နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

မက်တေးတားရဲ့ သွင်းဂိုးနဲ့ ကွန်ဖရင့်လိဂ်ဖလားကို ဆွတ်ခူးပြီး နည်းပြ ဂလပ်စနာကို နှုတ်ဆက်နိုင်ခဲ့တဲ့ ပဲလေ့စ်

ခရစ္စတယ်ပဲလေ့စ် ကတော့ ၂၀၂၅ မှာ အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်း အောင်မြင်မှုတွေ အပြင် အခုအခါ ကွန်ဖရင့်လိဂ် ဖလား ကိုပါ ထပ်မံ ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ နည်းပြ အိုလီဗာ ဂလပ်စနာ အနေနဲ့လည်း အသင်းနဲ့ အတူ အမြင့်ဆုံး အောင်မြင်မှု တစ်ခုနဲ့ လမ်းခွဲနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ ဗိုလ်လုပွဲမှာ ခရစ္စတယ်ပဲလေ့စ်က ရာယို ဗလက်ကာနိုကို ၁-၀ ရလဒ်နဲ့ အနိုင်ရကာ ကွန်ဖရင့်လိဂ် ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီး အိုလီဗာ ဂလပ်စနာရဲ့ ပဲလေ့စ် နည်းပြ ဘဝ ဇာတ်သိမ်းခန်းကို လှပစွာ အဆုံးသတ်ပေးခဲ့ရာမှာ ဂျင်းန်-ဖိလစ်ပ် မက်တေးတေားရဲ့ သွင်းဂိုးက အဆုံးအဖြတ် ဖြစ်ခဲ့ပါတယ်။

လိုက်ပ်ဇစ်မှာ ကျင်းပခဲ့တဲ့ ဒီပွဲစဉ်ရဲ့ ဒုတိယပိုင်း အစောပိုင်းမှာ အဒမ် ဝှာတန်ရဲ့ ကန်ချက်ကို ရာယို ဂိုးသမား အော်ဂတ်စတို ဘာတာလာက ပုတ်ထုတ်ရုံသာ တားဆီးနိုင်ခဲ့ချိန်မှာ မက်တေးတားက အပိုင်ပိတ်သွင်းယူခဲ့ခြင်း ဖြစ်ပြီး ပဲလေ့စ် ပရိသတ် အမြောက်အမြားကို ပျော်ရွှင်မှု အထွတ်အထိပ်ကို ရောက်ရှိစေခဲ့ပါတယ်။

သိမ်းငှက်တွေက ဒုတိယဂိုး ရရှိမယ့် အခွင့်အရေး တချို့ကို လွဲချော်ခဲ့ပြီး ပွဲပြီးခါနီးမှာ စိုးရိမ်စရာ အခြေအနေ တချို့နဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း၊ ပြီးခဲ့တဲ့နှစ်က အက်ဖ်အေဖလား အောင်မြင်မှု နောက်ပိုင်း သူတို့ရဲ့ သမိုင်းတစ်လျှောက် ပထမဆုံးသော ဥရောပဖလားကြီးကို အောင်မြင်စွာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

 

ပွဲစဉ်အကျဉ်း

ပထမပိုင်းရဲ့ ပွဲချိန် အများစုမှာ ပဲလေ့စ်က ဂိုးသွင်းခွင့်တွေ ဖန်တီးဖို့ ရုန်းကန်ခဲ့ရပြီး တခြား တစ်ဖက်မှာတော့ ရာယိုက ဂိုးရဖို့ နှစ်ကြိမ်တိုင်တိုင် နီးစပ်ခဲ့ပါတယ်။ အလက်မိုရဲ့ ကန်ချက်က ဂိုးအနီးကပ် ကနေ ကပ်လွဲချော်ခဲ့သလို၊ အူနိုင်း လိုပက်ဇ်ရဲ့ ဘေးတိုက် ကန်ချက် ကလည်း ဂိုးတိုင်ဘေး ကနေ ကပ်ထွက်သွားခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲပြန်စပြီး မကြာခင်မှာပဲ ပဲလေ့စ်တို့ ဂိုးစတင်ရရှိခဲ့ပါတယ်။ ဒုတိယပိုင်း စပြီး ၆ မိနစ် အကြာမှာ ဝှာတန်က ပြိုင်ဘက် ခံစစ်စည်း အနီးကို ဘာအတားအဆီးမှ မရှိဘဲ ဆွဲဝင်လာပြီးနောက် ဘယ်ခြေ အဝေးကန်ချက် ကန်သွင်းခဲ့ရာ ရာယို ဂိုးသမား ဘာတာလာ ပုတ်ထုတ်လိုက်ပေမယ့်လည်း ဘောလုံးက မက်တေးတားရဲ့ ရှေ့ကို ကျရောက်သွားခဲ့တာကြောင့် အလွယ်တက် ပိတ်သွင်းယူနိုင်ခဲ့ပါတယ်။

