ပရီးမီးယားလိဂ် ဖလားကို ၄ ရာသီ ဆက်တိုက် ဆွတ်ခူးခဲ့ဖူးတဲ့ မန်စီးတီးက နောက်ဆုံး ၂ ရာသီ ဆက်တိုက် ဆုဖလားနဲ့ လွဲချော်ခဲ့ရပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းက ပရီးမီးယားလိဂ် ဖလား လွဲချော်ခဲ့ရတဲ့ ရှုံးနိမ့်မှုကို လာမယ့် ရာသီ အတွက် “တွန်းအား တစ်ခု” အဖြစ် အသုံးချဖို့ အသင်းဖော်တွေကို တိုက်တွန်းလိုက်ပြီး လိဂ် ချန်ပီယံဆုနဲ့ ၂ နှစ် ဆက်တိုက် ဝေးကွာနေခြင်းက လုံးဝ အားရကျေနပ်စရာ မရှိကြောင်း ပြတ်ပြတ်သားသား ပြောကြားခဲ့သည်။
မန်စီးတီး အသင်းရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု မျှော်လင့်ချက်က ဗိုက်တယ်လတီ စတေဒီယမ်မှာ သက်သက်သာသာနဲ့ပဲ အဆုံးသတ်သွားခဲ့ရပါတယ်။ ပပ် ဂွါဒီယိုလာရဲ့ အသင်းသားတွေက ဖလားလုပွဲ အရှိန်ကို ရာသီပိတ် နောက်ဆုံး ပွဲစဉ် အထိ ဆွဲဆန့်နိုင်ဖို့ ဘုန်းမောက်ကို မဖြစ်မနေ အနိုင်ကစားရမှာ ဖြစ်ပေမယ့်လည်း ၁-၁ နဲ့ သရေကျခဲ့ပါတယ်။ ဒီရလဒ်ကြောင့် အာဆင်နယ်က နှစ်ပေါင်း ၂၂ နှစ်တာ ကာလ အတွင်း ပထမဆုံးအကြိမ် အဖြစ် ပရီးမီးယားလိဂ် ဆုဖလားကို ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။
အင်္ဂလန်ရဲ့ အဖိုးတန်ဆုံး ဆုဖလားနဲ့ ၂ နှစ် ဆက်တိုက် လွဲချော်ခဲ့ရတဲ့ မန်စီးတီး အတွက်တော့ စိတ်ပျက် အားလျော့စရာ ဖြစ်ခဲ့ရပါတယ်။ ဒါဟာ ပပ် ဂွါဒီယိုလာ စတင် တာဝန်ယူကတည်းက အက်တီဟတ်ကွင်းမှာ ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရတဲ့ ၂ နှစ်ဆက် ဖလား လွဲချော်မှု ဖြစ်ပါတယ်။ ခရာဘောင်ဖလားနဲ့ အက်ဖ်အေဖလား တို့ကို ဆွတ်ခူးနိုင်ခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ မန်စီးတီး တို့ရဲ့ အားနည်းချက်တွေက ၂၀၂၅-၂၀၂၆ ဘောလုံး ရာသီ အတွက် တာသွားစေခဲ့ပါတယ်။
အင်္ဂါနေ့ ပွဲအပြီးမှာ ဟာလန်းက “နောက်ဆုံးတော့ ပရီးမီးယားလိဂ်မှာ ပွဲတိုင်းက ခက်ခဲပါတယ်။ ကျွန်တော်တို့ ကြိုးစားခဲ့ပေမယ့် မလုံလောက်ခဲ့ဘူး။” City Studios ကို ပြောကြားခဲ့ပါတယ်။ “တစ်သင်းလုံး အနေနဲ့ ဒါကို အခုအချိန်မှာ တွန်းအား တစ်ခု အနေနဲ့ အသုံးချရပါမယ်။ ကျွန်တော်တို့ ဒေါသထွက်သင့်တယ်၊ ရင်ထဲမှာ အရှိန်အဟုန်ပြင်းပြင်း ခံစားရပါမယ်။ ဘာလို့လဲဆိုတော့ ဒီရလဒ်က မကောင်းလွန်းလို့ပါ။ အခုဆို ၂ နှစ်တောင် ရှိသွားပြီ။ တကယ့်ကို အချိန်အတော်ကြာသွားသလို ခံစားရတယ်။ လာမယ့် ရာသီမှာ ဒီမှာ ရှိနေမယ့် သူတိုင်းဟာ လိဂ်ဖလား ပြန်ရဖို့ အတွက် တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်သွားမှာပါ” လို့ ဆိုပါတယ်။

