နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ယောကရက်စ်ရဲ့ ဟက်ထရစ်နဲ့ အတူ ပလေးအော့ဖ် ဗိုလ်လုပွဲမှာ ပိုလန်နဲ့ တွေ့ဆုံရတော့မယ့် ဆွီဒင် | ကမ္ဘာ့ဖလား

၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပလေးအော့ဖ် ဆီမီးဖိုင်နယ် ပွဲစဉ်တွေမှာ ဆွီဒင်၊ ပိုလန်၊ တူရကီ၊ ကိုဆိုဗိုနဲ့ ဒိန်းမတ်တို့ အသီးသီး နိုင်ပွဲတွေ ရရှိခဲ့ကြပါတယ်။ ဒါကြောင့် ဒီအသင်းတွေက ကမ္ဘာ့ဖလား အိပ်မက်ကို ဆက်လက် အသက်သွင်းနိုင်ခဲ့ကြပြီး ဆွီဒင် အတွက် ကတော့ ပိုပြီး လှပတဲ့ နိုင်ပွဲ ပိုင်ဆိုင်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။

ဆွီဒင်က အာဆင်နယ် တိုက်စစ်မှူး ဗစ်တာ ယောကရက်စ်ရဲ့ ဟက်ထရစ် သွင်းဂိုးနဲ့ အတူ ယူကရိန်းကို ၃-၁ နဲ့ အနိုင်ရရှိခဲ့ပြီး ပိုလန်နဲ့လည်း အဆုံးအဖြတ် ဗိုလ်လုပွဲ ကစားဖို့ ဖြစ်လာခဲ့ပါတယ်။ ကြားကွင်း ဖြစ်တဲ့ ဗလင်စီယာမှာ ကစားခဲ့တဲ့ ဒီပွဲဟာ နည်းပြ ဂရေဟမ် ပေါ်တာ အတွက်လည်း ဆွီဒင် နည်းပြ ဘဝ ပထမဆုံး နိုင်ပွဲကို အရေးကြီးဆုံး အချိန်မှာ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ယောကရက်စ်ဟာ ပွဲစပြီး ၆ မိနစ်မှာတင် နစ်ဂရင်ရဲ့ ဖြတ်တင်ဘော ကနေ တစ်ဆင့် အဖွင့်ဂိုး သွင်းယူခဲ့ပါတယ်။ ဒုတိယဂိုး ကိုတော့ ပွဲချိန် ၅၁ မိနစ်မှာ သူကပဲ ဂိုးထောင့်ထဲကို အပိုင် ကန်သွင်းခဲ့ပြီး၊ ပွဲပြီးခါနီး မှာတော့ ပင်နယ်တီ ကနေ တစ်ဆင့် သူ့ရဲ့ ဟက်ထရစ်ကို ရယူနိုင်ခဲ့ပါတယ်။ ယူကရိန်း အတွက် တစ်လုံးတည်းသော ချေပဂိုး ကိုတော့ မိနစ် ၉၀ မှာ ပိုနိုမာရန်ကိုက သွင်းယူပေးခဲ့ပေမယ့် အရှုံး ကိုတော့ မကယ်တင်နိုင်ခဲ့ပါဘူး။ 

အာဆင်နယ်မှာ ပွဲဦးထွက် ရာသီ အဖြစ် ကစားနေတဲ့ ဗစ်တာ ယောကရက်စ်ဟာ ဝေဖန်မှု တချို့နဲ့ ရင်ဆိုင်နေရပေမယ့် ဒီပွဲ မှာတော့ ဂိုးရနိုင်ခြေ (xG) ၁.၈၃ သာ ရှိတဲ့ အခြေအနေကနေ ၃ ဂိုး အထိ သွင်းယူနိုင်ခဲ့လို့ သူ့ရဲ့ အဆုံးသတ် စွမ်းရည်ဟာ အမြင့်ဆုံးမှာ ရှိနေကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ ဒီဟက်ထရစ်ဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလက အဇာဘိုင်ဂျန်ကို ၆ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲမှာ ၄ ဂိုးသွင်းယူခဲ့ပြီး နောက်ပိုင်း ဆွီဒင် လက်ရွေးစင် အသင်း အတွက် သူရဲ့ ပထမဆုံး ပြန်လည် သွင်းယူနိုင်တဲ့ ဂိုးတွေလည်း ဖြစ်ပါတယ်။

နောက်ထပ် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပလေးအော့ဖ် ဗိုလ်လုပွဲ တစ်ခု မှာတော့ တူရကီနဲ့ ကိုဆိုဗိုတို့ ထိပ်တိုက်တွေ့ဆုံဖို့ ရှိလာပါတယ်။
ကမ္ဘာ့ဖလား ပလေးအောဖ်ကို ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်နေတဲ့ ဂရေဟမ် ပေါ်တာနဲ့ ဆွီဒင်

ဆွီဒင်ဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပလေးအော့ဖ် ဗိုလ်လုပွဲ မှာတော့ အဲလ်ဘေးနီးယားကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပိုလန်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရတော့မှာ ဖြစ်ပါတယ်။ ပိုလန် အတွက် အနိုင်ဂိုးတွေ ကိုတော့ ဝါရင့် တိုက်စစ်မှူး လီဝမ်ဒေါစကီးနဲ့ ဇီလင်းစကီး တို့က သွင်းယူပေးခဲ့တာ ဖြစ်ပြီး အဲလ်ဘေးနီးယားကို အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပလေးအော့ဖ် ဗိုလ်လုပွဲ တစ်ခု မှာတော့ တူရကီနဲ့ ကိုဆိုဗိုတို့ ထိပ်တိုက် တွေ့ဆုံဖို့ ရှိလာပါတယ်။ နည်းပြ ဗင်ဆန်ဇို မွန်တဲလားရဲ့ တူရကီက ဖာဒီ ကာဒီယိုဂလူရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ရိုမေးနီးယားကို ၁-၀ နဲ့ အနိုင်ရခဲ့ပါတယ်။ ကိုဆိုဗို ကတော့ ဆလိုဗက်ကီးယားနဲ့ ပွဲမှာ နှစ်ကြိမ်တိုင်တိုင် နောက်ကနေ လိုက်ကစားခဲ့ရပေမယ့် ၄-၃ ဆိုတဲ့ ရလဒ်နဲ့ အကြိတ်အနယ် အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒိန်းမတ် အသင်း ကလည်း မြောက်မက်ဆီဒိုးနီးယားကို ၄ ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပြီး ဗိုလ်လုပွဲမှာ အိုင်ယာလန်ကို ပင်နယ်တီနဲ့ အနိုင်ရခဲ့တဲ့ ချက် အသင်းနဲ့ ရင်ဆိုင်ရမှာပါ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်