ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ လာလီဂါ အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
ပီအက်စ်ဂျီဟာ လာလီဂါ ကလပ် ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီယောင်ကို ယူရို ၅၅ သန်း နဲ့ အရစ်ကျ ပေးချေမယ့် စနစ်နဲ့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် ဘာစီလိုနာ ဘက်ကတော့ ယူရို သန်း ၇၀ ကို လက်ငင်း တစ်ခါတည်း ပေးချေမှသာ လက်ခံသွားမှာ ဖြစ်ပါတယ်။
လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ဟာ ကိုမိုမှာ ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူ နီကို ပက်ဇ်ကို ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။ ဒါပေမယ့် ကစားသမားရဲ့ တိုးတက်မှုကို မနှောင့်ယှက်လိုတာကြောင့် ၂၀၂၇ ခုနှစ် အထိ စောင့်ဆိုင်းဖို့ ဆုံးဖြတ်ထားပါတယ်။
ဘာစီလိုနာဟာ အင်တာမီလန် နောက်ခံလူ အလက်ဆန်ဒရို ဘက်စတိုနီကို ယူရို ၄၅ သန်း နဲ့ ကမ်းလှမ်းထားပါတယ်။ အင်တာမီလန် ဘက်က ရောင်းထုတ်ဖို့ လမ်းဖွင့်ထားပေမယ့် ယူရို သန်း ၆၀နဲ့ အထက် ကမ်းလှမ်းမှုတွေ ကိုသာ စဉ်းစားမှာ ဖြစ်ကြောင်း သိရပါတယ်။
ရီးရဲလ်ဆိုစီဒက်ရဲ့ အသက် ၁၉ နှစ် အရွယ် နောက်ခံလူ ဂျွန် မာတင်ကို ရီးရဲလ်မက်ဒရစ်က စောင့်ကြည့်နေပါတယ်။
အတ္တလန္တာ ကနေ ကာဂလီယာရီမှာ အငှား သွားကစားရင်း ခြေစွမ်းပြနေတဲ့ အသက် ၂၁ နှစ် အရွယ် ညာနောက်ခံလူ မာကို ပါလက်စထရာကို ဘာစီလိုနာက စိတ်ဝင်စားနေပါတယ်။
ပီအက်စ်ဂျီက မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကို ဒီနွေရာသီမှာ ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။
ဘာစီလိုနာမှာ ရောဘတ် လီဝမ်ဒေါစကီးရဲ့ အနာဂတ်က မရေမရာ ဖြစ်နေချိန်မှာ မန်ချက်စတာယူနိုက်တက် အသင်းက သူ့ကို တစ်နှစ်စာချုပ်နဲ့ ခေါ်ယူဖို့ အသင့် ရှိနေပါတယ်။
အကယ်၍ မန်ချက်စတာယနိုက်တက်ဟာ နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရခဲ့မယ် ဆိုရင် နယူးကာဆယ် ကွင်းလယ်လူ ဆန်ဒရို တိုနာလီဟာ အာဆင်နယ်ထက် မန်ချက်စတာယူနိုက်တက် ကိုပဲ ရွေးချယ်သွားဖို့ ရှိနေပါတယ်။
ဂါဘရီရယ် ဂျေဇုစ်ဟာ အာဆင်နယ် မှာပဲ ဆက်နေချင်ပေမဲ့ အသင်းက သူ့ကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့ရင်တော့ တခြား ပရီးမီးယားလိဂ် ကလပ် တစ်ခု ဆီကိုပဲ ပြောင်းရွှေ့ဖို့ မျှော်လင့်နေပါတယ်။
ဘေယန်မြူးနစ်ဟာ ချဲလ်ဆီး ကြယ်ပွင့် ကိုးလ် ပါးလ်မားကို ယူရို သန်း ၁၀၀ ဝန်းကျင်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမယ့် ချဲလ်ဆီး ဘက်က သတ်မှတ်ထားတဲ့ ဈေးနှုန်း ကတော့ ဒီထက် အများကြီး ပိုမြင့်နေပါတယ်။

တော့တင်ဟမ်ဟော့စပါး အသင်းဟာ ဂါလာတာဆာရေး အသင်းက ကစားသမား ၃ ဦး ဖြစ်တဲ့ ဂိုးသမား အူဂါချန် ချက်ကီယာ၊ တောင်ပံ ကစားသမား ဘာရစ် အဲလ်ပါ ယီမက်ဇ်နဲ့ ကွင်းလယ်လူ ဂါဘရီရယ် ဆာရာ တို့ကို တစ်ပြိုင်နက်တည်း ခေါ်ယူဖို့ စီစဉ်နေပါတယ်။
ဝုဗ် အသင်းရဲ့ ဘရာဇီးလ် ကွင်းလယ်လူ ယာအို ဂိုးမက်စ် ကိုလည်း ချဲလ်ဆီးက စိတ်ဝင်စားနေပြီး သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းနေကြတဲ့ ယူနိုက်တက်၊ နယူးကာဆယ်၊ စပါးနဲ့ နာပိုလီ တို့ရဲ့ အပြိုင်အဆိုင် စာရင်းထဲမှာ ချဲလ်ဆီးပါ ပါဝင်လာခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ရဲ့ လူငယ်ကြယ်ပွင့် အာဒါ ဂူလာက ဒီနွေရာသီမှာ အသင်း ပြောင်းရွှေ့ဖို့ ဖြစ်နိုင်ခြေ ရှိနေတာကြောင့် သူ့ကို ခေါ်ယူဖို့ လစ်ဗာပူးလ်နဲ့ အတူ အာဆင်နယ်နဲ့ ချဲလ်ဆီး တို့ကပါ အပြိုင်အဆိုင် စောင့်ကြည့်နေကြပါတယ်။
အာဆင်နယ်နဲ့ မန်စီးတီး အသင်း တို့ရဲ့ စိတ်ဝင်စားမှုကို ရရှိထားတဲ့ နယူးကာဆယ် ညာနောက်ခံလူ တီနို လစ်ဗရာမန်တိုဟာ ဒီနွေရာသီမှာ အသင်း ကနေ ထွက်ခွာဖွယ် ရှိနေပါတယ်။ လစ်ဗရာမန်တိုနဲ့ မတူဘဲ သူ့ရဲ့ အသင်းဖော် လူးဝစ် ဟောလ် ကတော့ စိန့်ဂျိမ်းစ်ပတ်ခ်မှာပဲ ဆက်နေဖို့ မျှော်လင့်ထားပါတယ်။
ဝက်စ်ဟမ်း အသင်းဟာ ဖလူမီနန့်စ် အသင်းရဲ့ ကွင်းလယ်လူ မာတင်နယ်လီကို ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် သူတို့ ပေးတဲ့ ဈေးဟာ ကလပ် ဘက်က သတ်မှတ်ထားတဲ့ ဒေါ်လာ ၂၃ သန်း (ယူရို ၂၀ သန်း) အောက် ရောက်နေတာကြောင့် ပယ်ချခံခဲ့ရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


