နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

အန်ဇို ဖာနန်ဒက်ဇ်လည်း ရီးရဲလ်မက်ဒရစ်ကို ရောက်လာဖို့ မျှော်လင့်ပါတယ်” ဆိုတဲ့ ကူကူရယ်လာ | လာလီဂါ

ချဲလ်ဆီး အသင်းကနေ ရီးရဲလ်မက်ဒရစ် အသင်းဆီကို ပြောင်းရွှေ့သွားခဲ့တဲ့ မာ့ခ် ကူကူရယ်လာက သူ့ရဲ့ အသင်းဖော်ဟောင်း အန်ဇို ဖာနန်ဒက်ဇ် ကိုလည်း လာလီဂါမှာ ပြန်လည် ဆုံတွေ့ချင်တယ်လို့ ဖွင့်ဟ တိုက်တွန်းလိုက်ပါတယ်။

စပိန်နောက်ခံလူ ကူကူရယ်လာဟာ မြောက်အမေရိက ကမ္ဘာ့ဖလား ပြိုင်ပွဲ မစတင်ခင် ကတည်းက ယူရို သန်း ၆၀ (ပေါင် ၅၁.၈ သန်း) နဲ့ ရီးရဲလ်မက်ဒရစ် အသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့တာပါ။ သူဟာ လစ်ဗာပူးလ် ကနေ အလွတ်နဲ့ပြောင်းလာတဲ့ အီဘရာဟီမာ ကိုနတေး၊ မန်စီးတီး ကနေ ရောက်လာတဲ့ ဘာနာဒို ဆေးလ်ဗား တို့နဲ့ အတူ ဒီနွေရာသီမှာ မက်ဒရစ်ဆီ ရောက်ရှိလာတဲ့ ကစားသမားသစ် ၃ ဦးထဲက တစ်ဦးလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၆-၂၇ ဘောလုံးရာသီမှာ နည်းပြကြီး ဟိုဆေး မော်ရင်ညို ပြန်လည် ကိုင်တွယ်မယ့် ရီးရဲလ်မက်ဒရစ် အသင်းဟာ ချဲလ်ဆီးကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ် ကိုပါ ဆန်တီယာဂို ဘာနေဗျူးဆီ ခေါ်ယူဖို့ အလေးအနက် စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

အသက် ၂၅ နှစ် အရွယ် ကမ္ဘာ့ဖလား ချန်ပီယံ အန်ဇိုဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းက လာလီဂါ ကလပ်ဆီ ပြောင်းရွှေ့ချင်တဲ့ အရိပ်အမြွက်စကားမျိုး ပြောခဲ့ဖူးပါတယ်။ ဒါကြောင့် ချဲလ်ဆီး နည်းပြဟောင်း လီယမ် ရိုစီနီယာရဲ့ လူစာရင်း ကနေ ချန်လှပ်ခြင်း ခံခဲ့ရပါသေးတယ်။ လက်ရှိမှာ ချဲလ်ဆီး အသင်းဟာ လာမယ့်ရာသီ ဥရောပ ပြိုင်ပွဲ ဝင်ခွင့် ဆုံးရှုံးခဲ့ရတာကြောင့် အသင်းရဲ့ ကြယ်ပွင့် ကစားသမား တချို့ကို ရောင်းထုတ်ရမယ့် အခြေအနေ ရှိနေပြီး၊ ကူကူရယ်လာ ကတော့ အန်ဇို တစ်ယောက် မက်ဒရစ်ဆီ ရောက်လာဖို့ မျှော်လင့်နေတာပါ။

“သူက ကစားသမားကောင်း တစ်ယောက် ဖြစ်သလို ကျွန်တော့်ရဲ့ သူငယ်ချင်းလည်း ဟုတ်ပါတယ်။ ကျွန်တော် ရီးရဲလ်ကို ပြောင်းခွင့်ရတော့ သူက ဝမ်းသာအားရ ဂုဏ်ပြုပေးခဲ့တယ်။ အခုလည်း ဒီအပြောင်းအရွှေ့ တကယ် ဖြစ်လာဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ တကယ်လို့ သူသာ ရောက်လာရင် ကျွန်တော် အရမ်းပျော်မိမှာပါ။ ကျွန်တော်တို့ ချဲလ်ဆီးမှာတုန်းက အတူတူ ပျော်ခဲ့ကြဖူးတယ်လေ။ အခု နွေရာသီတစ်ခုတည်းမှာတင် ရီးရဲလ်မက်ဒရစ်လို အသင်းကြီးဆီ နှစ်ယောက်စလုံး ပြောင်းခွင့်ရမယ့် အခွင့်အရေးမျိုး ရှိနေတာဆိုတော့ သူ ကံကောင်းပြီး မက်ဒရစ် ကစားသမား ဖြစ်လာပါစေလို့ ဆုတောင်းပေးပါတယ်။” လို့ ကူကူရယ်လာက ဆိုခဲ့ပါတယ်။

