လွန်ခဲ့တဲ့ နှစ်ပတ်ခန့်က အာဆင်နယ်ဟာ ဖလား ၄ လုံး (Quadruple) ကို ပစ်မှတ်ထားခဲ့ပေမယ့် အခုအခါမှာတော့ ဖလား ၂ လုံး အတွက်ပဲ မျှော်လင့်ချက် ကျန်ရှိနေပါတော့တယ်။ ဂန်းနားတွေဟာ ညက ကစားခဲ့တဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ ဆောက်သမ်တန်ကို မမျှော်လင့်ဘဲ ရှုံးနိမ့်ကာ အဓိက ပြိုင်ပွဲ နှစ်ခုရဲ့ ဆုဖလား မျှော်လင့်ချက်တွေ ပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ခရာဘောင်ဖလား ဗိုလ်လုပွဲမှာ မန်စီးတီးကို ပူပူနွေးနွေး ရှုံးထားတာမှ မကြာသေးပဲ အခုလို အက်ဖ်အေဖလားမှာ ဆက်ရှုံးခဲ့တာကြောင့် တော်တော်လေးလည်း အထိနာသွားမှာ သေချာပါတယ်။ ချန်ပီယံရှစ် ကလပ် ဆောက်သမ်တန် ကတော့ ရော့စ် စတီးဝပ်ရဲ့ အနီးကပ် ပိတ်သွင်းမှုနဲ့ အတူ ပထမပိုင်းမှာ ထိုက်ထိုက်တန်တန် ဦးဆောင်နိုင်ခဲ့ပါတယ်။ အာဆင်နယ် အတွက် လူစားဝင်လာတဲ့ ဗစ်တာ ယောကရက်စ်က ချေပဂိုး ပြန်သွင်းပေးခဲ့လို့ အချိန်ပိုအထိ သွားရတော့မယ်လို့ ထင်မှတ်ခဲ့ကြပေမယ့် အာတေးတားရဲ့ အသင်းက ခံစစ်ပိုင်းမှာ တစ်ချိန်လုံး မတည်မငြိမ် ဖြစ်နေခဲ့ပါတယ်။
အထူးသဖြင့် နောက်ခံလူ ဂါဘရီရယ် မက်ဂါဟေးစ် ဒူးဒဏ်ရာကြောင့် ထွက်သွားရပြီးနောက် ၈၅ မိနစ် မှာတော့ ဆောက်သမ်တန် လူစားဝင်ကစားသမား ချားလ်စ်က အဆုံးအဖြတ်ဂိုး သွင်းယူခဲ့တာကြောင့် အာဆင်နယ် တို့ရဲ့ ဖလားသုံးလုံး (Treble) မျှော်လင့်ချက်ပါ ရိုက်ချိုးခံလိုက်ရပါတယ်။
ပွဲစဉ်အကျဉ်း
ပွဲအစမှာ မာတင်နယ်လီရဲ့ ကန်ချက်ကို ဟားဝုဒ်-ဘဲလစ်က ခေါင်းတိုက် ဖျက်ထုတ်နိုင်ခဲ့ပေမယ့် ဆောက်သမ်တန် ကတော့ လီယို စီယန်ဇာကို အခြေခံပြီး တိုက်စစ်ဆင်ခဲ့ပါတယ်။ စီယန်ဇာဟာ ပင်နယ်တီ ရဖို့ ကြိုးပမ်းခဲ့သလို ဂါဘရီရယ်ရဲ့ အမှားကနေ တစ်ဆင့် ဂိုးသမားနဲ့ တစ်ဦးချင်း တွေ့တဲ့ အခွင့်အရေး ကိုလည်း အသုံးမချနိုင်ခဲ့ပါဘူး။
အာဆင်နယ် အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်ရဲ့ ကိုက် ၂၀ အကွာက ကန်ချက်ကို ဆောက်သမ်တန် ဂိုးသမား ဒန်နီယယ် ပီရက်ဇ် ကာကွယ်နိုင်ခဲ့သလို နောက်ထပ် အခွင့်အရေးကောင်း တစ်ခု ကိုလည်း အိုဒီဂတ် လွဲချော်ခဲ့ပါတယ်။ လူငယ်ကြယ်ပွင့် မက်စ် ဒေါင်းမန်းရဲ့ ကန်ချက် ကိုလည်း ပီရက်ဇ် ကပဲ ထပ်မံ ကာကွယ်ခဲ့ပါတယ်။ အာဆင်နယ်တို့ ဖိအားပေးနေပေမယ့် ခံစစ် ကတော့ အားနည်းနေဆဲ ဖြစ်ပြီး ဂျိမ်းစ် ဘရီးရဲ့ ဖြတ်တင်ဘောကို ဘန် ဝှိုက် တွက်ချက်မှု မှားယွင်းရာ ကနေ စတီးဝပ်က ထိန်းပြီး ဂိုးသမား ကီပါကို ကျော်ဖြတ်ကာ ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။

