နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

“ကျွန်တော့်ရဲ့ ဘောလုံးစွမ်းရည်ကို ပြသချင်နေတာ ကြပါပြီ” – အူစမန်နီ ဒမ်ဘီလီ | ချန်ပီယံလိဂ်

လစ်ဗာပူးလ်ကို အနိုင်ယူပြီးနောက် ပီအက်စ်ဂျီ ကတော့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ဆီ တစ်ကျော့ပြန် တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒီပွဲမှာ အူစမန်နီ ဒမ်ဘီလီ ကလည်း အသင်း အတွက် အဓိက အဆုံးအဖြတ်ပေးနိုင်သူ ဖြစ်ခဲ့ပြီး ပီအက်စ်ဂျီကို ဆီမီးဖိုင်နယ်ဆီ ပို့ဆောင်ပေးနိုင်ခဲ့ရာမှာ သူ့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ထုတ်ပြနိုင်ခဲ့တယ်လို့ ယုံကြည်နေပါတယ်။

အန်ဖီးလ်မှာ ကစားခဲ့တဲ့ ဒုတိယအကျော့ ပွဲစဉ်မှာ ဒမ်ဘီလီက ၂ ဂိုး သွင်းယူပေးခဲ့တာကြောင့် လူးဝစ် အန်နရီကေးရဲ့ အသင်းက စုစုပေါင်း ရလဒ် ၄-၀ နဲ့ အနိုင်ရကာ နောက်တစ်ဆင့်မှာ ဘေယန်မြူးနစ် သို့မဟုတ် ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဘယ်လွန်ဒေါဆုရှင် ဒမ်ဘီလီဟာ ချန်ပီယံလိဂ် အဝေးကွင်း ပွဲစဉ်တွေမှာ အင်္ဂလန် ကလပ်တွေနဲ့ ရင်ဆိုင်ရတဲ့ နောက်ဆုံး ၅ ပွဲမှာ ၅ ဂိုး (၄ ဂိုး သွင်း၊ ၁ ဂိုး ဖန်တီး) အထိ ပါဝင် ပတ်သက်ထားပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီက ချန်ပီယံလိဂ်မှာ လစ်ဗာပူးလ်ကို တစ်ပွဲတည်း ၂ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး ကလပ် ဖြစ်လာပါတယ်။

ဒမ်ဘီလီဟာ ဒီပွဲမှာ အသင်း အတွင်း ကန်ချက် အများဆုံး (၆ ကြိမ်)၊ ပြိုင်ဘက် ဂိုးဧရိယာ အတွင်း ဘောလုံး ထိတွေ့မှု အများဆုံး (၈ ကြိမ်) နှင့် အခွင့်အရေး ဖန်တီးမှု (၂ ကြိမ် – ခါဗရာစခီလီယာနဲ့ တူညီ) စတဲ့ မှတ်တမ်းတွေကို ပိုင်ဆိုင်ခဲ့ပြီး ဥရောပ ချန်ပီယံ ပီအက်စ်ဂျီကို နောက်ဆုံး ၇ ရာသီ အတွင်း ၅ ကြိမ်မြောက် ဆီမီးဖိုင်နယ်ဆီ တက်လှမ်းနိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။

