မန်ချက်စတာစီးတီးရဲ့ ဂိုးသွင်းစက် အာလင်း ဟာလန်း ကတော့ သူ့ကို ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ် တို့က စိတ်ဝင်စားနေတယ် ဆိုတဲ့ သတင်းတွေ အပေါ် တုံ့ပြန် ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ဟာလန်း ပရီးမီးယားလိဂ် ကလပ် မန်စီးတီး မှာပဲ ဆက်ရှိနေမယ့် အကြောင်း ကိုလည်း ပြတ်ပြတ်သားသား ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်က မန်စီးတီးနဲ့ ၁၀ နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုထားတဲ့ ဟာလန်း
အာလင်း ဟာလန်းဟာ ၂၀၂၅ ခုနှစ် အစောပိုင်းမှာ မန်စီးတီးနဲ့ ၁၀ နှစ် သက်တမ်း ရှိတဲ့ အံ့အားသင့်ဖွယ် စာချုပ်သစ်ကို ချုပ်ဆိုကာ သူ့ရဲ့ အနာဂတ်ကို အက်တီဟတ်မှာပဲ မြှုပ်နှံထားခဲ့ပါတယ်။ ဒါကြောင့် ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ် တို့လို စပိန် ထိပ်သီး ကလပ်တွေနဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဟာလန်း အနေနဲ့ မန်စီးတီး ကနေ ထွက်ခွာဖို့ အစီအစဉ် မရှိသေးပါဘူး။
၂၀၂၂ ခုနှစ်မှာ မန်ချက်စတာမြေကို ရောက်ရှိလာပြီး ကတည်းက ဟာလန်းဟာ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်း စံချိန် အမြောက်အမြားကို ချိုးဖျက်ခဲ့ပြီး အသင်း ကိုလည်း ဆုဖလား ၃ လုံး (Treble) ရရှိအောင် စွမ်းဆောင်ပေးခဲ့သူပါ။ သူဟာ ပထမဆုံး ရာသီမှာတင် ပရီးမီးယားလိဂ်ဂိုး ၃၆ ဂိုး သွင်းယူကာ စံချိန်တင်ခဲ့ပါတယ်။ ဟာလန်းက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ကလည်း ပွဲပေါင်း ၁၁၁ ပွဲ အတွင်း မှာတင် ဂိုး ၁၀၀ ပြည့်မြောက်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ ’100 Club’ ထဲကို အမြန်ဆုံး ဝင်ရောက်နိုင်ခဲ့ပါတယ်။
လာလီဂါ ကလပ်တွေနဲ့ သတင်းထွက်နေမှုကို ဟာလန်း ပယ်ချ
ပြီးခဲ့တဲ့ ရာသီက စိတ်ပျက်စရာ ရလဒ် တချို့ ရှိခဲ့ပြီးနောက် မန်စီးတီးဟာ ၂၀၂၅-၂၆ ရာသီမှာ ပုံစံကောင်း ပြန်ရဖို့ အချိန်ယူခဲ့ရပါတယ်။ ဟာလန်းဟာ ရာသီဝက် အထိ ဂိုးတွေ တောက်လျှောက် သွင်းနိုင်ခဲ့ပေမယ့် နှစ်သစ်ကူးပြီး နောက်ပိုင်း မှာတော့ ဂိုးသွင်းနှုန်း အနည်းငယ် ကျဆင်းသွားခဲ့ပါတယ်။
