နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ရပ်တန့်လို့ မရတဲ့ ဟာလန်းနဲ့ ရှုံးထွက်အဆင့်ကို တက်လှမ်းခဲ့ပြီ ဖြစ်တဲ့ နော်ဝေ | ကမ္ဘာ့ဖလား

အခုနှစ် ကမ္ဘာ့ဖလားရဲ့ Dark Horse အဖြစ် သတ်မှတ်ခံထားရတဲ့ နော်ဝေ ကတော့ နှစ်ပွဲဆက် အနိုင်နဲ့ အတူ ရှုံးထွက်အဆင့်ကို တက်လှမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။ New York New Jersey ကွင်းကြီးထဲမှာ ကစားခဲ့တဲ့ ဒီပွဲဟာ ပွဲစကတည်းက တကယ့်ကို အကြိတ်အနယ် ရှိခဲ့တာပါ။ နော်ဝေ အသင်းဟာ ပွဲစစချင်း ၄ မိနစ်အတွင်းမှာတင် ထောင့်ကန်ဘော ၄ ကြိမ် အထိ ရခဲ့ပြီး ခရစ္စတိုဖာ အာဂျာရဲ့ ခေါင်းတိုက်ချက်ကို ဆီနီဂေါ ဂိုးသမား အက်ဒ်ဝက်ဒ် မန်ဒီ လက်ထဲ ပုတ်ထုတ်လိုက်ရသလို၊ ကွင်းလယ်လူ မာတင် အိုဒီဂတ်ရဲ့ ကန်ချက် ကိုလည်း မန်ဒီ ကပဲ ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ပွဲချိန် ၄၄ မိနစ်မှာတော့ နော်ဝေတို့ ဦးဆောင်ဂိုး ရသွားခဲ့ပါတယ်။ ဒဏ်ရာရသွားတဲ့ ဂျူလီယန် ရိုင်ယာဆန် အစား ပွဲစပြီး ၁၃ မိနစ်မှာတင် လူစားဝင်လာခဲ့တဲ့ မားကပ်စ် ပီဒါဆင်ဟာ ဆီနီဂေါ နောက်ခံလူ ကာလီဒူ ကူလီဘလီရဲ့ ဖျက်ထုတ်မှု လွတ်ထွက်လာတာကို အမိအရ ဆွဲယူပြီး ဂိုးသမား မန်ဒီရဲ့ အောက်ကနေ ဖြတ်ကာ ပြင်းပြင်းထန်ထန် ကန်သွင်းယူခဲ့တာပါ။

ဟာလန်းဟာ ပထမပိုင်း မှာတော့ အနည်းငယ် ငြိမ်နေခဲ့ပြီး ပထမပိုင်းပြီးခါနီးမှာ ဂိုးသမားကို ကျော်ပြီး ကန်ခဲ့ပေမယ့် တိုင်ခြေထိပြီး ထွက်သွားခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းအစ ၄၈ မိနစ်မှာတော့ အိုဒီဂတ်ရဲ့ လှပတဲ့ ဖန်တီးပေးမှု ကနေ တစ်ဆင့် တန်ပြန် တိုက်စစ်ကနေ ဟားလန်းက ပြင်းထန်တဲ့ ကန်ချက်နဲ့ နော်ဝေ အတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဆီနီဂေါ ဘက်ကလည်း အလွယ်တကူ အရှုံးမပေးခဲ့ပါဘူး။ ပွဲချိန် ၅၃ မိနစ်မှာ ဆာဒီယို မာနေးရဲ့ ဖန်တီးပေးမှု ကနေ တစ်ဆင့် အစ္စမိုင်လာ ဆားက နော်ဝေ ဂိုးသမားကို ကျော်ဖြတ်ပြီး ချေပဂိုး တစ်ဂိုး သွင်းခဲ့ပါတယ်။ ဒါပေမယ့် ၅ မိနစ်အကြာမှာပဲ ဟားလန်းက ပက်ထရစ် ဘာ့ဂ်ရဲ့ ဖြတ်တင်ဘောကို ပင့်ကန်လိုက်ရာ ဘောလုံးက ဂိုးဘားတန်းပေါ်ကို ထိပြီး ဂိုးထဲဝင်သွားခဲ့လို့ နော်ဝေတို့ ၃-၁ နဲ့ ပြန်လည် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒီဂိုးသွင်းအပြီးမှာ ဆီနီဂေါ ဂိုးသမား မန်ဒီ ဒဏ်ရာရပြီး လူစားလဲခဲ့ရပါတယ်။

