နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဘာစီလိုနာရဲ့ ခံစစ် ပစ်မှတ် ဘက်စတိုနီ ဆိုတာ ဘယ်သူလဲ | လာလီဂါ

လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ ခံစစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေပြီး အီတလီ နောက်ခံလူ အလက်ဆန်ဒရို ဘက်စတိုနီကို ချိတ်ဆက်နေတာ ကြာပါပြီ။ လာမယ့် နွေရာသီ အပြောင်းအရွှေ့စျေးကွက် အတွင်း ဘာစီလိုနာရဲ့ အဓိက ဦးစားပေး လုပ်ဆောင်ရမယ့် ကိစ္စက ယိုင်နဲ့နေတဲ့ ခံစစ်ပိုင်းကို ပြန်လည် တည်ဆောက်ဖို့ ဖြစ်ပါတယ်။

ဘာစီလိုနာက ဗဟိုနောက်ခံလူသစ် တစ်ဦး ရှာဖွေနေပြီး အင်တာမီလန်ရဲ့ ခြေစွမ်းပြ နောက်ခံလူ အလက်ဆန်ဒရို ဘက်စတိုနီနဲ့ ဆွေးနွေးမှုတွေ စတင်နေပြီ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြနေကြပါတယ်။ ကတ်တာလန် ထိပ်သီး တို့က ကမ္ဘာ့အဆင့်မီ တိုက်စစ်မှူးသစ် တစ်ဦး ခေါ်ယူဖို့ အာရုံစိုက်နေပေမယ့်လည်း တစ်ဖက် မှာတော့ လူငယ် နောက်ခံလူ ပါအူ ကူဘာဆီနဲ့ ရေရှည် လက်တွဲနိုင်မယ့် ဝါရင့် နောက်ခံလူ တစ်ဦး ခေါ်ယူဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ဒါ‌ကြောင့် အင်တာမီလန်ရဲ့ ဘက်စတိုနီကို ပစ်မှတ် စာရင်းမှာ ထိပ်ဆုံးက ထည့်သွင်းထားတာ ဖြစ်ပါတယ်။

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ ဘာစီလိုနာက အသက် ၂၆ နှစ် အရွယ် အီတလီ လက်ရွေးစင် နောက်ခံလူ ဘက်စတိုနီကို ခေါ်ယူနိုင်ဖို့ အတွက် စာချုပ်ပါ အချက်အလက်တွေကို ညှိနှိုင်းဖို့ ကစားသမားရဲ့ အေးဂျင့် အဖွဲ့နဲ့ စတင် ချိတ်ဆက်နေပြီ ဖြစ်ပါတယ်။ လာလီဂါ ကလပ်ရဲ့ ဗျူဟာက အင်တာမီလန်နဲ့ ပြောင်းရွှေ့ကြေး မညှိနှိုင်းခင် ကစားသမားနဲ့ အရင်ဆုံး သဘောတူညီမှု ရယူဖို့ ဖြစ်ပါတယ်။

 

ဘာဆာတို့ ဘက်စတိုနီကို ခေါ်ယူနိုင်ခြေ ဘယ်လောက်ရှိသလဲ 

ဘက်စတိုနီကို ခေါ်ယူနိုင်မယ် ဆိုရင် ဘာစီလိုနာ အတွက် အရမ်းကို ကောင်းမွန်တဲ့ အပြောင်းအရွှေ့ ဖြစ်လာမှာ ဖြစ်ပေမယ့်လည်း အင်တာမီလန်နဲ့ သဘောတူညီမှု ရယူဖို့က ဘာဆာ အတွက် တော်တော်လေး ခက်ခဲတဲ့ ကိစ္စ တစ်ခု ဖြစ်လာလိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။ 

နည်းပြ ဟန်ဆီ ဖလစ်ခ် လက်ထက် အပြောင်းအရွှေ့ ကာလ ၄ ခု အတွင်း လာလီဂါ ကလပ်ဟာ ငွေကြေး အခက်အခဲကြောင့် အမြဲတမ်း ကစားသမား ၄ ဦးသာ ခေါ်ယူနိုင်ခဲ့ပါတယ်။ လာမယ့် နွေရာသီမှာ လာလီဂါရဲ့ ငွေကြေး စည်းမျဉ်း (၁:၁) ကို လိုက်နာနိုင်မယ်လို့ ကလပ် ဘက်က ယုံကြည်နေပေမယ့်လည်း စျေးကွက်ဖွင့်ချိန်မှာ အကန့်အသတ် မရှိ သုံးစွဲနိုင်ဖို့ ကတော့ မသေချာသေးပါဘူး။

