဗာဒီကို ၃-၂ နဲ့ ၂ ပွဲနိုင်ထားတာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား သမိုင်းမှာ တစ်နှစ်တည်း အတွင်း အာဖရိက အသင်းတွေကို ၃ ပွဲ ဆက်တိုက် နိုင်တဲ့ အသင်း မရှိသေးပါဘူး။ ဒါ့အပြင် ကမ္ဘာ့ဖလား လက်ရှိချန်ပီယံအသင်းတွေဟာ နောက်ဆုံးကစားခဲ့တဲ့ ၁၆ သင်းအဆင့် ၅ ပွဲစလုံးမှာ အနိုင်ရထားပြီး ၁၉၈၆ ခုနှစ်က ပြင်သစ်ကို ၂-၀ နဲ့ ရှုံးပြီး ထွက်ခဲ့ရတဲ့ အီတလီ အသင်း တစ်ခုပဲ ချန်ပီယံ ဘဝနဲ့ ၁၆ သင်း အဆင့် ကနေ လှည့်ပြန်ခဲ့ဖူးပါတယ်။
လွန်ခဲ့တဲ့ ၄ နှစ်က အာဂျင်တီးနား ဖလားရစဉ်မှာ ၅ ပွဲ အထိ ပါဝင်ကစားခဲ့တဲ့ ပါရီဒက်စ်ဟာ ဒီတစ်ကြိမ် ကမ္ဘာ့ဖလား မှာတော့ ၁ ပွဲပဲ လူစာရင်းမှာ ပါဝင်ခွင့်ရသေးတာပါ။ ဒါပေမယ့် သူက အသင်း အတွက် အမြဲအသင့်ရှိနေကြောင်းကို “ကျွန်တော့်ကိုယ် ကျွန်တော် ပွဲထွက် လူစာရင်းမှာ အမြဲမြင်ပါတယ်။ ဒါပေမယ့် နည်းပြ ကပဲ ဆုံးဖြတ်မှာပါ။ ကျွန်တော်တို့ ကတော့ ကွင်းထဲမှာ အကောင်းဆုံး ပုံစံပြနိုင်ဖို့ အမြဲတမ်း ပေးဆပ်သွားရမှာပဲ။ ပွဲတိုင်းတော့ အဆင်မပြေနိုင်ဘူး၊ တစ်ခါတလေ ရုန်းကန်ရပေမယ့် နိုင်အောင် ကစားရမယ်။ ကွင်းမြက်ခင်းပြင် အခြေအနေကြောင့် ကစားသမားတွေ ပင်ပန်းနေကြတာ သဘာဝကျပေမယ့် ခြေစွမ်းရော စိတ်ဓာတ်ပိုင်းပါ ကျွန်တော်တို့ အကောင်းဆုံး အခြေအနေမှာ ရှိနေပါတယ်။ ကိပ်ဗာဒီနဲ့ ပွဲလိုပဲ လွယ်တဲ့ပွဲ ဆိုတာ မရှိလို့ နိုင်ပွဲရဖို့ကပဲ အဓိကပါ။” လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
အာဂျင်တီးနား အသင်းသာ အီဂျစ်ကို ကျော်ဖြတ်နိုင်ခဲ့ရင် ကွာတားဖိုင်နယ်မှာ ကိုလံဘီယာ သို့မဟုတ် ဆွစ်ဇာလန်နဲ့ ဆုံတွေ့ရမှာ ဖြစ်ပြီး အဲဒီကမှ တစ်ဆင့် ဆီမီးဖိုင်နယ်မှာ အင်္ဂလန် သို့မဟုတ် နော်ဝေ အသင်း တို့နဲ့ ထပ်မံ ရင်ဆိုင်ရဖို့ အလားအလာ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


