နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အက်တလက်တီကိုမက်ဒရစ်ဆီပဲ ပြောင်းရွှေ့ချင်နေတဲ့ ဖာရန်း တောရက်စ်၊ ဗစ်တာ မူနော့ဇ်ကို အပြိုင်လုမယ့် ရီးရဲလ်နဲ့ ဘာဆာ | လာလီဂါ

ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ လာလီဂါ အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

ဘာစီလိုနာ တိုက်စစ်မှူး ဖာရန်း တောရက်စ်ဟာ လာမယ့် နွေရာသီမှာ လာလီဂါ ပြိုင်ဘက် အက်တလက်တီကိုမက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ မျှော်လင့်ထားပါတယ်။ ဒါကြောင့် စပိန်သားက လက်ရှိ မက်ဒရစ်မြို့မှာ အိမ်လိုက်ရှာနေပြီလို့တောင် သိရပါတယ်။ 

ရိုဒရီဂိုရဲ့ ACL ဒဏ်ရာကြောင့် ရီးရဲလ်မက်ဒရစ်ရဲ့ အပြောင်းအရွှေ့ အစီအစဉ်တွေ ပျက်ပြားသွားခဲ့ရပါတယ်။ မူလက ရိုဒရီဂိုကို ယူရို သန်း ၆၀ ခန့်နဲ့ ရောင်းချပြီး၊ အိုဆာဆူနာက ဗစ်တာ မူနော့ဇ်ကို ယူရို ၉ သန်းတည်းနဲ့ အဝယ် ပြန်ခေါ်ကာ အစားထိုးဖို့ စီစဉ်ထားခဲ့တာပါ။ 

လူငယ်ကစားသမား မူနော့ဇ်ကို တဖက်မှာ ရီးရဲလ်ရဲ့ လာလီဂါ ပြိုင်ဘက် ဘာစီလိုနာ ကလည်း စောင့်ကြည့်နေပါတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ် ဘက်မှာ အဝယ် ပြန်ခေါ်ခွင့် (Buy-back clause) ရှိနေတာကြောင့် ဘာစီလိုနာ အတွက် ဒီအပြောင်းအရွှေ့က မဖြစ်နိုင်သလောက် ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ ကွင်းလယ် ပစ်မှတ် စာရင်းထဲမှာ နောက်ဆုံး ထပ်တိုးလာသူ ကတော့ ပြီးခဲ့တဲ့ သောကြာနေ့က အင်္ဂလန် လက်ရွေးစင် အသင်း အတွက် ပွဲဦးထွက် ကစားပြီး ခြေစွမ်းပြခဲ့တဲ့ အဲဗာတန် ကွင်းလယ်လူ ဂျိမ်းစ် ဂါနာ ဖြစ်ပါတယ်။ 

ဘာစီလိုနာ အသင်းဟာ ရိုးမား နောက်ခံလူ အီဗန် အန်ဒီကာကို ကာလရှည်ကြာ စိတ်ဝင်စားနေခဲ့တာပါ။ ဒါပေမယ့် အခု လက်ရှိမှာတော့ လစ်ဗာပူးလ်နဲ့ စပါး တို့ကပါ သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းလာကြပါတယ်။ အသက် ၂၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဒီနောက်ခံလူကို ယူရို ၄၅ သန်းခန့်နဲ့ ရရှိနိုင်ဖွယ် ရှိနေပါတယ်‌။

လူငယ်ကစားသမား မူနော့ဇ်ကို တဖက်မှာ ရီးရဲလ်ရဲ့ လာလီဂါ ပြိုင်ဘက် ဘာစီလိုနာ ကလည်း စောင့်ကြည့်နေပါတယ်။
ရိုဒရီဂို နေရာမှာ ဗစ်တာ မူနော့ဇ်နဲ့ အစားထိုးချင်နေတဲ့ ရီးရဲလ်မက်ဒရစ်

