အက်တလက်တီကိုမက်ဒရစ် – အာဆင်နယ်
ချန်ပီယံလိဂ် ဖလားကို တစ်ကြိမ်တစ်ခါမျှ ဆွတ်ခူးဖူးခြင်း မရှိသေးတဲ့ ဥရောပ ထိပ်တန်း ကလပ် နှစ်ခုရဲ့ အားပြိုင်မှုကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ နှစ်သင်းစလုံးက သူတို့ အသင်းရဲ့ သမိုင်းတလျှောက် ပထမဦးဆုံး အကြိမ် ချန်ပီယံလိဂ် အောင်မြင်မှု အတွက် အားစိုက်လာကြမှာ ဖြစ်ပေမယ့် လက်ရှိ ခြေစွမ်းအရတော့ အားရစရာ ခြေစွမ်းမျိုးနဲ့ မြင်တွေ့ရဖို့တော့ မလွယ်ပါဘူး။
အက်တလက်တီကို မက်ဒရစ်
အက်တလက်တီကို ကတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ စပိန် ပြိုင်ဘက် ဘာစီလိုနာကို နှစ်ကျော့ပေါင်းရလဒ် ၃-၂ နဲ့ ကျော်ဖြတ်လာခဲ့တာပါ။ သူတို့ အတွက် ၂၀၁၆-၁၇ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် (၇) ကြိမ်မြောက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်လှမ်းလာခြင်းဖြစ်သည်။ နည်းပြ ဒီယေဂို ဆီမြွန်နီရဲ့ လက်အောက်မှာ ခံစစ် အသားပေး ကစားတတ်တဲ့ အသင်း အဖြစ် လူသိများပေမယ့်လည်း ဒီရာသီ မှာတော့ အက်တလက်တီကိုရဲ့ တိုက်စစ်က သိသိသာသာ ပြောင်းလဲလာခဲ့ပါတယ်။ သူတို့ဟာ ဒီနှစ် ချန်ပီယံလိဂ်မှာ ၃၄ ဂိုးအထိ သွင်းယူထားနိုင်ပြီး ၂၀၁၃-၁၄ ရာသီက သွင်းယူခဲ့သည့် ၂၆ ဂိုး စံချိန်ဟောင်းကို ကျော်ဖြတ်ကာ ကလပ် သမိုင်းတစ်လျှောက် ဥရောပ ပြိုင်ပွဲမှာ ဂိုးအများဆုံး ရာသီ အဖြစ် မှတ်တမ်းတင်ထားပါတယ်။
အထူးသဖြင့် ၁၆ သင်း အဆင့်မှာ အာဆင်နယ်ရဲ့ မြို့ခံပြိုင်ဘက် စပါးကို နှစ်ကျော့ပေါင်း ၈-၅ နဲ့ အနိုင်ရစဉ်က ၈ ဂိုးအထိ သွင်းယူနိုင်ခဲ့ခြင်းက သူတို့ရဲ့ တိုက်စစ်စွမ်းရည်ကို သက်သေပြနေတာ ဖြစ်ပါတယ်။ အက်တလက်တီကိုဟာ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၂ ပွဲဆက်တိုက် ဂိုးသွင်းယူထားနိုင်ပြီး၊ ပြီးခဲ့တဲ့ စနေနေ့က ဘီလ်ဘာအိုကို ၃-၂ နဲ့ အနိုင်ရကာ လာလီဂါမှာ ၄ ပွဲဆက် ရှုံးနိမ့်မှုကို အဆုံးသတ်ရင်း အဆင့် (၄) နေရာကို အခိုင်အမာ ရယူထားနိုင်ပါတယ်။
အာဆင်နယ်