ပွဲပြီးခါနီးမှာ ပွဲက ပိုလို့တောင် ရင်ခုန်စရာ ကောင်းလာပါတယ်။ နော်ဝေ လူငယ် ကြယ်ပွင့် အော်စကာ ဘော့ဘ်ရဲ့ ကန်ချက်ကို ဆီနီဂေါ ကွင်းလယ်လူ ပက်သီ စစ်စ်က ဂိုးစည်းပေါ်ကနေ ဖျက်ထုတ်နိုင်ခဲ့သလို၊ ပွဲချိန် ၉၃ မိနစ်မှာ ဆားကပဲ စီနီဂေါ အတွက် ဒုတိယ ချေပဂိုးကို ထပ်မံ သွင်းယူပေးခဲ့ပါတယ်။ ပွဲပြီးခါနီး နောက်ဆုံး မိနစ်မှာ ဆားရဲ့ ခေါင်းတိုက်ချက်သာ ဂိုးထဲဝင်သွားရင် ဆီနီဂေါတို့ သရေရလဒ် ရှာဖွေနိုင်မှာ ဖြစ်ပေမယ့် အပေါ်ကို ကျော်သွားခဲ့လို့ နော်ဝေတို့ ကံကောင်းစွာနဲ့ပဲ ၃-၂ ရလဒ်နဲ့ ပွဲကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ၂ ဂိုး ထပ်မံ သွင်းယူခဲ့တဲ့ ဟားလန်းဟာ လက်ရှိ ၂၀၂၆ ကမ္ဘာ့ဖလားရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဇယားမှာ ကီလီယန် အမ်ဘာပေး (၄ ဂိုး) နဲ့ တန်းတူ ဖြစ်သွားခဲ့ပြီး၊ ၅ ဂိုး သွင်းထားတဲ့ လီယွန်နယ် မက်ဆီရဲ့ နောက်မှာ ကပ်လျက် လိုက်နေပါတယ်။

ဟာလန်းဟာ နော်ဝေ လက်ရွေးစင် အသင်း အတွက် ကစားပေးခဲ့တဲ့ နောက်ဆုံး တရားဝင်ပွဲ ၂၁ ပွဲမှာ ၁၈ ပွဲ အထိ ဂိုးသွင်းယူနိုင်ခဲ့ပြီး၊ ၂၀၂၄ ခုနှစ် နိုဝင်ဘာလကတည်းက စတင်ကာ အသင်း အတွက် ၁၂ ပွဲ ဆက်တိုက် (၂၂ ဂိုး) အထိ သွင်းယူပေးထားနိုင်တဲ့ အံ့မခန်း မှတ်တမ်းကို ပိုင်ဆိုင်ထားပါတယ်။ သူဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ပွဲဦးထွက် နှစ်ပွဲ ဆက်တိုက်မှာ တစ်ပွဲကို ၂ ဂိုးစီ သွင်းယူနိုင်တဲ့ သမိုင်းတစ်လျှောက် ဒုတိယမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။ ၂၀၁၈ တုန်းက အင်္ဂလန် တိုက်စစ်မှူး ဟယ်ရီကိန်းပဲ ဒီလို သွင်းယူဖူးတာပါ။

နော်ဝေ အသင်းဟာ ကမ္ဘာ့ဖလား သမိုင်းမှာ ၁၉၉၈ ခုနှစ်တုန်းက ၁၆ သင်းအဆင့် တက်လှမ်းနိုင်ခဲ့တာက အမြင့်ဆုံး စံချိန် ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲ့ဒီတုန်းက ပွဲစဉ်တွေမှာ ပထမပိုင်းကို ဦးဆောင်နိုင်ခဲ့ခြင်း မရှိခဲ့ဘဲ အခု ၂၀၂၆ ပြိုင်ပွဲမှာတော့ ကစားခဲ့တဲ့ နှစ်ပွဲစလုံးမှာ ပထမပိုင်းကို ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုအခါ မှာတော့ နော်ဝေဟာ ပြင်သစ် အသင်းနဲ့ အတူ အုပ်စု ပထမနေရာ အတွက် နောက်ဆုံး ပွဲစဉ်မှာ အကြိတ်အနယ် လုရတော့မှာ ဖြစ်ပါတယ်။ တစ်ဖက်က ရှုံးနိမ့်ခဲ့တဲ့ ဆီနီဂေါ အသင်း ကတော့ အကောင်းဆုံး အုပ်စု တတိယ အသင်း အဖြစ် နောက်တစ်ဆင့် တက်လှမ်းနိုင်ဖို့ အတွက် နောက်ဆုံး ပွဲစဉ်မှာ အီရတ် အသင်းကို သေချာပေါက် အနိုင်ကစားရတော့မယ့် အခြေအနေ ဖြစ်ပါတယ်။ ဆီနီဂေါတို့ အခွင့်အရေးတွေ အများကြီး ရခဲ့ပေမယ့် ဂိုးအဖြစ် ပြောင်းလဲရာ မှာတော့ နော်ဝေထက် အနည်းငယ် အားနည်းခဲ့တာကို တွေ့ရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်