အဲဒီနောက် ယီရီမီ ပီနိုရဲ့ လှပတဲ့ ဖရီးကစ် ကန်ချက်က ဂိုးတိုင်နှစ်ဖက်လုံးကို ထိမှန်ပြီး ထွက်လာခဲ့ရာ မာတေတာက ထပ်မံပိတ်သွင်းခဲ့ပေမယ့်လည်း ဘောလုံးက ဂိုးတိုင်ကိုသာ ထိမှန်ခဲ့တာကြောင့် ပဲလေ့စ်တို့ ၂-၀ ဖြစ်မယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့ရပါတယ်။ ပဲလေ့စ် အသင်း ယုံကြည်မှု တက်လာတာနဲ့ အမျှ ပီနိုရဲ့ တက်ကြွတဲ့ လှုပ်ရှားမှုတွေက တစ်ဆင့် မက်တေးတား အတွက် နောက်ထပ် ရွှေရောင် အခွင့်အရေး တစ်ခု ဖန်တီးပေးနိုင်ခဲ့ပေမယ့်လည်း သူ့ရဲ့ ကန်ချက်က အားမပါခဲ့တာကြောင့် ဂိုးသမား ဘာတာလာက ပုတ်ထုတ်နိုင်ခဲ့ပါတယ်။

နည်းပြ ဂလက်စနာရဲ့ နောက်ဆုံးပွဲမှာ ကွန့်ဖရင့်လိဂ် ဆုဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ ပဲလေ့စ်က လာမယ့် ရာသီ ယူရိုပါလိဂ် ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။
လာမယ့် ရာသီ ယူရိုပါလိဂ် ဝင်ရောက် ကစားခွင့်ရမယ့် ပဲလေ့စ်

ပွဲပြီးခါနီးမှာ ရာယိုက ကစားကွက် ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပေမယ့်လည်း စစ်မှန်တဲ့ ဂိုးသွင်းခွင့်တွေ မဖန်တီးနိုင်ခဲ့ပါဘူး။ ပဲလေ့စ် နောက်ခံလူတွေ ဖြစ်တဲ့ မက်ဆန်း လာခွာနဲ့ မစ်ချဲလ် တို့ရဲ့ အရေးပါတဲ့ ဖျက်ထုတ်မှုတွေကြောင့် ပဲလေ့စ် ဂိုးသမား ဒင်းန် ဟန်ဒါဆန် အနေနဲ့ ဧရိယာ အတွင်း ရောက်လာတဲ့ ကန်ချက် တစ်ကြိမ်သာ ရင်ဆိုင်ခဲ့ရပါတယ်။

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

ခရစ်စတယ်ပဲလေ့စ်ဟာ ၁၉၈၈ ခုနှစ်က Cup Winners’ Cup ကို မက်ချီလန် အသင်း ဆွတ်ခူးခဲ့ပြီး နောက်ပိုင်း ဥရောပ အဆင့် အဓိက ပြိုင်ပွဲကြီး တစ်ခုမှာ ပထမဆုံးအကြိမ် ပါဝင် ယှဉ်ပြိုင်ပြီး ချန်ပီယံဆုကို ချက်ချင်း ဆွတ်ခူးနိုင်တဲ့ ပထမဆုံး အသင်း ဖြစ်လာခဲ့ပါတယ်။

