ဒီကနေ့ ညမှာတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ အဖြစ် ရီးရဲလ်မက်ဒရစ်က ဘေယန်မြူးနစ်ကို အလိုင်းရန့်ဇ်အရီနာမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီပွဲရလဒ်က ရီးရဲလ်မက်ဒရစ် အတွက် တော်တော်လေး ရှင်းလင်းနေတယ်လို့ ဆိုရမှာ ဖြစ်ပြီး သေချာတာက မနိုင်ရင် ဖလား လက်မဲ့ ရာသီ အဖြစ် ထပ်မံ ကုန်ဆုံးရတော့မှာ ဖြစ်ပါတယ်။
ရီးရဲလ်က လာလီဂါ မှာလည်း ဘာစီလိုနာနဲ့ ၉ မှတ် ကွာဟနေပါတယ်။ ဒါကြောင့် ၂၀၂၁ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ် ဆုဖလား လက်မဲ့ ရာသီ ဖြစ်မသွားစေဖို့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ ဘေယန်ကို ကျော်ဖြတ်နိုင်ဖို့သာ မျှော်လင့်ချက် ရှိပါတော့တယ်။ ဒါပေမယ့် ဘေယန်ဟာ လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံး အသင်း အဖြစ် သတ်မှတ်လို့ ရနိုင်ပြီး ဗင်းန်ဆင့် ကွန်ပနီရဲ့ အသင်းက ဥရောပ အိမ်ကွင်း ပွဲစဉ်တွေမှာ ရှုံးပွဲ မရှိသေးသလို ဘွန်ဒက်စ်လီဂါ မှာလည်း ၁၂ မှတ် အသာနဲ့ စံချိန်များစွာ ချိုးဖျက်နေပါတယ်။
၁။ ဘယ်နောက်ခံလူနေရာကို အပြောင်းအလဲလုပ်ရန်
ဘာနေဗျူးက ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ခြေစွမ်းမပြနိုင်ခဲ့သူတွေထဲမှာ အဲလ်ဗာရို ကာရီးရက်စ်က အဆိုးဆုံး ဖြစ်ခဲ့ပါတယ်။ သူဟာ မိုက်ကယ် အိုလီဆေးရဲ့ အမြန်နှုန်းနဲ့ လှည့်ကွက်တွေ အောက်မှာ မရှုမလှ ရုန်းကန်နေခဲ့ရပါတယ်။ နည်းပြ အနေနဲ့ လာမယ့် ပွဲမှာ ဖာရန်း ဂါစီယာ သို့မဟုတ် ဖာလန်း မန်ဒီကို အသုံးပြုသင့်ပါတယ်။ အထူးသဖြင့် မန်ဒီဟာ ကြံ့ခိုင်မှု ပြည့်ဝရင် မက်ဒရစ်ရဲ့ အကောင်းဆုံး ခံစစ် ကစားသမား ဖြစ်ပြီး အိုလီဆေးကို ထိန်းချုပ်ဖို့ အတွက် ပြင်သစ်သားကို အသုံးပြုခြင်းက အဓိကသော့ချက် ဖြစ်လာနိုင်ပါတယ်။
၂။ ကစားအား ပိုမိုမြှင့်တင်ရန်

ပထမအကျော့မှာ ဘေယန် ကစားသမားတွေဟာ စုစုပေါင်း ၁၁၀.၉ ကီလိုမီတာ အကွာအဝေး အထိ ပြေးလွှားကစားခဲ့ပေမယ့်လည်း ရီးရဲလ်မက်ဒရစ် ကတော့ ၁၀၁.၉ ကီလိုမီတာသာ ရှိခဲ့သည်။ MARCA သတင်းစာရဲ့ ဖော်ပြချက်အရ မက်ဒရစ်ဟာ မန်စီးတီးကို နိုင်ခဲ့စဉ်က ၁၁၃ ကီလိုမီတာ အထိ ပြေးလွှားနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဝေးကွင်းမှာ တိုက်စစ်ဖွင့် ကစားရမယ့် အခြေအနေမှာ မက်ဒရစ် ကစားသမားတွေ အနေနဲ့ လုပ်အားနှုန်းကို အစွမ်းကုန် မြှင့်တင်ဖို့ လိုအပ်နေပါတယ်။