မန်စီးတီးက ပြီးခဲ့တဲ့ ရာသီက တတိယနေရာနဲ့ အဆုံးသတ်ခဲ့ရတာထက်စာရင် ဒီရာသီမှာ ဒုတိယနေရာ ရရှိဖို့ သေချာသွားတာကြောင့် တိုးတက်လာတယ်လို့ သတ်မှတ်နိုင်ပေမယ့်လည်း ကလပ် အသင်းရဲ့ မျှော်မှန်းချက်နဲ့ ယှဉ်ရင်တော့ လိုအပ်ချက် များစွာ ရှိနေပါသေးတယ်။ မန်စီးတီးက ဂွါဒီယိုလာ လက်ထက်မှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၆ ကြိမ် အထိ ဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၁၈ ၂၀၂၄ ရာသီ အထိ ကာလ အတွင်း ၁ ကြိမ်သာ ဖလားနဲ့ လွဲချော်ခဲ့ဖူးပါတယ်။
မန်စီးတီးဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းက အာဆင်နယ်နဲ့ ၉ မှတ် အကွာ ကနေ ၁၁ ရက် အတွင်း အမီလိုက်နိုင်ခဲ့ပြီးနောက် ဂွါဒီယိုလာရဲ့ အသင်း အတွက် အခွင့်အရေးတွေ ပွင့်လန်းခဲ့ပေမယ့်လည်း အဲဗာတန်၊ ဘုန်းမောက် တို့နဲ့ ပွဲတွေမှာ ခြေချော်ခဲ့ပြီးနောက် သူတို့ရဲ့ ကံကြမ္မာက အဆုံးအဖြတ် ဖြစ်ခဲ့ရတာပါ။
မိုးပြာရောင်တွေ အနေနဲ့ လာမယ့် ရာသီမှာ အဓိက ဆုဖလားတွေ ပြန်လည် သိမ်းပိုက်နိုင်ဖို့ မျှော်လင့်ချက် ရှိနေပေမယ့်လည်း နည်းပြ ပပ် ဂွါဒီယိုလာ မပါဘဲ ကြိုးပမ်းရမယ့် ပုံစံမျိုး ဖြစ်နေပါတယ်။ သတင်းတွေအရ ဆိုရင် စပိန် လူမျိုး နည်းပြက ဆယ်စုနှစ် တစ်ခုကြာ အသင်းကို ကိုင်တွယ်ပြီးနောက် ထွက်ခွာတော့မှာ ဖြစ်ပြီး မန်စီးတီးမှာ သူ့ရဲ့ ခေတ်တစ်ခေတ် အဆုံးသတ်သွားဖို့ နီးစပ်နေပြီလည်း ဖြစ်ပါတယ်။
လက်ရှိမှာ ချဲလ်ဆီး နည်းပြဟောင်း အန်ဇို မာရက်စကာက သူ့ရဲ့ နေရာမှာ အစားထိုးဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း အီတလီ လူမျိုး နည်းပြ မာရက်စကာက တည်ငြိမ်တဲ့ နည်းပြ တစ်ဦး ဖြစ်ပေမယ့် ဒီနွေရာသီမှာ ဘာနာဒို ဆေးလ်ဗားနဲ့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်နေတဲ့ ရိုဒရီ တို့ကို လက်လွှတ်ရဖွယ် ရှိနေတဲ့ အတွက် ပထမဆုံး ရာသီမှာတင် ပရီးမီးယားလိဂ် ဖလားကို အရယူပေးနိုင်ဖို့က မလွယ်ကူလှပါဘူး။
အာဆင်နယ်ဟာ ချန်ပီယံဆုကို ဆက်တိုက် ကာကွယ်ဖို့ အခု နွေရာသီမှာ တိုက်စစ်ပိုင်းကို ထပ်မံ အင်အား ဖြည့်တင်းမှာ အသေအချာ ဖြစ်သလို၊ မန်ချက်စတာယူနိုက်တက် ကလည်း နည်းပြ မိုက်ကယ် ကာရစ်ခ်ရဲ့ ဦးဆောင်မှု အောက်မှာ ထူးခြားစွာ အင်အား တောင့်တင်းလာတဲ့ ပြိုင်ဘက်ကောင်း တစ်သင်း ပြန်ဖြစ်လာတော့မှာပါ။ မန်စီးတီး အသင်းဟာ ထိပ်တန်း အသင်းကြီးတွေနဲ့ ရင်ဘောင်တန်းနိုင်ဆဲ ဖြစ်ပေမယ့်လည်း၊ အသင်းရဲ့ အကူးအပြောင်း ကာလနဲ့ ကစားသမား အပြောင်းအလဲ များပြားနိုင်တဲ့ အစောပိုင်းကာလတွေမှာ လိုအပ်တဲ့ ကစားကွက် တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ဖို့ ရုန်းကန်ရနိုင်ခြေ ရှိနေကြောင်း…။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