အာဆင်နယ် ကတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ စပို့တင်းလစ္စဘွန်းကို နှစ်ကျော့ပေါင်း ၁-၀နဲ့ အနိုင်ယူ ကျော်ဖြတ်ခဲ့ပါတယ်။ ဒါဟာ ဂန်းနားတွေ အတွက် ကလပ်အသင်း သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် အဖြစ် နှစ်ရာသီ ဆက်တိုက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ နည်းပြ မီခဲလ် အာတေးတားရဲ့ အသင်းက အသင်းပေါင်း ၃၆ သင်း ပါဝင်တဲ့ အုပ်စု အဆင့်မှာ ၈ ပွဲ ကစား၊ ၈ ပွဲလုံး အနိုင်ရကာ ရမှတ် အပြည့် ရရှိခဲ့ပြီး ဒီရာသီ ချန်ပီယံလိဂ်မှာ ရှုံးပွဲ မရှိသေးတဲ့ တစ်သင်းတည်းသော အသင်းလည်း ဖြစ်နေပါတယ်။ သူတို့ဟာ ဥရောပပြိုင်ပွဲ နောက်ဆုံး ၂၂ ပွဲ မှာလည်း ၂ ပွဲသာ ရှုံးနိမ့်ထားပါတယ်။ အာဆင်နယ်က ပြည်တွင်းလိဂ်မှာ ရလဒ်အနည်းငယ် ယိမ်းယိုင်နေပြီး ခရာဘောင်ဖလား ဗိုလ်လုပွဲ ရှုံးနိမ့်မှုနဲ့ အက်ဖ်အေဖလား ကနေ ထွက်ခွာခဲ့ရတဲ့ ၄ ပွဲဆက် ရှုံးပွဲ ကာလကို ဖြတ်သန်းခဲ့ရပေမယ့်လည်း၊ စနေနေ့က နယူးကာဆယ်ကို ၁-၀ နဲ့ အနိုင်ရကာ ယုံကြည်မှု ပြန်လည် ရရှိထားပါလိမ့်မယ်။

အာဆင်နယ် အတွက် ၂၂ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ် ဖလားက အဓိက ဦးစားပေးဖြစ်ပေမယ့်လည်း ပထမဆုံးသော ချန်ပီယံလိဂ် ဖလား ကိုလည်း အပြင်းအထန် လိုချင်နေတာ ငြင်းလို့ မရပါဘူး။ အာဆင်နယ်က ချန်ပီယံလိဂ်မှာ စပိန် ကလပ်တွေနဲ့ နောက်ဆုံး ၇ ကြိမ် တွေ့ဆုံရာတွင် ၇ ကြိမ်စလုံး အနိုင်ရထားတဲ့ မှတ်တမ်းကောင်း ရှိသကဲ့သို့၊ ဥရောပ အဝေးကွင်း ပွဲစဉ် နောက်ဆုံး ၁၁ ပွဲ မှာလည်း ၁ ပွဲသာ ရှုံးနိမ့်ထားပါတယ်။
ထိပ်တိုက်တွေ့ဆုံမှု
တီကိုက အာဆင်နယ်ကို ဒီရာသီ အုပ်စု အဆင့် အမ်းမရိတ်ကွင်းမှာ ၄-၀ ဖြင့် အပြတ်အသတ် ရှုံးနိမ့်ထားဖူးပါတယ်။ ဖြစ်သည်။ ဒါ့အပြင် ဥရောပ ပြိုင်ပွဲတွေမှာ အင်္ဂလန် ကလပ်တွေနဲ့ နောက်ဆုံး ၁၂ ကြိမ် တွေ့ဆုံရာမှာ ၂ ပွဲသာ အနိုင်ရထားသည့် မှတ်တမ်းက စိုးရိမ်စရာပါ။ ဒါပေမယ့်လည်း အားတက်စရာ အချက်က အက်တလက်တီကိုက အင်္ဂလန် ကလပ်တွေနဲ့ နှစ်ကျော့ ကစားရတဲ့ ဥရောပပွဲ ၁၅ ပွဲမှာ ၁၁ ပွဲအထိ နောက်တစ်ဆင့် တက်နိုင်ခဲ့ပြီး၊ ဆီမီးဖိုင်နယ် ၃ ကြိမ်စလုံး မှာလည်း အင်္ဂလန် အသင်းတွေကို ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် မက်ဒရစ်မြေမှာ အင်္ဂလန် ကလပ်တွေနဲ့ နောက်ဆုံး တွေ့ဆုံမှု ၁၈ ကြိမ်တွင် ၂ ကြိမ်သာ ရှုံးနိမ့်ထားတဲ့ မှတ်တမ်းကောင်းလည်း ရှိနေပါတယ်။ ဒါ့အပြင် ၂၀၁၇-၁၈ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် မှာတော့ အာဆင်နယ်က အက်သလက်တီကိုကို နှစ်ကျော့ပေါင်း ရလဒ် ၂-၁ နဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရဖူးပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲ ကိုတော့ အက်တလက်တီကိုမက်ဒရစ် ဘက်မှာ ဟိုဆေး ဂျင်မီနက်ဇ်၊ ပါဘလို ဘာရီယို့စ်တို့ လွဲချော်မှာ ဖြစ်ပါတယ်။ အာဆင်နယ် ဘက်မှာတော့ တင်ဘာ၊ မီခဲလ် မာရင်နိုနဲ့ ကိုင်ဟာဗက်ဇ် တို့ လွဲချော်ဖို့ ရှိနေပြီး ကာလာဖီအိုရီလည်း ပါဝင်လာဖို့ မသေချာသေးပါဘူး။
ဖြစ်နိုင်ဖွယ် လူစာရင်း
အက်တလက်တီကိုမက်ဒရစ် – အိုဘလက်ခ်၊ မိုလီနာ၊ လီနော်မန်၊ လန်းဂ်လတ်၊ ရူဂါရီ၊ ဆီမြွန်နီ၊ ကိုကီ၊ ကာဒိုဆို၊ ဂွန်ဇာလက်ဇ်၊ ဂရစ်ဇ်မန်း၊ အဲလ်ဗာရက်ဇ်
အာဆင်နယ် – ရာယာ၊ ဝှိုက်၊ ဆလီဘာ၊ ဂါဘရီရယ်၊ ဟင်ကပ်ပီယေ၊ အိုဒီဂတ်၊ ဇူဘီမန်ဒီ၊ ရိုက်စ်၊ ဆာကာ၊ ယောကရက်စ်၊ မာတင်နယ်လီ
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ အက်တလက်တီကိုမက်ဒရစ် နိုင်ရင် ၂.၇၅ ဆ၊ အာဆင်နယ် နိုင်ရင် ၂.၄၃ ဆ၊ သရေ ဆိုရင်တော့ ၃.၀၆ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ ဒဲ့ကြေးပဲ ဖွင့်ထားတာ တွေ့ရပါတယ်။ နောက်ဆုံး အဆင့် အရေးကြီး ပွဲစဉ်တွေ ဆိုရင် ပထမအကျော့ ပွဲစဉ်တွေက များသော အားဖြင့် တစ်ဖက်နဲ့ တစ်ဖက် အခြေအနေကြည့်ကာ အမှားမခံဘဲ ကစားလေ့ ရှိကြတာကြောင့် ဒီပွဲ ကလည်း ဂိုးနည်းတဲ့ ပွဲမျိုးသာ ဖြစ်လာနိုင်ခြေ ရှိနေပါတယ်။ အုပ်စု အဆင့်တုန်းက အာဆင်နယ်တို့ ဂိုးပြတ် အနိုင်ရထားပေမယ့် ဒီတစ်ကြိမ်တော့ တီကို, ကို မက်ထရိုပိုလီတာနိုမှာ အလွယ်တကူ အသာရဖို့ မဖြစ်နိုင်ပါဘူး။ ဂိုးအနည်းနဲ့ သရေပွဲ ကိုပဲ မျှော်လင့်ထားသင့်ပါတယ်။
ခန့်မှန်းရလဒ်
အက်တလက်တီကိုမက်ဒရစ် ၁-၁ အာဆင်နယ်
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


