နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ပရီးမီးယားလိဂ် ကနေ တန်းမဆင်းရဖို့ ရမှတ် ၄၀ က အမှန်တကယ်ပဲ လုံလောက်ရဲ့လား?

ဒီတစ်ပတ် ပရီးမီးယားလိဂ် မှာတော့ တော့တင်ဟမ်ဟော့စပါး၊ ဝက်စ်ဟမ်းနဲ့ နော့တင်ဟမ်ဖောရက်စ်တို့ အသီးသီး အနိုင်ရရှိခဲ့ကြတာကြောင့် တန်းဆင်းဇုန် တိုက်ပွဲဟာ တော်တော်လေး အရှိန်အဟုန် ပြင်းထန်လာနေပါတယ်။ လက်ရှိ အခြေအနေတွေ အရ ရမှတ် ၄၀ ရထားရင်တောင် ပရီးမီးယားလိဂ် ကနေ တန်းဆင်းသွားရနိုင်တဲ့ အလားအလာတွေ ရှိနေပါတယ်။

ဘောလုံးလောကမှာ “၂-၀ ဆိုတာ အန္တရာယ်အရှိဆုံး အသာစီးရမှုပဲ” တို့၊ “ဒုတိယပိုင်း မစခင် ဂိုးပေးလိုက်ရတာဟာ အဆိုးဆုံး အချိန်ပဲ” တို့လို အချက်အလက်အရ မမှန်ကန်တဲ့ ဆိုရိုးစကားတွေ အများကြီး ရှိပါတယ်။ အဲဒီအထဲမှာ “တန်းမဆင်း ရဖို့ ရမှတ် ၄၀ လိုတယ်” ဆိုတဲ့ အချက်ဟာလည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။

သမိုင်းကြောင်းအရ ကြည့်မယ်ဆိုရင် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ရမှတ် ၄၀ ရဖို့ လိုအပ်ခဲ့တဲ့ ရာသီ ဆိုတာ အရမ်းကို ရှားပါးပါတယ်။ ပြီးခဲ့တဲ့ ၂၁ ရာသီ အတွင်းမှာ အဆင့် ၁၈ (တန်းဆင်းဇုန်) က အသင်းဟာ ရမှတ် ၃၉ မှတ် အထိ ရခဲ့တာ ၂၀၁၀-၁၁ ရာသီက ဘာမင်ဂမ် တစ်သင်းပဲ ရှိပါတယ်။ ဆိုလိုတာက အဲဒီတစ်ကြိမ်ပဲ ရမှတ် ၄၀ ရမှ တန်းဆင်းဇုန်က လွတ်ခဲ့တာပါ။

အချက်အလက်တွေအရ အဆင့် ၁၈ နေရာက အသင်းတွေရဲ့ ပျမ်းမျှ ရမှတ်ဟာ ၃၃.၅ မှတ် သာ ရှိတတ်ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်က တန်းဆင်းသွားတဲ့ ဖူလ်ဟမ် (၂၈ မှတ်)၊ လူတန် (၂၆ မှတ်) နဲ့ ပြီးခဲ့တဲ့ ရာသီက လက်စတာ (၂၅ မှတ်) တို့ရဲ့ မှတ်တမ်းတွေ အရ ရမှတ် ၄၀ ဆိုတာ လုံလောက်တာထက်တောင် ပိုနေခဲ့ပါတယ်။

 

ဒီရာသီမှာ ဘာတွေ ထူးခြားနေလဲ

ဒီရာသီ မှာတော့ ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲက အသင်းတွေဟာ ခြေစွမ်းပြနေကြတာကြောင့် အခြေအနေက ပြောင်းပြန်ဖြစ်နေပါတယ်။
ဝုဗ်ကို အနိုင်ရပြီး တန်းမဆင်းရဖို့ မျှော်လင့်ချက် ရှင်သန်နေတဲ့ တော့တင်ဟမ်ဟော့စပါး

