နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ကမ္ဘာ့ဖလား ခရီးစဉ် အတွက် စိတ်အားထက်သန်နေတဲ့ ဒမ်ဘီလီ

ဘယ်လွန်ဒေါဆုရှင် အူစမန်နီ ဒမ်ဘီလီ ကတော့ သူဟာ ကစားသမားဘဝရဲ့ အကောင်းဆုံး ပုံစံကို ပိုင်ဆိုင်ထားတယ်လို့ ယုံကြည်နေပြီး လာမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲ ကိုလည်း ရင်ခုန်စွာနဲ့ စောင့်မျှော်နေပါတယ်။

ဒီရာသီမှာ ဒဏ်ရာ ပြဿနာတွေကြောင့် ပွဲစဉ် အားလုံးကို မကစားနိုင်ခဲ့ပေမယ့် ဒမ်ဘီလီဟာ ပီအက်စ်ဂျီ အတွက် ပြိုင်ပွဲစုံ အရပ်ရပ် ၂၉ ပွဲမှာ ၁၂ ဂိုး သွင်းကာ ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်နိုင်ခဲ့တာကြောင့် စုစုပေါင်း ဂိုးပါဝင် ပတ်သက်မှု အကြိမ် ၂၀ အထိ ရှိထားပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဘရာဇီးလ်ကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲ မှာလည်း သူကပဲ ကီလီယန် အမ်ဘာပေး အတွက် ဂိုးဖန်တီးပေးခဲ့တာပါ။

လာမယ့် တနင်္ဂနွေနေ့ ကိုလံဘီယာနဲ့ ခြေစမ်းပွဲ မတိုင်ခင် Fox Deportes နဲ့ အင်တာဗျူးမှာ ဒမ်ဘီလီက အခုလို ပြောကြားခဲ့ပါတယ်။ “ကျွန်တော့်မှာ အတွေ့အကြုံတွေ ပိုများလာသလို ပြီးခဲ့တဲ့ ရာသီကတည်းက ကျွန်တော့်ရဲ့ အဆင့်အတန်းက အများကြီး ပိုကောင်းလာပါတယ်။ ဘောလုံးလောက မှာရော၊ ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာ ဘဝမှာပါ အပြောင်းအလဲတွေ အများကြီး ရှိခဲ့ပါတယ်။ အားလုံးက အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေပါပဲ။ ကျွန်တော် အရင်ကထက် ပိုပြီး တည်ငြိမ်လာသလို ပိုပြီးတော့လည်း စဉ်းစား ဆင်ခြင်တတ်လာပါပြီ။ ဒီအဆင့်အတန်းကို ဆက်ထိန်းထားနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။” လို့ ဒမ်ဘီလီက ဆိုပါတယ်။

ကျွန်တော်တို့ ကမ္ဘာ့ဖလား အတွက် ကောင်းကောင်း ပြင်ဆင်နေပြီး အဆုံးအထိ သွားနိုင်ဖို့ မျှော်လင့်ပါတယ်။” လို့ ဒမ်ဘီလီက ပြောကြားသွားခဲ့ပါတယ်။
လာမယ့် ကမ္ဘာ့ဖလား အတွက် ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး အသင်းတွေထဲမှာ ပါဝင်နေတဲ့ ပြင်သစ်

ဆက်လက်ပြီးတော့လည်း “ကျွန်တော် ပျော်ပါတယ်။ အခုက ကျွန်တော့် ကစားသမား ဘဝရဲ့ အကောင်းဆုံး အချိန် ကာလ တစ်ခု ဆိုတာ ထင်ရှားပါတယ်။ ဘောလုံးမှာရော၊ ဘဝမှာပါ အတွေ့အကြုံတွေ အများကြီး ရခဲ့ပါပြီ။ ကိုယ့်ကိုယ်ကိုယ်လည်း ကောင်းကောင်း သိလာသလို ဘာလုပ်ရမလဲ ဆိုတာလည်း ကျွန်တော် နားလည်လာပါပြီ။ ကမ္ဘာ့ဖလားမှာ ကစားရတယ် ဆိုတာ နေ့တိုင်း ကြုံရတဲ့ ကိစ္စ မဟုတ်ပါဘူး။ ဒါဟာ ကစားသမား တစ်ဦး အတွက် ဂုဏ်ယူစရာ ဖြစ်သလို အကောင်းဆုံး ကစားသမားတွေ၊ အကောင်းဆုံး အသင်းတွေ တွေ့ဆုံတဲ့ နေရာလည်း ဖြစ်ပါတယ်။ ကျွန်တော် ဒီပြိုင်ပွဲမှာ အကောင်းဆုံး လုပ်ပြနိုင်ဖို့ စိတ်လှုပ်ရှားနေပါတယ်။” လို့ ဒမ်ဘီလီက ပြောကြားခဲ့ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလား ချန်ပီယံ ပြင်သစ် အသင်းဟာ ၂၀၂၂ ကာတာမှာ အာဂျင်တီးနားကို ရှုံးနိမ့်ပြီး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ လာမယ့် နွေရာသီ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို တို့မှာ ကျင်းပမယ့် ကမ္ဘာ့ဖလား မှာတော့ နည်းပြ ဒီဒီယာ ဒက်စ်ရွှမ့် အတွက် ရွေးချယ်စရာ အရည်အချင်း ရှိတဲ့ ကစားသမားတွေ အများကြီး ရှိနေပါတယ်။

ဖိအားတွေနဲ့ ပတ်သက်ပြီး ဒမ်ဘီလီက အခုလိုပဲ ဖြည့်စွက် ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ်ပဲ အဓိက အာရုံစိုက်ပါတယ်။ ကျွန်တော်တို့ အသင်းမှာ နှစ်ပေါင်းများစွာ ကတည်းက တစ်ယောက်ကို တစ်ယောက် သိနေတဲ့ ကစားသမား အုပ်စုက ရှိနေပြီးသားပါ။ အဓိက ကတော့ အသင်းလိုက် ကောင်းမွန်ဖို့ လိုပါတယ်။ ဖိအား ဆိုတာမျိုး ကတော့ သိပ်မရှိပါဘူး။ ဘာလို့လဲ ဆိုတော့ ၂၀၁၈ တုန်းက ကျွန်တော် တို့က ရေပန်းမစားတဲ့ အသင်း ဖြစ်ခဲ့ပေမယ့် ချန်ပီယံ ဖြစ်ခဲ့တယ်။ ကာတာ မှာလည်း ရေပန်းအစားဆုံး ဖြစ်ခဲ့ပြီး ဗိုလ်လုပွဲ အထိ တက်နိုင်ခဲ့တယ်။ ဒါတွေက ကျွန်တော်တို့ အတွက် ရိုးနေပါပြီ။”

“ကျွန်တော်တို့ ဆီမှာ တစ်ဦးချင်း အရည်အချင်းရှိတဲ့ ကစားသမားတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ ဘယ်လောက်ရှိရှိ စနစ်တကျ ရှိပြီး စည်းလုံးတဲ့ အသင်း တစ်သင်း မဖြစ်ဘူး ဆိုရင် အလုပ် ဖြစ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အသင်း ကိုပဲ ပထမဦးစားပေး ထားမှာပါ။ ကျွန်တော်တို့ ကမ္ဘာ့ဖလား အတွက် ကောင်းကောင်း ပြင်ဆင်နေပြီး အဆုံးအထိ သွားနိုင်ဖို့ မျှော်လင့်ပါတယ်။” လို့ ဒမ်ဘီလီက ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်