ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
ချဲလ်ဆီးမှာ စိတ်ပျက် အားလျော့နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ အင်္ဂလန် ကြယ်ပွင့် ကိုးလ် ပါးလ်မားကို မန်ချက်စတာယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ် တို့က စောင့်ကြည့်နေကြပါတယ်။ ဘေယန်မြူးနစ် ကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ၎င်းရဲ့ ပြောင်းရွှေ့ကြေးဟာ အနည်းဆုံး ပေါင် ၁၅၀ သန်းခန့် ရှိနေနိုင်ပါတယ်။
ပါးလ်မားရဲ့ နေရာမှာ အစားထိုးဖို့ ပရီးမီးယားလိဂ် ကလပ်က ကိုမိုရဲ့ ကွင်းလယ် ဖန်တီးရှင် နီကို ပက်ဇ်ကို အသည်းအသန် စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် အာဂျင်တီးနား ကွင်းလယ်လူ ကတော့ ငြင်းဆန်လိုက်ပြီး သူ့ရဲ့ မူလ ကလပ် ရီးရဲလ်မက်ဒရစ်ဆီ ကိုသာ ပြန်ဖို့ ဆုံးဖြတ်ထားပုံ ရပါတယ်။
လစ်ဗာပူးလ်ဟာ မာဆေးဆိုဒ် ပြိုင်ဘက် အဲဗာတန် ဆီကနေ ကွင်းလယ်လူ ဂျိမ်းစ် ဂါနာကို ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ မန်ချက်စတာယူနိုက်တက် ကလည်း သူတို့ရဲ့ ကစားသမားဟောင်းကို ပြန်လည် စိတ်ဝင်စားနေသလို ရီးရဲလ်မက်ဒရစ် ကလည်း မျက်စိကျနေပါတယ်။
ပရီးမီးယားလိဂ်ကို ဦးဆောင်နေတဲ့ အာဆင်နယ်ဟာ သင့်တော်တဲ့ ကမ်းလှမ်းမှု ရရှိရင် ဘရာဇီးလ် တိုက်စစ်မှူး နှစ်ဦးစလုံးကို လက်လွှတ်ဖို့ အသင့် ရှိနေပါတယ်။ အက်တလက်တီကိုမက်ဒရစ်က သူတို့ နှစ်ဦးကို ခေါ်ယူဖို့ အထူး စိတ်ဝင်စားနေပြီး ကမ်းလှမ်းမှု ပြုလုပ်လာနိုင်ခြေ ရှိနေပါတယ်။
မားကပ်စ် ရက်ရှ်ဖို့ဒ်သာ အသင်း ကနေ ထွက်ခွာသွားခဲ့ရင် အစားထိုးဖို့ ဘင်ဖီကာ တိုက်စစ်မှူး ရှဲလ်ဒီရပ်ပ်ကို မန်ချက်စတာယူနိုက်တက်က ပစ်မှတ်ထားနေပါတယ်။ အသက် ၂၁ နှစ် အရွယ် နော်ဝေ ကြယ်ပွင့် အတွက် မန်ချက်စတာယူနိုက်တက်က ပေါင် ၅၂ သန်းနဲ့ ကမ်းလှမ်းထားတယ်လို့လည်း သိရပါတယ်။
မန်ချက်စတာစီးတီး အသင်းခေါင်းဆောင် ဘာနာဒို ဆေးလ်ဗားကို နွေရာသီမှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အင်တာမိုင်ယာမီနဲ့ အတူ အဲလ်အေအက်ဖ်စီ ကပါ အပြိုင်အဆိုင် ဖြစ်လာပါတယ်။
ဒေါ့မန်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဂျူလီယန် ဘရန့်တ်ကို အလွတ်နဲ့ ခေါ်ယူဖို့ အာဆင်နယ်က ဦးဆောင်နေပြီး အက်စတွန်ဗီလာနဲ့ ဝက်စ်ဟမ်းတို့ ကလည်း အခြေအနေကို စောင့်ကြည့်နေကြပါတယ်။