အသက် ၂၅ နှစ် အရွယ် ကမ္ဘာ့ဖလား ချန်ပီယံ အန်ဇိုဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းက လာလီဂါ ကလပ်ဆီ ပြောင်းရွှေ့ချင်တဲ့ အရိပ်အမြွက်စကားမျိုး ပြောခဲ့ဖူးပါတယ်။
အန်ဇိုနဲ့ ရီးရဲလ်မှာ ပြန်စုံချင်နေတဲ့ ကူကူရယ်လာ

အန်ဇို ဖာနန်ဒက်ဇ်ဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလက ဘင်ဖီကာ ကနေ ပေါင် ၁၀၆ သန်း (ယူရို ၁၂၁ သန်း) နဲ့ ရောက်ရှိလာပြီး နောက်ပိုင်း ချဲလ်ဆီးရဲ့ အဓိက ကစားသမား ဖြစ်လာခဲ့တာပါ။ သူဟာ အသင်း အတွက် ပွဲပေါင်း ၁၆၉ ပွဲကစား၊ ၃၁ ဂိုးသွင်း၊ ၂၉ ဂိုး ဖန်တီးပေးထားနိုင်ခဲ့သလို နည်းပြ အန်ဇို မာရက်စကာ လက်ထက်မှာ ယူရိုပါကွန်ဖရန့်လိဂ်နဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ချန်ပီယံဆုတွေ ကိုပါ ရယူပေးနိုင်ခဲ့ပါတယ်။

အထူးသဖြင့် ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ရာသီမှာ ပွဲပေါင်း ၆၁ ပွဲ အထိ ကစားပြီး သွင်းဂိုး ၁၆ ဂိုး၊ ဖန်တီးမှု ၁၀ ကြိမ် (စုစုပေါင်း ဂိုးပါဝင်ပတ်သက်မှု ၂၆ ကြိမ်) အထိ ပြုလုပ်ပေးနိုင်ခဲ့လို့ ချဲလ်ဆီး အသင်းမှာ ယာအို ပက်ဒရို (၂၉ ကြိမ်) ပြီးရင် ဒုတိယ အကောင်းဆုံး စွမ်းဆောင်ရည်ပြနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

လက်ရှိ မှာတော့ ချဲလ်ဆီးအသင်းဟာ နည်းပြ ရိုစီနီယာကို ထုတ်ပယ်ပြီး နောက်ပိုင်း ပြီးခဲ့တဲ့ မေလကတည်းက ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇာဘီ အလွန်ဆိုကို နည်းပြသစ် အဖြစ် ခန့်အပ်ပြီး ရာသီသစ် အတွက် ပြင်ဆင်နေတာပါ။

သတင်းတွေအရ ချဲလ်ဆီးဟာ အလွန်ဆိုရဲ့ လက်ထက် ပထမဆုံး ကစားသမားသစ် အဖြစ် အတ္တလန္တာ နောက်ခံလူ မာကို ပါလက်စ်ထရာကို ပေါင် ၄၃ သန်းကျော်နဲ့ ခေါ်ယူဖို့ နီးစပ်နေသလို၊ တစ်ဖက် မှာလည်း အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ နောက်ခံလူ မာလို ဂူစတိုကို ပေါင် ၇၅ သန်း တန်ကြေး သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ချဲလ်ဆီး အသင်း ကတော့ ပေါင်သန်း ၁၂၀ ခန့် တန်ကြေး သတ်မှတ်ထားတဲ့ အန်ဇို ဖာနန်ဒက်ဇ်ကို အလွယ်တကူ လက်လွှတ်ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကစားသမား ကိုယ်တိုင်က လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ချင်တဲ့ ဆန္ဒရှိနေပါတယ်။ ဒီအချိန်မှာ အသင်းဖော်ဟောင်း ကူကူရယ်လာ ကပါ ပွင့်ပွင့်လင်းလင်း တိုက်တွန်းလာတဲ့ အတွက်ကြောင့် ဒီနွေရာသီရဲ့ အပြောင်းအရွှေ့ ဈေးကွက်မှာ အန်ဇို တစ်ယောက် မက်ဒရစ်ရဲ့ အဖြူရောင် ဂျာစီကို ဝတ်ဆင်ခွင့်ရမလား ဆိုတာ ကတော့ ရင်ခုန်စရာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်