ကွန်ဖရင့်လိဂ် ပြိုင်ပွဲ သမိုင်းတစ်လျှောက် ပထမဆုံး ရာသီ ၅ ခု အနက် ၃ ခုကို အင်္ဂလန် ကလပ်တွေကပဲ ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်ပါတယ် (၂၀၂၂-၂၃ မှာ ဝက်စ်ဟမ်း၊ ၂၀၂၄-၂၅ မှာ ချဲလ်ဆီး)။ ပဲလေ့စ်ရဲ့ မြို့ခံ ပြိုင်ဘက် ဘရိုက်တန် ကလည်း ၂၀၂၆-၂၀၂၇ ရာသီမှာ ဒီခြေရာ အတိုင်း လိုက်နိုင်ဖို့ ကြိုးပမ်းရမှာ ဖြစ်ပါတယ်။

နည်းပြ ဂလက်စနာရဲ့ နောက်ဆုံးပွဲမှာ ကွန့်ဖရင့်လိဂ် ဆုဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ ပဲလေ့စ်က လာမယ့် ရာသီ ယူရိုပါလိဂ် ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ အင်္ဂလန် ကလပ် တစ်ခုရဲ့ နောက်ဆုံး ပွဲမှာ ဥရောပ အဓိက ဖလားကို ဆွတ်ခူးပေးနိုင်ခဲ့တဲ့ ယခင် နည်းပြတွေ ကတော့ တော့တင်ဟမ်ဟော့စပါးက ကိသ် ဘာကင်ရှော (၁၉၈၄ ယူအီးအက်ဖ်အေဖလား) နဲ့ ချဲလ်ဆီးမှ မော်ရီစီယို ဆာရီ (၂၀၁၉ ယူရိုပါလိဂ်) တို့သာ ရှိခဲ့ဖူးပါတယ်။

ဒီဗိုလ်လုပွဲ မတိုင်မီက မက်တေးတားက ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ပရီးမီးယားလိဂ်မှာ ဝက်စ်ဟမ်းကွင်းမှာ ဂိုးသွင်းယူခဲ့ပြီး နောက်ပိုင်း ပဲလေ့စ်ရဲ့ အိမ်ကွင်း ပြင်ပမှာ ဂိုးမသွင်းနိုင်ခဲ့တာက ကြာပြီ ဖြစ်ပါတယ်။ သူ့ရဲ့ နောက်ဆုံး သွင်းဂိုး ၁၁ ဂိုးလုံးမှာ ပဲလေ့စ် အိမ်ကွင်း မှာသာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သူက ဂိုးမသွင်းနိုင်တဲ့ မှတ်တမ်းဆိုးကို အကောင်းဆုံး အချိန်မှာ အဆုံးသတ်နိုင်ခဲ့ပြီး၊ ကွန်ဖရင့်လိဂ် ဗိုလ်လုပွဲမှာ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ပြင်သစ် ကစားသမား ဖြစ်လာခဲ့သလို၊ အင်္ဂလန် ကလပ် တစ်ခု အတွက် ဥရောပ ဗိုလ်လုပွဲမှာ ဂိုးသွင်းပေးနိုင်တဲ့ တတိယမြောက် ပြင်သစ် ကစားသမား ဖြစ်လာခဲ့ပါတယ်။ အရင်က မန်ချက်စတာယူနိုက်တက် အတွက် ပေါလ် ပေါ့ဘာ (၂၀၁၇) နဲ့ ချဲလ်ဆီး အတွက် အိုလီဗီယာ ဂျရူး တို့က ယူရိုပါလိဂ် ဗိုလ်လုပွဲတွေမှာ ဂိုးသွင်းယူပေးခဲ့ဖူးပါတယ်။

ခြုံငုံကြည့်ရင် ပဲလေ့စ်က ထိုက်ထိုက်တန်တန်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ ရာယို အသင်းထက် ကန်ချက် တစ်ကြိမ်သာ ပိုများခဲ့ပေမယ့်လည်း (၁၁ ကြိမ် နဲ့ ၁၀ ကြိမ်)၊ မျှော်မှန်းဂိုး (xG) အသာစီးရမှု မှာတော့ ၂.၅၇ နှင့် ၀.၅၂ အထိ သိသိသာသာ အပြတ်အသတ် သာလွန်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်