မန်ချက်စတာယူနိုက်တက်ကို ပြန်လာမယ် ဒါမှမဟုတ် ဆော်ဒီပရိုလိဂ်ကို သွားမယ် ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေပေမယ့် စကော့တ် မက် တော်မီနေး ကတော့ လက်ရှိ နာပိုလီ မှာပဲ အာရုံစိုက်ကစားသွားဖို့ ဆုံးဖြတ်ထားပါတယ်။
ခရစ္စတယ်ပဲလေ့စ် နောက်ခံလူ မေဆန် လာခွာကို လစ်ဗာပူးလ်က ခေါ်ယူဖို့ စဉ်းစားနေပါတယ်။ ဒါပေမယ့် ချဲလ်ဆီးနဲ့ အက်စတွန်ဗီလာတို့ ကလည်း သူ့ကို အပြိုင်အဆိုင် စောင့်ကြည့်နေကြပါတယ်။
ကလပ် ဘရုဂေး အသင်းရဲ့ ဂျာမနီ တိုက်စစ်မှူးလေး နီကိုလို ထရီဆိုလ်ဒီကို ခေါ်ယူဖို့ အာဆင်နယ်က ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ လက်ရှိမှာ အသက် ၂၁ နှစ် အရွယ် ကစားသမား အတွက် ဆွေးနွေးမှုတွေ စတင်နေပြီလို့ သိရပါတယ်။
အင်္ဂလန် နည်းပြ သောမက်စ် တူချယ် ကတော့ နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားကို ပုံမှန်နေရာ တစ်ခု ပေးသွားဖွယ် မရှိကြောင်း သတိပေးထားပါတယ်။ ဒဏ်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ အင်္ဂလန် အတွက် မက်ဂွိုင်းယားက အားကိုးချင်စရာ ဖြစ်နေပေမယ့် တူချယ် ကတော့ သိပ်မယုံရဲ ဖြစ်နေပြီး လာမယ့် ပွဲမှာ မန်စီးတီး အရံခုံပေါ်က ဂျွန်စတုန်းစ်ကို အခွင့်အရေး ပေးသွားဖို့ ဆန္ဒရှိနေပါတယ်။ ဥရုဂွေးနဲ့ ပွဲမှာ အကောင်းဆုံး ကစားသမားဆု ရခဲ့ပေမယ့် မက်ဂွိုင်းယားကို တခြား ကစားသမားတွေရဲ့ နောက်မှသာ တူချယ်က ဦးစားပေးချင်နေပြီး ဒန်ဘန်း တို့လို မျက်နှာသစ်တွေလည်း အခွင့်အရေး ရလာနိုင်ပါတယ်။
မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ကက်စ်မဲရိုး တစ်ယောက် အသင်းပြောင်းဖို့ အတွက် စတင် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။ ရာသီအကုန် အသင်းနဲ့ လမ်းခွဲဖို့ အစောပိုင်း ကတည်းက အတည်ပြုထားပေမယ့် လက်ရှိ ပြသနေတဲ့ စွမ်းဆောင်ရည်တွေကြောင့် ယူနိုက်တက် ဘက်က ဆုံးဖြတ်ချက် ပြန်လည် ပြင်ဆင်လိုနေချိန်မှာ ကက်စ်မဲရိုး ကတော့ အသင်းပြောင်းဖို့သာ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။ ယခုအခါ မေဂျာလိဂ် ကလပ် အင်တာမီယာမီ နဲ့ ကက်စ်မဲရိုးတို့ အကြား ဆွေးနွေးမှုတွေ ခပ်စိတ်စိတ် ရှိလာခဲ့ပြီး အဲလ်အေ ဂလက်ဆီ ကလည်း ဘရာဇီးလ်သားကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


