ပြီးခဲ့တဲ့ တပတ်က ကျင်းပခဲ့တဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်တွေ အပြီးမှာတော့ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးဆီ တက်လှမ်းနိုင်ဖို့ နောက်ဆုံး ၁၂ သင်းသာ ကျန်ရှိပါတော့တယ်။ ဒီတစ်ပတ် အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ ကစားမယ့် ဗိုလ်လုပွဲတွေ အပြီး မှာတော့ ကမ္ဘာ့ဖလား ဝင်ခွင့်ရ နောက်ဆုံး ၆ သင်းကို အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။
ဥရောပဇုန် ပလေးအော့ဖ်
လမ်းကြောင်း (A) – ဘော့စနီးယား – အီတလီ
အီတလီဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား နှစ်ကြိမ်ဆက် ပလေးအော့ဖ်မှာ ရှုံးနိမ့်ခဲ့ဖူးလို့ ဒီတစ်ကြိမ် မှာတော့ “ တတိယအကြိမ်မြောက်မှာ ကံကောင်းခြင်း” ကို ရှာဖွေနေပါတယ်။ ဘော့စနီးယား ကတော့ ဝေးလ်စ်ကို ပင်နယ်တီနဲ့ အနိုင်ယူပြီး တက်လာတာပါ။ ဝါရင့် တိုက်စစ်မှူး အီဒင် ဒီဂျက်ကိုက ဘော့စနီးယား အတွက် အဓိကအားထားရမယ့်သူ ဖြစ်ပါတယ်။ Opta ခန့်မှန်းချက် အရ အီတလီ အနိုင်ရရှိဖို့ ၅၉.၆ ရာခိုင်နှုန်း အထိ ရေပန်းစားနေပြီး၊ ဘော့စနီးယား ကတော့ ၁၉.၅ ရာခိုင်နှုန်းသာ ရှိနေပါတယ်။
လမ်းကြောင်း (B) – ဆွီဒင် – ပိုလန်

ဂရေဟမ် ပေါ်တာရဲ့ ဆွီဒင် အသင်းဟာ ယူကရိန်းကို ၃-၁ နဲ့ နိုင်ပြီး တက်လာတာ ဖြစ်ပြီး တိုက်စစ်မှူး ဗစ်တာ ယောကရက်စ်က ဟက်ထရစ် သွင်းယူခဲ့ပါတယ်။ ပိုလန်ကတော့ ဝါရင့် တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးကို အားကိုးပြီး အဲလ်ဘေးနီးယားကို အနိုင်ယူခဲ့တာပါ။ Opta ခန့်မှန်းချက်မှာ ဆွီဒင်က ၄၀.၉ ရာခိုင်နှုန်းနဲ့ အသာရနေပြီး၊ ပိုလန်က ၃၂.၄ ရာခိုင်နှုန်း ရှိနေပါတယ်။ အချိန်ပို ကစား ရဖို့ ၂၆.၇ ရာခိုင်နှုန်း အထိ အခွင့်အရေး ရှိနေတာလည်း တွေ့ရပါတယ်။
လမ်းကြောင်း (C) – ကိုဆိုဗို – တူရကီ
ကိုဆိုဗိုဟာ ဆလိုဗက်ကီးယားကို ၄-၃ နဲ့ အနိုင်ယူပြီး အံ့အားသင့်ဖွယ် တက်လှမ်းလာတာပါ။ တူရကီ ကတော့ ရိုမေးနီးယားကို ၁-၀ နဲ့ အနိုင်ယူခဲ့ပါတယ်။ ကိုဆိုဗိုဟာ အိမ်ကွင်းမှာ လက်ခံ ကစားရမှာ ဖြစ်ပါတယ်။ Optaရဲ့ ခန့်မှန်းချက် ကတော့ တူရကီ အနိုင်ရဖို့ ၄၈.၈ ရာခိုင်နှုန်း ရှိနေပြီး၊ ကိုဆိုဗိုက ၂၇.၂ ရာခိုင်နှုန်း သာ ရှိနေပါတယ်။
လမ်းကြောင်း (D) – ချက် – ဒိန်းမတ်
ချက် အသင်းဟာ အိုင်ယာလန်ကို ပင်နယ်တီနဲ့ အနိုင်ယူပြီး တက်လာတာ ဖြစ်ပြီး၊ ဒိန်းမတ် ကတော့ မြောက်မက်ဆီဒိုးနီးယားကို ၄-၀ နဲ့ အပြတ်အသတ် နိုင်ထားပါတယ်။ Optaရဲ့ ခန့်မှန်းချက်အရ ဒိန်းမတ်က ၄၂.၁ ရာခိုင်နှုန်းနဲ့ အသာရနေပေမယ့်၊ ချက် အသင်း ကလည်း ၃၂.၅ ရာခိုင်နှုန်းနဲ့ နီးကပ်စွာ ရှိနေတာကြောင့် ပွဲက အကြိတ်အနယ် ရှိလာနိုင်ပါတယ်။
အင်တာကွန်တီနန်တယ် ပလေးအော့ဖ်
လမ်းကြောင်း (၁) – ဒီမိုကရက်တစ် ကွန်ဂို – ဂျမေကာ
ဂျမေကာဟာ ၁၉၉၈ နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား တက်ဖို့ မျှော်လင့်နေသလို၊ ကွန်ဂို ကလည်း ၁၉၇၄ နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ခြေစစ်ပွဲအောင်ဖို့ ကြိုးစားနေပါတယ်။ Opta ရဲ့ ခန့်မှန်းချက် မှာတော့ ဒီမိုကရက်တစ် ကွန်ဂိုဟာ ၆၇.၇ ရာခိုင်နှုန်း နဲ့ အပြတ်အသတ် ရေပန်းစားနေပြီး၊ ဂျမေကာ ကတော့ ၁၄.၉ ရာခိုင်နှုန်းသာ ရှိနေပါတယ်။
လမ်းကြောင်း (၂) – အီရတ် – ဘိုလီးဗီးယား
ဘိုလီးဗီးယားဟာ ၁၉၉၄ နောက်ပိုင်း ကမ္ဘာ့ဖလား ပြန်တက်ဖို့ မျှော်လင့်နေသလို၊ အီရတ် ကလည်း ၁၉၈၆ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ခြေစစ်ပွဲ အောင်ဖို့ ရုန်းကန်နေရတာပါ။ နှစ်သင်းစလုံးဟာ ဆီမီးဖိုင်နယ်မှာ အကြိတ်အနယ် ကစားပြီးမှ တက်လာကြတာ ဖြစ်ပါတယ်။ Opta ရဲ့ ခန့်မှန်းချက်အရ ဒါဟာ ခန့်မှန်းရ အခက်ဆုံးပွဲပါ။ အီရတ်က ၃၇.၅ ရာခိုင်နှုန်းနဲ့ အနည်းငယ် အသာရနေပေမယ့်၊ ဘိုလစ်ဗီးယား ကလည်း ၃၅.၂ ရာခိုင်နှုန်း ရှိတာကြောင့် နောက်ထပ် မှန်းဆရခက်တဲ့ ပွဲအဖြစ် မြင်တွေ့ရဦးမှာပါ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


