ဝက်စ်ဟမ်း အသင်း ကတော့ ပရီးမီးယားလိဂ်မှာ ဆက်လက် ရှင်သန်နိုင်ဖို့ ကြိုးပမ်းနေရဆဲ ဖြစ်ပါတယ်။ ဒါကြောင့် အသင်းခေါင်းဆောင် ဂျာရော့တ် ဘိုဝင် ကတော့ တန်းမဆင်းရအောင် ရုန်းကန်နိုင်ခြင်းဟာ အသင်းနဲ့ အတူ သူရရှိခဲ့တဲ့ အကြီးမားဆုံး အောင်မြင်မှု ဖြစ်လာလိမ့်မယ်လို့ ခံစားနေရပါတယ်။
လက်ရှိမှာ နူနို အက်စပီရီတို ဆန်တိုရဲ့ ဝက်စ်ဟမ်း အသင်းဟာ ရာသီကုန်ဖို့ ၄ ပွဲ အလိုမှာ တန်းဆင်းဇုန်ထဲက မြို့ခံ ပြိုင်ဘက် စပါး အသင်းထက် ၂ မှတ် အသာနဲ့ အဆင့် ၁၇ နေရာမှာ ရပ်တည်နေပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က လန်ဒန်ကွင်းမှာ ကစားခဲ့တဲ့ အဲဗာတန်နဲ့ ပွဲမှာ ကော်လမ် ဝီလ်ဆင်ရဲ့ နာကျင် အချိန်ပို နောက်ကျဂိုးကြောင့် ၂-၁ နဲ့ အနိုင်ရရှိခဲ့တာဟာ ဝက်စ်ဟမ်း အတွက် အသက်ရှူချောင်စေခဲ့တဲ့ နိုင်ပွဲ တစ်ခု ဖြစ်ခဲ့ပါတယ်။
စပါးဟာ ဝုဗ်ကို အနိုင်ရပြီး ၂၀၂၆ ခုနှစ်ရဲ့ ပထမဆုံး နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့ပေမယ့် ဝက်စ်ဟမ်းရဲ့ နိုင်ပွဲကြောင့် တန်းဆင်းဇုန်ထဲမှာပဲ ဆက်ရှိနေခဲ့ရပါတယ်။ Opta စူပါကွန်ပျူတာရဲ့ တွက်ချက်မှု အရ စပါးဟာ လာမယ့်ရာသီ ချန်ပီယံရှစ်မှာ ကစားရဖို့ ၅၉ ရာခိုင်နှုန်း အထိ အခွင့်အရေး ရှိနေဆဲ ဖြစ်ပါတယ်။

ဘိုဝင်က The Athletic နဲ့ အင်တာဗျူးမှာ အခုလို ပြောကြားခဲ့ပါတယ်။ “ဒီရာသီရဲ့ အခြေအနေတွေရယ်၊ အသင်းခေါင်းဆောင် တစ်ယောက် အနေနဲ့ ခံစားရတဲ့ ဖိအားတွေရယ်ကြောင့် တန်းမဆင်းရအောင် လုပ်နိုင်ခြင်းက ပိုပြီး ထူးခြားတဲ့ အောင်မြင်မှု ဖြစ်လာမယ်လို့ ကျွန်တော် ထင်ပါတယ်။ အသင်းခေါင်းဆောင် ဖြစ်ရတာ ဂုဏ်ယူစရာပေမယ့် အသင်းရဲ့ အခြေအနေက အားလုံးရဲ့ မျှော်လင့်ချက်တွေ ကျွန်တော့် အပေါ် ပုံကျနေတာပါ။ ဒါဟာလည်း ဖြစ်သင့်ပါတယ်။ ကျွန်တော် ဒီအသင်းမှာ နေလာတာ ကြာပြီ ဖြစ်လို့ လူတွေက ကျွန်တော့် ဆီက အဖြေ တစ်ခုခုကို မျှော်လင့်နေကြပါတယ်။”
ဆက်လက်ပြီး ဘိုဝင်က “ကျွန်တော် ပွဲတိုင်းမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ဖို့ ကြိုးစားနေပါတယ်။ အပတ်တိုင်း ဖြစ်မလာရင်တောင် ဒီအသင်းနဲ့ အသင်းဖော်တွေကို ကျွန်တော် ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ပါဘူး။ ကျွန်တော့် ဆီက ဂိုးတွေ၊ ဖန်တီးမှုတွေ မလာနိုင်တဲ့ အချိန် မှာတောင် အသင်းဖော်တွေက အရေးပါတဲ့ အခိုက်အတန့်တွေမှာ တာဝန်ယူပေးနိုင်ခဲ့ကြပါတယ်။” လို့ ဆိုပါတယ်။
ဂျာရော့တ် ဘိုဝင်ဟာ ဒီရာသီ ပရီးမီးယားလိဂ် ၃၄ ပွဲတွင် ၈ ဂိုး သွင်း၊ ၁၀ ဂိုး ဖန်တီးထားပြီး ဝက်စ်ဟမ်း အသင်းမှာ ဂိုးပါဝင်ပတ်သက်မှု အများဆုံး ကစားသမား ဖြစ်နေပါတယ်။ ဝက်စ်ဟမ်းက လက်ကျန် ပွဲစဉ်တွေ အဖြစ် ဘရန့်ဖို့ဒ် (အဝေး)၊ အာဆင်နယ် (အိမ်)၊ နယူးကာဆယ် (အဝေး) နဲ့ လိဒ်စ်ယူနိုက်တက် (အိမ်) တို့ ဖြစ်ပါတယ်။
ဒါကြောင့် တန်းဆင်းဇုန် တိုက်ပွဲမှာ ဝက်စ်ဟမ်း အသင်း အနေနဲ့ ဒီလက်ကျန် ပွဲတွေ ကနေ ရမှတ်တွေ ထပ်မံ စုဆောင်းပြီး ပရီးမီးယားလိဂ်မှာ ဆက်ရှိနိုင်ဖို့ အစွမ်းကုန် ကြိုးစားရဦးမှာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်း အတွက် လက်ကျန် ပွဲစဉ် အားလုံးဟာ တစ်ပွဲမှ ပွဲချောင်နေခြင်း မရှိတာကြောင့် ပရီးမီးယားလိဂ် ကနေ တန်းဆင်းရနိုင်ခြေ ကတော့ မြင့်မားနေဆဲ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