ဒုတိယပိုင်း မှာလည်း ဆောက်သမ်တန်က တမ်ဖဲလိုးစ်နဲ့ စီယန်ဇာ တို့ရဲ့ ကန်ချက်တွေနဲ့ ဂိုးရဖို့ နီးစပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ၆၈ မိနစ်မှာ ကိုင် ဟာဗတ်ရဲ့ ပေးပို့မှု ကနေ ဗစ်တာ ယောကရက်စ်က ဂိုးအလွတ်ထဲကို ပိတ်သွင်းပြီး အာဆင်နယ် အတွက် ချေပဂိုး သွင်းပေးခဲ့ပါတယ်။
အဲဒီနောက် ဒေါင်းမန်းရဲ့ ကန်ချက်ကို ပီရက်ဇ်က နောက်တစ်ကြိမ် လက်စွမ်းပြ ကာကွယ်ခဲ့ပြီးနောက် ပွဲပြီးခါနီး ၅ မိနစ် အလို မှာတော့ အာဆင်နယ်ရဲ့ ပေါ့ဆမှုကို ဆောက်သမ်တန်က အမိအရ အသုံးချသွားပါတယ်။ ဖဲလိုးစ်ရဲ့ ဆွဲပြေးမှု ကနေ တစ်ဆင့် ချားလ်စ်က အနိုင်ဂိုးကို ရယူသွားခဲ့တာပါ။ ပွဲပြီးခါနီးမှာ မာတင်နယ်လီနဲ့ မာဒူအေခေတို့ အခွင့်အရေး ရခဲ့ပေမယ့် ချေပဂိုး မဖြစ်ခဲ့တာကြောင့် အာဆင်နယ် တို့ဟာ ဖလား ၄ လုံး မျှော်လင့်ချက် ကနေ အခုဆိုရင် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ဖလား နှစ်လုံး အတွက်ပဲ တိုက်ပွဲဝင်ရတော့မှာ ဖြစ်ပါတယ်။
ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ
အာဆင်နယ်ဟာ အောက်တန်း လိဂ် အသင်းတွေနဲ့ ကစားခဲ့တဲ့ နောက်ဆုံး အက်ဖ်အေဖလား ၄၈ ပွဲမှာ ၄၅ ပွဲ အထိ နောက်တစ်ဆင့် တက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် နောက်ဆုံး ကစားခဲ့တဲ့ ကွာတားဖိုင်နယ် ၁၆ ပွဲမှာ ၁၄ ပွဲ အထိ အနိုင်ရထားခဲ့တာပါ။ ဒါပေမယ့် ဝင်ဘလေမှာ မန်စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့် ဒီနေ့ ပွဲမှာ ခံစစ်က ပွဲစကတည်းက တုန်လှုပ်နေခဲ့ပြီး ဆောက်သမ်တန်ရဲ့ တိုက်စစ်ကို ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ပါဘူး။ အာဆင်နယ်ဟာ ဂိုးပေါက် ကန်ချက် ၂၃ ကြိမ် အထိ ရှိခဲ့ပြီး ဆောက်သမ်တန်က ၈ ကြိမ်ပဲ ရှိခဲ့ပေမယ့် မျှော်မှန်းဂိုး (xG) မှာတော့ ၁.၇၇ နဲ့ ၁.၂၁ ဆိုပြီး ကွာခြားချက် သိပ်မရှိတာကြောင့် အာဆင်နယ်ရဲ့ တိုက်စစ် ထိရောက်မှု မရှိတာကို ပြသနေပါတယ်။
ဆောက်သမ်တန် ကတော့ ၁၉၇၅-၇၆ (သူတို့ရဲ့ သမိုင်းတစ်လျှောက် တစ်ကြိမ်တည်းသော အက်ဖ်အေဖလား ချန်ပီယံ ဖြစ်ခဲ့တဲ့နှစ်) နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် အောက်ခြေလိဂ်မှာ ရှိနေစဉ် အတွင်း ပရီးမီးယားလိဂ် အသင်း နှစ်သင်း (ဖူလ်ဟမ်နဲ့ အာဆင်နယ်) ကို တစ်ရာသီတည်းမှာ ပြိုင်ပွဲကနေ ဖယ်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ အဲဒီ သမိုင်းဝင် အောင်ပွဲ နှစ် ၅၀ ပြည့် အထိမ်းအမှတ် အဖြစ် အဝါနဲ့ အပြာရောင် အထူး ဝတ်စုံကို ဝတ်ဆင် ကစားခဲ့တာ ဖြစ်ပြီး အခုဆိုရင် ဝမ်ဘလေမှာ ဗိုလ်လုပွဲ ကစားဖို့ ထပ်မံ အိပ်မက်မက်နိုင်ပြီလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