၃။ တိုက်စစ်ပိုင်း ထိရောက်မှုရှိရန်
နောက်ဆုံး ၃ ပွဲမှာ မက်ဒရစ်က ကန်ချက် ၅၇ ကြိမ် အထိ ရှိခဲ့ပေမယ့်လည်း ၃ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဘေယန် ကတော့ ဒီရာသီ အိမ်ကွင်း ပွဲစဉ်တိုင်းမှာ ဂိုးသွင်းထားနိုင်တာကြောင့် အာဘီလိုအာရဲ့ အသင်း အနေနဲ့ အခွင့်အရေးတွေကို အမိအရ အသုံးချနိုင်မှသာ နောက်တစ်ဆင့် တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် အမ်ဘာပေး၊ ဗင်နီးစီးယပ်စ်နဲ့ ဘယ်လင်ဟမ် တို့ဟာ အခွင့်အရေး တစ်ခုချင်းစီကို အလဟဿ မဖြစ်စေဖို့ ဂရုစိုက်ရမှာ ဖြစ်ပါတယ်။
၄။ အူပါမီကာနိုကို ပစ်မှတ်ထား တိုက်စစ်ဆင်ရန်
ဘေယန် ခံစစ်ဟာ အင်အား တောင့်တင်းပေမယ့်လည်း အားနည်းချက် မရှိတာတော့ မဟုတ်ပါဘူး။ သူတို့ဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ ဘယ်လ်ဂျီယံ ကလပ်တွေနဲ့ ကစားစဉ်ကသာ ပေးဂိုး မရှိခဲ့တာ ဖြစ်ပါတယ်။ မက်ဒရစ် အနေနဲ့ ဘေယန် နောက်ခံလူ အူပါမီကာနိုကို ပစ်မှတ်ထား တိုက်စစ်ဆင်သင့်ပါတယ်။ အူပါမီကာနိုဟာ ခြေစွမ်း တိုးတက်လာပေမယ့်လည်း ရံဖန်ရံခါ အမှားအယွင်းတွေ ပြုလုပ်တတ်သူ ဖြစ်ပါတယ်။ ပထမအကျော့ မှာလည်း သူ့ရဲ့ အမှားကြောင့် ဗီနီစီးယက်စ် ဂိုးသွင်းခွင့် ရခဲ့ဖူးပါတယ်။ သူ့ကို ဖိအားပေးနိုင်ရင်တော့ မက်ဒရစ် အတွက် အခွင့်အရေးကောင်းတွေ ရရှိနိုင်မှာပါ။
၅။ အသင်းရဲ့ အစဉ်အလာ စိတ်ဓာတ်ကို အသုံးချရန်
ပထမအကျော့ ပထမပိုင်း မိနစ် ၆၀ ခန့်မှာ မက်ဒရစ်ဟာ နိုင်လိုစိတ် ပျောက်ဆုံးနေသလို ကစားခဲ့ပါတယ်။ ဂျူ့ဒ် ဘယ်လင်ဟမ် ဝင်လာပြီး နောက်ပိုင်း မှသာ အားတက်လာကာ အမ်ဘာပေးက ချေပဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ မက်ဒရစ်ဟာ ဥရောပ ပြိုင်ပွဲကြီးတွေမှာ မဖြစ်နိုင်တဲ့ အခြေအနေတွေ ကနေ ပြန်လာနိုင်တဲ့ အစဉ်အလာ ရှိပါတယ်။ ၂၀၁၆ ခုနှစ် ဝုဖ်ဘတ်နဲ့ ပွဲ သို့မဟုတ် လွန်ခဲ့တဲ့ ၂ နှစ်က ဟိုဆေးလူးရဲ့ အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်တွေလိုမျိုး အစဉ်အလာ စိတ်ဓာတ်ကို အသုံးချပြီး ခေါင်းဆောင်မှု အပိုင်းကို ပြန်လည် မြှင့်တင်ဖို့ လိုအပ်နေပါပြီ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


