ကီလီယန် အမ်ဘာပေး ကတော့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အပေါ် ထားရှိတဲ့ သူရဲ့ အာရုံစိုက်မှု အပေါ် ဝေဖန်မှုတွေနဲ့ ပတ်သတ်ပြီး တုန့်ပြန်လာခဲ့ပါတယ်။ ကီလီယန် အမ်ဘာပေးက သူဟာ ရီးရဲလ်မက်ဒရစ်မှာ ဝေဖန်ခံနေရတာနဲ့ ပတ်သက်လို့ ကင်းလွတ်ခွင့်ရမယ့်သူ မဟုတ်ကြောင်းနဲ့ သူရဲ့ အာရုံစိုက်မှုတွေဟာ ကမ္ဘာ့ဖလားဆီကိုပဲ ရောက်နေပြီဆိုတဲ့ ပရိသတ်တွေရဲ့ စိုးရိမ်မှုတွေကို ပယ်ချလိုက်တာ ဖြစ်ပါတယ်။
အမ်ဘာပေးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက ဒူးဒဏ်ရာကြောင့် ပွဲထွက်ခွင့် အကန့်အသတ်နဲ့ ကစားနေရပြီး ဒီလ အစောပိုင်း မှာလည်း ၅ ပွဲ အထိ လွဲချော်ထားပါတယ်။ ဒါပေမယ့် အမ်ဘာပေးဟာ ရီးရဲလ်မက်ဒရစ် အတွက် ပြိုင်ပွဲစုံ ၃၅ ပွဲမှာ ၃၈ ဂိုး အထိ သွင်းယူထားပြီး ၇၆ မိနစ်တိုင်းမှာ တစ်ဂိုးနှုန်း သွင်းယူနေတဲ့ အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားလည်း ဖြစ်နေပါတယ်။ အမ်ဘာပေးဟာ ပြင်သစ် လက်ရွေးစင် အသင်း အတွက် ပွဲပေါင်း ၉၅ ပွဲ ကစားပြီး ၅၆ ဂိုး အထိ သွင်းယူထားပါတယ်။ ဒါ့အပြင် ပြင်သစ်သားက အသက် ငယ်ငယ်နဲ့ ၂၀၁၈ ကမ္ဘာ့ဖလား၊ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ဖလား တွေ ကိုင်မြှောက်ထားနိုင်သူ ဖြစ်ပါတယ်။ ဒီနှစ်မှာလည်း အမ်ဘာပေးက ပြင်သစ် လက်ရွေးစင် အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်လာဖို့ ရှိနေပြီး သူတို့ အသင်း ကလည်း လာမယ့် ကမ္ဘာ့ဖလားရဲ့ အင်အား အတောင့်တင်းဆုံး အသင်း အဖြစ် သတ်မှတ်ခံထားပါတယ်။
စပိန် မီဒီယာတွေနဲ့ ပရိသတ်တွေက အမ်ဘာပေးဟာ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အတွက် အပြည့်အဝ မကစားဘဲ ကမ္ဘာ့ဖလား အတွက်ပဲ အင်အား ချန်ထားမှာကို စိုးရိမ်နေကြပါတယ်။ ဒီအပေါ် အမ်ဘာပေးက Telefoot နဲ့ အင်တာဗျူးမှာ အခုလို ပြန်လည် ဖြေကြားခဲ့ပါတယ်။ “စပိန် မှာတော့ ကျွန်တော် အသင်း အတွက် မကစားဘဲ ကမ္ဘာ့ဖလားဆီ တန်းသွားမှာကို စိုးရိမ်နေကြတယ်။ တကယ်တော့ ကမ္ဘာ့ဖလား အတွက် အကောင်းဆုံး ပြင်ဆင်မှုက ရီးရဲလ်မက်ဒရစ်နဲ့ အတူ ဖလား အားလုံးကို အရင်ယူနိုင်ဖို့ပါပဲ။”

“ရီးရဲလ်မက်ဒရစ် ဆိုတာ စပိန် လူမျိုးတွေ အတွက် ဘာသာတရား တစ်ခုလိုပါပဲ၊ သူတို့က အရမ်းကို စိတ်အားထက်သန်ကြတယ်။ ဝေဖန်မှုတွေကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာ သိထားဖို့ လိုပါတယ်။ ဘာလို့လဲ ဆိုတော့ ရီးရဲလ်မက်ဒရစ်မှာ ရော်နယ်ဒိုတို့၊ ဒီစတက်ဖနို တို့လို ဂန္ထဝင်တွေတောင် ဝေဖန်ခံခဲ့ရတာပဲ။ ကျွန်တော်လည်း အဲဒီလို ဝေဖန်ခံရတာ ကနေ ကင်းလွတ်ခွင့်ရမှာ မဟုတ်ပါဘူး။” လို့ အမ်ဘာပေးက ပြောကြားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ လာမယ့် ဧပြီလ ၄ ရက်နေ့မှာ မာယော့ကာနဲ့ လာလီဂါ ပွဲစဉ် ကစားဖို့ ရှိနေပါတယ်။ လော့စ်ဘလန်ကို တို့ဟာ လက်ရှိမှာ လာလီဂါ ဇယားထိပ်က ဘာစီလိုနာနဲ့ ၄ မှတ် အကွာမှာ ရပ်တည်နေပြီး ချန်ပီယံဆု အတွက်တော့ မျှော်လင့်ချက် ရှိနေဆဲပါ။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ် မှာလည်း ဘေယန်မြူးနစ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ်မှာ ဘေယန်မြူးနစ်နဲ့ ၂၂ ကြိမ် ရင်ဆိုင်ဖူးပြီး ၁၁ ကြိမ် အနိုင်ရထားပါတယ်။ အမ်ဘာပေး ကတော့ ဘေယန်မြူးနစ်ကို ဥရောပမှာ လက်ရှိ ခြေစွမ်း အကောင်းဆုံး အသင်း အဖြစ် သတ်မှတ်ထားပေမယ့် “ဒီလို အသင်းမျိုးကို အနိုင်ယူနိုင်တဲ့သူ ရှိတယ် ဆိုရင် အဲဒါ ရီးရဲလ်မက်ဒရစ်ပါပဲ။”လို့ ယုံကြည်မှု အပြည့်နဲ့ ပြောကြားခဲ့ပါတယ်။
ဒါကြောင့် အမ်ဘာပေး အနေနဲ့ လာမယ့် ဧပြီလ ၇ ရက်နေ့ ဆန်တီယာဂို ဘာနေဗျူးမှာ ကစားမယ့် ဘေယန်မြူးနစ်နဲ့ ပွဲမှာ သူရဲ့ အကောင်းဆုံးခြေစွမ်းကို ပြသပြီး ရီးရဲလ်မက်ဒရစ် ပရိသတ်တွေရဲ့ စိုးရိမ်မှုကို ဖြေဖျောက်ပေးနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