ဒီရာသီ မှာတော့ ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲက အသင်းတွေဟာ ခြေစွမ်းပြနေကြတာကြောင့် အခြေအနေက ပြောင်းပြန်ဖြစ်နေပါတယ်။ လိဒ်စ်ယူနိုက်တက်က ၅ ပွဲဆက် ရှုံးပွဲမရှိဘဲ ရမှတ် ၄၀ ပြည့်သွားပါပြီ။ နော့တင်ဟမ်ဖောရက်စ် ကတော့ ၆ ပွဲဆက် ရှုံးပွဲမရှိဘဲ ၃၉ မှတ် ရထားပြီး တန်းမဆင်းရဖို့ နောက်ထပ် ၁ မှတ်ပဲ လိုပါတော့တယ်။ ဝက်စ်ဟမ်းဟာ နောက်ဆုံး ၁၃ ပွဲမှာ ၆ ပွဲနိုင်ထားပြီး ၃၆ မှတ်နဲ့ အဆင့် ၁၇ မှာ ရှိနေပါတယ်။ သူတို့ဟာ ရမှတ် ၄၀ ပြည့်ဖို့ နောက်ထပ် တစ်ပွဲနိုင်၊ တစ်ပွဲ သရေ ရဖို့ပဲ လိုပါတယ်။ တော့တင်ဟမ်ဟော့စပါးဟာ ဒီနှစ်ထဲမှာ ခြေစွမ်းတွေ တောက်လျှောက် ကျဆင်းခဲ့ပြီး အခုဆိုရင် အဆင့် ၁၈ (တန်းဆင်းဇုန်) ထဲ ရောက်နေပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ တပတ်က ဝုဗ်ကို ၁-၀ နဲ့ နိုင်ခဲ့လို့ မျှော်လင့်ချက် ပြန်ရှင်လာပြီး လက်ရှိ ၃၄ မှတ် ရထားပါတယ်။

 

စပါးရဲ့ အခြေအနေ

Opta စူပါကွန်ပျူတာရဲ့ တွက်ချက်မှုအရ စပါးဟာ တန်းဆင်းဖို့ ၅၉ ရာခိုင်နှုန်းနဲ့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ စပါးဟာ လက်ကျန် ၄ ပွဲမှာ အက်စတွန်ဗီလာ၊ ချဲလ်ဆီး၊ အဲဗာတန်၊ လိဒ်စ် တို့နဲ့ ကစားရမှာပါ။ အကယ်၍ စပါး အသင်းက လက်ကျန်ပွဲတွေထဲက ၂ ပွဲ နိုင်လို့ ရမှတ် ၄၀ ပြည့်သွားခဲ့ရင်တောင်၊ အပေါ်က ဝက်စ်ဟမ်းနဲ့ ဖောရက်စ်တို့ ကလည်း ရမှတ်တွေ ထပ်ရနေဦးမယ် ဆိုရင် ရမှတ် ၄၀ နဲ့ တန်းဆင်းရတဲ့ ပထမဆုံး အသင်း ဖြစ်လာနိုင်ပါတယ်။

နိဂုံးချုပ်အားဖြင့် ဆိုရရင်တော့ ၂၀၀၀ ပြည့်နှစ် အစောပိုင်း ကာလတွေ နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ရမှတ် ၄၀ ရထားရင်တောင် တန်းမဆင်းရဖို့ မသေချာတဲ့ အနေအထားမျိုး ရောက်နေပါတယ်။ အထူးသဖြင့် စပါးနဲ့ ဝက်စ်ဟမ်း တို့ဟာ လက်ကျန်ပွဲတွေမှာ အနိုင်ရလဒ်တွေ ဆက်တိုက် ယူနိုင်မယ် ဆိုရင် အဆင့် ၁၈ နေရာက အသင်းဟာ သမိုင်းတစ်လျှောက် ရမှတ် အများဆုံးနဲ့ တန်းဆင်းရတဲ့ အသင်း ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ဒီရာသီ မှာတော့ “ Magic 40-point” ဆိုတဲ့ ဆိုရိုးစကားဟာ အလုပ်မဖြစ်တော့ဘဲ ရမှတ် ၄၀ ကျော်မှသာ စိတ်ချရမယ့် အနေအထား ဖြစ်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်