စပိန် လက်ရွေးစင် အသင်း နည်းပြ လူးဝစ္စ ဒီလာ ဖျူအန်တေးက လာမယ့် ကမ္ဘာ့ဖလား အတွက် စပိန်ရဲ့ နံပါတ် (၁) ဂိုးသမား နေရာနဲ့ ပတ်သက်ပြီး ဆွေးနွေးရာမှာ မီဒီယာတွေ အနေနဲ့ အာဆင်နယ် ဂိုးသမား ရာယာကို လျစ်လျူရှုထားကြတယ်လို့ ထောက်ပြ ပြောဆိုလိုက်ပါတယ်။

ဂျူဗင်တပ်စ်ရဲ့ ကင်းထောက်တွေဟာ ဘာစီလိုနာ တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးရဲ့ ပိုလန် လက်ရွေးစင် အသင်း ပွဲစဉ်ကို သွားရောက် စောင့်ကြည့်ခဲ့ကြပါတယ်။ ဂျူဗင်တပ်စ်ဟာ ဒီဝါရင့် တိုက်စစ်မှူးကို ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စီစဉ်နေတာပါ။

ချဲလ်ဆီး အသင်းဟာ ၁၀ ရက် အတွင်း မှာပဲ ချန်ပီယံလိဂ် ကနေ ထွက်ခဲ့ရသလို ပရီးမီးယားလိဂ် မှာလည်း ၂ ပွဲ ဆက်တိုက် ရှုံးပွဲတွေ့ခဲ့ပေမဲ့ နည်းပြ လီယမ် ရိုစီနီယာ ကတော့ သူ့လက်ထက်မှာ အသင်းရဲ့ အနေအထားက တိုးတက်မှုတွေ ရှိလာတယ်လို့ တုံ့ပြန်လိုက်ပါတယ်။ ချဲလ်ဆီး အသင်းဟာ ပြိုင်ပွဲစုံ ၄ ပွဲ ဆက်တိုက် ရှုံးပွဲတွေ့ခဲ့ပြီး ပရီးမီးယားလိဂ် မှာလည်း အဆင့် ၆ နေရာမှာသာ ရပ်တည်နေတာကြောင့် ရိုစီနီယာရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ ခန့်မှန်းသတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပြီ ဖြစ်ပါတယ်။ 

ရိုစီနီယာဟာ ၂၀၂၃ ခုနှစ်က နည်းပြဟောင်း လမ်းပတ် နောက်ပိုင်း ပြိုင်ပွဲစုံ ၄ ပွဲဆက် ရှုံးနိမ့်ခဲ့တဲ့ ပထမဆုံး ချဲလ်ဆီး နည်းပြ အဖြစ် မှတ်တမ်းဝင်ခဲ့ပေမယ့်လည်း သူကတော့ ချဲလ်ဆီး အသင်းကို တိုးတက်မှု ရှိအောင် ဆောင်ရွက်နိုင်တယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါး အသင်း ပရိသတ်တွေ ကတော့ လက်ရှိမှာ ရလဒ်‌တွေ ဆိုးဝါးနေပေမယ့် မာဆေးလ် နည်းပြဟောင်း ရော်ဘတ်တို ဒီဇာဗီကို အသင်းထံ မခေါ်ယူဖို့ တောင်းဆိုနေကြပါတယ်။ စပါး အမျိုးသမီး ပရိသတ်အများစုက ယူနိုက်တက် တိုက်စစ် ကစားသမားဟောင်း မေဆန် ဂရင်းဝုဒ်ကို လူသိရှင်ကြား ထောက်ခံခဲ့ဖူးတဲ့ ဒီဇာဗီ အပေါ် အခဲမကြေ ဖြစ်နေကြပြီး အသင်း နည်းပြ အဖြစ် လုံးဝ မမြင်တွေ့လိုကြောင်း ဆန္ဒပြနေကြပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်