ဘရာဇီးလ် အသင်းရဲ့ တိုက်စစ်ပိုင်းဟာ မကြာသေးခင်က ပွဲစဉ်တွေမှာ ဂိုးရရှိဖို့ ရုန်းကန်ခဲ့ရတာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း တိုက်စစ်မှူး ယာအို ပက်ဒရို ကတော့ သူတို့ အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်ခင်မှာ ပုံစံကောင်း ပြန်ရလာမယ်လို့ ယုံကြည်နေကြောင်း ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။
လက်ရှိမှာ ဘရာဇီးလ် လက်ရွေးစင် အသင်းက နောက်ဆုံး ကစားခဲ့တဲ့ ၄ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိခဲ့ပြီး (၁ ပွဲ သရေ၊ ၂ ပွဲ ရှုံး)၊ လတ်တလော မှာတော့ ဘော့စတွန်မြို့က Gillette အားကစားကွင်းမှာ ပြင်သစ်ကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ထားပါတယ်။ အဲဒီ ၄ ပွဲ အတွင်း ဘရာဇီးလ်က စုစုပေါင်း ၆ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ၃ ဂိုးသာ တိုက်စစ် ကစားသမားတွေ ဆီကနေ ရရှိခဲ့တာ ဖြစ်ပါတယ်။ အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား နေမာကို ချန်လှပ်ထားခဲ့တဲ့ အတွက် နည်းပြ ကာလို အန်ဆယ်လော့တီ ဟာလည်း လက်တလော ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ချဲလ်ဆီး လူငယ် ကြယ်ပွင့် အက်စတီဗာအိုက ဆီနီဂေါနဲ့ တူနီးရှား ပွဲတွေမှာ ဂိုးတွေ သွင်းယူနိုင်ခဲ့ပြီး၊ အာဆင်နယ် တိုက်စစ်မှူး ဂါဘရီရယ် မာတင်နယ်လီက ဂျပန်နဲ့ ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ယခုအခါ ဘရာဇီးလ်ဟာ မတ်လ နိုင်ငံတကာ ရက်သတ္တပတ်ရဲ့ ဒုတိယမြောက် ခြေစမ်းပွဲ အဖြစ် ခရိုအေးရှားနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး၊ ပြင်သစ်နဲ့ ပွဲမှာ ဒဏ်ရာရသွားတဲ့ ရာဖင်ညာရဲ့ နေရာမှာ ယာအို ပက်ဒရို ပွဲထွက် ကစားဖို့ များနေပါတယ်။
ဇွန်လမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်ခင်မှာ ဘရာဇီးလ် တိုက်စစ်တန်းဟာ ဂိုးသွင်းအား ပြန်လည် ကောင်းမွန်လာမယ်လို့ ယာအို ပတ်ဒရိုက ESPN Brasil နဲ့ အင်တာဗျူးမှာ အခုလို ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် ပိုပြီး နားလည်လာကြပါပြီ။ ကျွန်တော်က အင်္ဂလန်မှာ ကစားတယ်၊ ဗင်နီးစီးယပ်စ်က စပိန်မှာ ကစားတယ်၊ ရာဖင်ညာ ကလည်း တခြား ကလပ် တစ်ခုမှာ ကစားပါတယ်။ ကလပ် အသင်းမှာ တစ်နှစ်ပတ်လုံး အတူတူ လေ့ကျင့်ရသလိုမျိုး နိုင်ငံတကာပွဲတွေ မှာလည်း အတူတူ လေ့ကျင့်ချိန် ပိုလိုအပ်ပါတယ်။ နိုင်ငံ အသင်းနဲ့ ကစားရတာဟာ ကလပ် အသင်းနဲ့ ပုံစံမတူတာကြောင့် အမြန်ဆုံး အသားကျအောင် ကြိုးစားရမှာပါ။ လေ့ကျင့်ချိန်တွေ ပိုရလာတာနဲ့ အမျှ အရာ အားလုံးက ချောမွေ့သွားမှာ ဖြစ်ပြီး မကြာခင်မှာ အချိတ်အဆက်တွေ ပိုပြီး မိလာပါလိမ့်မယ်။” လို့ ယာအို ပက်ဒရိုက ဆိုပါတယ်။
ဘရာဇီးလ် အသင်းဟာ လာမယ့် ကမ္ဘာ့ဖလား အုပ်စု (C) မှာ မော်ရိုကို၊ စကော့တလန်၊ ဟေတီ တို့နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ၂၀၀၂ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ချန်ပီယံဖြစ်ဖို့ မျှော်လင့်နေတာပါ။ ယာအို ပက်ဒရို ကတော့ ကမ္ဘာ့ဖလားနဲ့ ဝေးကွာနေတဲ့ နှစ်ရှည်လများ စောင့်ဆိုင်းမှုဟာ လက်ရှိ တိုက်စစ်မှူးတွေ အပေါ် ဖိအားဖြစ်စေတယ်လို့ ယူဆနေပါတယ်။
“အရင်တုန်းက ကျွန်တော် တို့မှာ ရော်နယ်ဒို၊ ရော်နယ်ဒင်ဟို၊ ရိုမာရီယိုတို့ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုခေတ် ဘောလုံးလောကကို ကြည့်မယ် ဆိုရင်လည်း ဘရာဇီးလ်မှာ အဲ့ဒီလို ကစားသမားမျိုးတွေ ရှိနေပါတယ်။ ရီးရဲလ်မက်ဒရစ်က ဗင်နီ၊ ဘာစီလိုနာက ရာဖင်ညာ၊ ချဲလ်ဆီးက အက်စတီဗာအိုနဲ့ ကျွန်တော်၊ ပြီးတော့ အန်ဒရီ ဆန်းတို့စ်တို့ ရှိပါတယ်။ သူတို့ အားလုံးဟာ ထိပ်တန်း ကလပ်တွေမှာ ကစားနေကြတာပါ။ တကယ်တမ်း စိတ်အနှောင့်အယှက် ဖြစ်ရတာက ဘရာဇီးလ် အသင်း ကမ္ဘာ့ဖလား မရတာ အရမ်းကြာနေပြီ ဆိုတဲ့ အချက်ပါ။ ကျွန်တော် တို့ဟာ ကမ္ဘာ့အကောင်းဆုံး အမျိုးသား လက်ရွေးစင် အသင်း ဖြစ်ပြီး အချိန်အကြာကြီး ဖလားနဲ့ ဝေးကွာနေတဲ့အခါ အဲ့ဒီဖိအားက ပိုပြီး ကြီးမားလာတာပါပဲ။” လို့ ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