ဒါတောင်မှ ပြီးခဲ့တဲ့ တပတ် ဘန်လေနဲ့ ပွဲမှာ ၂၄ ဂိုးမြောက်ကို သွင်းယူထားနိုင်လို့ ဒီရာသီ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို သူပဲ ထပ်မံရရှိဖို့ ရေပန်းစားနေဆဲပါ။ မန်စီးတီးဟာ ပြည်တွင်းဖလား ၃ လုံး လမ်းကြောင်းပေါ်မှာ ရှိနေပြီး ဟာလန်း ကလည်း အက်တီဟတ်မှာ “ စိတ်လှုပ်ရှားစရာ အချိန်တွေ” လာဦးမယ်လို့ ဆိုပါတယ်။

“ကျွန်တော် ဒီမှာ အရမ်းပျော်ပါတယ်။ အသင်း အတွက်ရော ကျွန်တော့် အတွက်ပါ စိတ်လှုပ်ရှားစရာ အချိန်တွေ ဖြစ်လာဦးမှာမို့လို့ ရှေ့ဆက်ဖြစ်လာမယ့် အရာတွေကို မျှော်လင့်နေပါတယ်။ မန်စီးတီးနဲ့ အတူ ဆက်သွားဖို့ပဲ အာရုံစိုက်ထားပါတယ်” လို့ ဟာလန်းက ESPN ကို ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာရဲ့ ဥက္ကဋ္ဌ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့သူ ဗစ်တာဖောင့်က ဟာလန်းကို ခေါ်ယူဖို့ အခွင့်အရေး ရှိတယ်လို့ ပြောဆိုခဲ့ဖူးပေမယ့်၊ ဟာလန်းရဲ့ အေးဂျင့်ဖြစ်သူ ရာဖယ်လာ ပီမင်တာ ကတော့ သူ့ရဲ့ ကစားသမားဟာ မန်ချက်စတာမှာ ပျော်ရွှင်နေကြောင်း အမြဲတစေ တုံ့ပြန်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် ဘက်မှာလည်း ဖလော်ရန်တီနို ပီရက်ဇ် အနေနဲ့ ဟာလန်းကို ခေါ်ယူဖို့ ပြင်းပြင်းထန်ထန် ကြိုးပမ်းနေတဲ့ အခြေအနေမျိုး မတွေ့ရသေးပါဘူး။
ပရီးမီးယားလိဂ်ကို သတိပေးလိုက်တဲ့ ဟာလန်း
အသက် ၂၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဟာလန်းက မန်စီးတီးဟာ နောင်နှစ်တွေမှာ အခုထက် ပိုမိုတောင့်တင်းလာမယ်လို့ ယုံကြည်နေပါတယ်။ မန်စီးတီးမှာ လွန်ခဲ့တဲ့ တစ်နှစ်အတွင်းမှာ အပြောင်းအလဲတွေ အများကြီး ရှိခဲ့ပါတယ်။ ကစားသမားသစ်တွေ အနေနဲ့ လိဂ်အသစ်၊ နိုင်ငံ အသစ်မှာ အသားကျဖို့ အချိန်ယူရလေ့ ရှိပေမယ့် အခုတော့ အားလုံး အဆင်ပြေနေပြီလို့ သူက ဆိုပါတယ်။
မန်စီးတီးဟာ လာမယ့် နွေရာသီမှာ ရိုဒရီနဲ့ ဘာနာဒို ဆေးလ်ဗားတို့ ထွက်ခွာသွားနိုင်ခြေ ရှိတာကြောင့် ကွင်းလယ်ပိုင်းကို အင်အားဖြည့်ဖို့ ပြင်ဆင်နေပါတယ်။ နော့တင်ဟမ်ဖောရက်စ်ရဲ့ အဲလီယော့တ် အန်ဒါဆန်နဲ့ ချဲလ်ဆီးရဲ့ အန်ဇို ဖာနန်ဒက်ဇ် တို့ဟာ မန်စီးတီးရဲ့ ပစ်မှတ်တွေ ဖြစ်နေပါတယ်။ ဟာလန်း ကတော့ “ဒါဟာ စိတ်လှုပ်ရှားစရာ အချိန်တွေဖြစ်ပြီး ဒီခရီးစဉ်မှာ ပါဝင်ခွင့်ရဖို့ ကျွန်တော် မျှော်လင့်နေပါတယ်” လို့ ပြောကြားရင်း တခြား အသင်းတွေဆီ ပြောင်းရွှေ့မှာ မဟုတ်ကြောင်း မန်စီးတီး ပရိသတ်တွေကို အာမခံချက် ပေးလိုက်တာပဲ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