အင်တာမီလန် ကလည်း ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း (FFP) ပြဿနာတွေ ရှိနေပေမယ့်လည်း ဘက်စတိုနီရဲ့ စာချုပ်က ၂၀၂၈ အထိ သက်တမ်း ရှိနေပါတယ်။ ဒါကြောင့် စီးရီးအေ ထိပ်သီး တို့က ဘက်စတိုနီကို ရောင်းထုတ်ဖို့ ဖိအား မရှိပါဘူး။ MARCA ရဲ့ ဖော်ပြချက်အရ အင်တာမီလန်က ကမ်းလှမ်းမှုတွေကို နားထောင်ဖို့ ဆန္ဒရှိနေပေမယ့်လည်း သူတို့ တောင်းဆိုမယ့် ပြောင်းရွှေ့ကြေးက အလွန် မြင့်မားနိုင်ပြီး တိုက်စစ်မှူးသစ်ပါ ခေါ်ယူလိုတဲ့ ဘာစီလိုနာ အတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်လာနိုင်တဲ့ အခြေအနေ ရှိနေပါတယ်။

တကျော့ပြန် ရွေးကောက်ခံရတဲ့ ဘာစီလိုနာ ဥက္ကဋ္ဌ ယိုအန် လာပေါ်တာ ကလည်း ဘာစီလိုနာကို လာရောက် ကစားလိုတဲ့ ကစားသမားတွေ အနေနဲ့ သူတို့ရဲ့ ဆန္ဒကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုဖို့ တိုက်တွန်းလေ့ ရှိသူ ဖြစ်ပါတယ်။ ဒီနည်းလမ်းနဲ့ လက်ရှိ ကလပ် အသင်း အပေါ် ဖိအားပေးပြီး အပြောင်းအရွှေ့ ဖြစ်မြောက်အောင် လုပ်ဆောင်တာက ဘာစီလိုနာရဲ့ ဗျူဟာ တစ်ခု ဖြစ်ပါတယ်။ တဖက်မှာလည်း ဘက်စတိုနီက ဘာစီလိုနာ လူငယ် ကစားသမားတွေ ဖြစ်တဲ့ ပါအူ ကူဘာဆီနဲ့ လာမင်း ယာမယ် တို့ကို လူသိရှင်ကြား ချီးကျူးခဲ့ဖူးခြင်းက ဒီအပြောင်းအရွှေ့ အတွက် အရေးပါတဲ့ အချက် ဖြစ်လာနိုင်ပါတယ်။

 

ဘာစီလိုနာက ဘက်စတိုနီကို ဘာကြောင့် လိုချင်တာလဲ

၂၀၂၅-၂၆ ရာသီ မတိုင်ခင် ဆော်ဒီပရိုလိဂ်ဆီ ရုတ်တရက် ထွက်ခွာသွားခဲ့တဲ့ အင်နီဂို မာတီနက်ဇ်ရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ဘက်စတိုနီက အသင့်တော်ဆုံးသူ ဖြစ်တယ်လို့ ဘာစီလိုနာက ယူဆထားပါတယ်။

ဘယ်ခြေသုံး အီတလီ နောက်ခံလူ ဘက်စတိုနီက ညာခြမ်းက ကူဘာဆီနဲ့ အတူ ဘာစီလိုနာ ဗဟိုခံစစ်မှာ အကောင်းဆုံး ပေါင်းစပ်နိုင်မှာ ဖြစ်ပါတယ်။ အသက် ၂၆ နှစ်သာ ရှိသေးပေမယ့်လည်း အင်တာမီလန် အတွက် ပွဲပေါင်း ၃၀၀ နီးပါးနဲ့ အီတလီ အတွက် ပွဲ ၄၀ ကျော် ကစားပေးထားတဲ့ ဘက်စတိုနီရဲ့ အတွေ့အကြုံတွေက ကူဘာဆီလို လူငယ် နောက်ခံလူတွေကို တိုးတက်လာစေဖို့ အများကြီး အထောက်အကူ ပြုနိုင်မှာလည်း ဖြစ်ပါတယ်။

ဘက်စတိုနီက အီတလီ နောက်ခံလူတွေရဲ့ ထုံးစံအတိုင်း ခံစစ်စွမ်းရည် ကောင်းမွန်ရုံသာမက ဘောလုံး ပေးပို့မှု အပိုင်း မှာလည်း ထူးချွန်သူ ဖြစ်သလို လက်ရှိ ကမ္ဘာ့ အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့် ဘာစီလိုနာ အနေနဲ့ သူတို့ရဲ့ အိပ်မက် ဖြစ်တဲ့ ဒီအပြောင်းအရွှေ့ကို အကောင်အထည် ဖော်နိုင်မလား သို့မဟုတ် တခြား ကစားသမားတွေကိုသာ ပြောင်းလဲ ရှာဖွေရမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်