ဒီရာသီမှာ ဒဏ်ရာ ပြဿနာ တချို့ ရှိခဲ့ပေမယ့်လည်း ဒမ်ဘီလီဟာ ပြိုင်ပွဲစုံမှာ ၁၆ ဂိုး သွင်း၊ ၈ ဂိုး ဖန်တီး (စုစုပေါင်း ၂၄ ဂိုး ပါဝင် ပတ်သက်မှု) ပြုလုပ်ထားနိုင်ကာ အခုပွဲမှာ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်း ဖြစ်ကြောင်း ပြင်သစ်သားက ဆိုပါတယ်။ “ချန်ပီယံလိဂ် ကွာတားဖိုင်နယ်လို ပွဲမျိုးမှာ၊ ဒီလို ကွင်းမျိုးမှာ ကစားရတာ ပထမအကျော့က နိုင်ထားပေမယ့် ခက်ခဲမယ် ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ချန်ပီယံလိဂ်မှာ လွယ်တဲ့ ပွဲဆိုတာ မရှိပါဘူး။ အဆုံးထိ သွားနိုင်ဖို့ ဆိုရင် ရုန်းကန်ရမှာပဲ။” လို့ ဒမ်ဘီလီက Canal+ ကို ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး သူက “ကျွန်တော်တို့ ပထမပိုင်းမှာ အခွင့်အရေးတွေ ရခဲ့ပြီး ပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ နည်းနည်း ပိုခက်ခဲသွားပေမယ့် နိုင်ပွဲ နှစ်ပွဲ စလုံး ရခဲ့တာက အရမ်းပဲ ကောင်းပါတယ်။ ကျွန်တော့်ရဲ့ ဘောလုံး အစွမ်းအစကို ပြသချင်နေတာ မနှစ်ကတည်းက ကြာပါပြီ။ ပွဲတိုင်းမှာ ဂိုးသွင်းတာ၊ ဖန်တီးတာ ဒါမှမဟုတ် ဂိုးသမားကို ဖိအားပေးတာမျိုးနဲ့ အသင်းကို ကူညီချင်ပါတယ်။ ရာသီကုန် အထိ အကောင်းဆုံး ပုံစံ ရှိနေဖို့ မျှော်လင့်ပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ပီအက်စ်ဂျီက ချန်ပီယံလိဂ်မှာ လစ်ဗာပူးလ်ကို တစ်ပွဲတည်း ၂ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး ကလပ် ဖြစ်လာပါတယ်။
လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ မျှော်လင့်ချက်တွေ အပြည့် ရှိလာတဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီဟာ ဒီပွဲမှာ အာနေး ဆလော့တ်ရဲ့ လစ်ဗာပူးလ်ကို တော်တော်လေး ခက်ခက်ခဲခဲ ကစားခဲ့ရပါတယ်။ လစ်ဗာပူးဟာ ပြီးခဲ့တဲ့ တပတ် ပါရီမှာ ကစားခဲ့တဲ့ ပုံစံထက် သိသိသာသာ တိုးတက်လာခဲ့ပြီး ကန်ချက် ၂၁ ကြိမ် အထိ ရရှိခဲ့ပါတယ်။ ဒါဟာ ၂၀၂၂ ခုနှစ် ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်စဉ်က (၂၄ ကြိမ်) နောက်ပိုင်း လစ်ဗာပူးလ် အသင်း ဂိုးမရဘဲ အများဆုံး ကန်သွင်းခဲ့တဲ့ မှတ်တမ်း ဖြစ်ပါတယ်။ ဒါ့အပြင် လစ်ဗာပူးလ်ဟာ ချန်ပီယံလိဂ် ရှုံးထွက် အဆင့်မှာ နှစ်ကျော့စလုံး ဂိုးမသွင်းနိုင်ဘဲ ထွက်ခွာခဲ့ရတာ တတိယမြောက် အကြိမ်လည်း ဖြစ်လာခဲ့ပါတယ်။

ပွဲအတွင်း လစ်ဗာပူးလ်တို့ အခွင့်အရေး များစွာ ရရှိခဲ့ရာပြီး မီလော့စ် ကာကက်ဇ်ရဲ့ ကန်ချက်ကို ဂိုးသမား ဆာဖိုနော့ဗ်က ပုတ်ထုတ်နိုင်ခဲ့ပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို ဗန်ဒိုက်ခ် ကန်သွင်းဖို့ ကြိုးပမ်းမှုကို နောက်ခံလူ မာကွင်ညော့စ်က ဂိုးစည်း ပေါ်ကနေ ဖျက်ထုတ်နိုင်ခဲ့ပါတယ်။

ဒီလို ကာကွယ်နိုင်ခဲ့တာနဲ့ ပတ်သတ်လို့ မာကွင်ညော့စ်က “နောက်ခံလူ တစ်ယောက် အတွက် ဂိုးပေါက် ကာကွယ်နိုင်တာက ဂိုးသွင်းရတာထက် ပိုကောင်းပါတယ်။ ဗန်ဒိုက်ခ် တက်လာတာကို မြင်လိုက်လို့ အလိုလို သိစိတ်နဲ့ပဲ ဘောလုံးရှေ့ကို လှဲချပြီး ကာကွယ်လိုက်တာပါ။ ဒါတွေက ပွဲရဲ့ ရလဒ်ကို ပြောင်းလဲစေတဲ့ အသေးစိတ်အချက်တွေပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး သူက “ကျွန်တော်တို့ ကောင်းကောင်း ခုခံနိုင်ခဲ့ပါတယ်။ လစ်ဗာပူးလ်က သူတို့ရဲ့ လက်နက်တွေ ဖြစ်တဲ့ ဘောလုံး အရှည်ပေးတာ၊ ထောင့်ကန်ဘောတွေနဲ့ လူကပ်ကစားတာတွေကို အသုံးပြုခဲ့ပေမယ့် ကျွန်တော်တို့ ကြံ့ကြံ့ခံနိုင်ခဲ့ပါတယ်။ ဒါဟာ အသင်းရဲ့ ရင့်ကျက်မှုကို ပြသနေတာပါ။” လို့ ဆိုခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်