လာမယ့် တစ်ပတ် အတွင်း ၂၀၂၆ ကမ္ဘာ့ဖလား အတွက် နောက်ဆုံး ကျန်ရှိနေတဲ့ နေရာ ၆ နေရာကို အတည်ပြုနိုင်တော့မှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် Opta စူပါကွန်ပြူတာရဲ့ တွက်ချက်မှုတွေ အပေါ် မူတည်ပြီး ဒီတစ်ပတ် အတွင်း ယှဉ်ပြိုင် ကစားရမယ့် ဆီမီးဖိုင်နယ် ပွဲစဉ်တွေရဲ့ အလားအလာကို လေ့လာ ကြည့်ရအောင်ပါ။
ကနေဒါ၊ မက္ကဆီကိုနဲ့ အမေရိကန် တို့မှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရဖို့ အတွက် အသင်းပေါင်း များစွာက ကြိုးစားနေကြတာပါ။ အများစုက နောက်ဆုံး လက်မှတ် ရရှိဖို့ အတွက် နှစ်ပွဲ ဆက်တိုက် အနိုင်ရရှိဖို့ လိုအပ်နေပါတယ်။ ဥရောပဇုန်က ၁၆ သင်းဟာ ၄ နေရာ အတွက် ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး၊ အင်တာကွန်တီနန်တယ် ပလေးအော့ဖ် မှာတော့ အသင်း ၆ သင်းက ၂ နေရာ အတွက် တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။
ဥရောပဇုန် (UEFA) ပလေးအော့ဖ်
လမ်းကြောင်း A (အုပ်စု B သို့ ဝင်ရောက်ခွင့်ရမယ့် နေရာ)
ဝေးလ်စ် – ဘော့စနီးယား (ဆီမီးဖိုင်နယ်)
ဝေးလ်စ်ဟာ အဆင့်သတ်မှတ်ချက် အမြင့်ဆုံး အီတလီနဲ့ လမ်းကြောင်းတစ်ခုတည်းမှာ ရောက်ရှိနေပေမယ့်လည်း အိမ်ကွင်း အားသာချက် ရှိနေပါတယ်။ Opta ရဲ့ တွက်ချက်မှုအရ ဝေးလ်စ်က မိနစ် ၉၀ အတွင်း အနိုင်ရဖို့ ၆၀.၂ ရာခိုင်နှုန်း အထိ အခွင့်အရေးရှိပြီး ဘော့စနီးယားက ၁၈.၉ ရာခိုင်နှုန်း သာ ရှိနေပါတယ်။
အီတလီ – မြောက်အိုင်ယာလန် (ဆီမီးဖိုင်နယ်)
ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား နှစ်ကြိမ်ဆက် လွဲချော်ခဲ့တဲ့ အီတလီ ကတော့ အခုတစ်ကြိမ်မှာလည်း ဖိအားတွေ အောက်ကို ရှိနေပါတယ်။ ဒါပေမယ့်လည်း မြောက်အိုင်ယာလန်နဲ့ ပွဲစဉ်မှာ အီတလီက အပြတ်အသတ် အသာစီးရနေပြီး အနိုင်ရဖို့ ၇၂.၁ ရာခိုင်နှုန်း ခန့်မှန်းထားကာ မြောက်အိုင်ယာလန် ကတော့ ၁၁.၉ ရာခိုင်နှုန်းသာ ရှိနေပါတယ်။
လမ်းကြောင်း B (အုပ်စု F သို့ ဝင်ရောက်ခွင့်ရမယ့် နေရာ)
ယူကရိန်း – ဆွီဒင် (ဆီမီးဖိုင်နယ်)
ယူကရိန်း ကတော့ ပလေးအောဖ့် ဆိုရင် ကံခေတတ်တဲ့ ရာဇဝင်ရှိပေမယ့်လည်း လက်ရှိမှာ ဆွီဒင်ထက် အခြေအနေ ကောင်းနေပါတယ်။ စပိန်နိုင်ငံ၊ ဗလင်စီယာမှာ ရှိတဲ့ ကြားကွင်းမှာ ကစားရမှာ ဖြစ်ပေမယ့်လည်း ယူကရိန်းက ၅၆.၅ ရာခိုင်နှုန်းနဲ့ အနိုင်ရရှိဖို့ ရေပန်းစားနေပြီး၊ ခြေစစ်ပွဲမှာ ရုန်းကန်ခဲ့ရတဲ့ ဆွီဒင်က ၂၁ ရာခိုင်နှုန်းသာ ရှိနေပါတယ်။
ပိုလန် – အဲလ်ဘေးနီးယား (ဆီမီးဖိုင်နယ်)
ပိုလန်က ခြေစစ်ပွဲ အဆင့်မှာ အမှတ် အများဆုံး ရခဲ့တဲ့ အသင်းတွေထဲက တစ်သင်း ဖြစ်ပါတယ်။ အဲလ်ဘေးနီးယား အနေနဲ့ သမိုင်းတစ်လျှောက် ပထမဆုံး ကမ္ဘာ့ဖလား ဝင်ခွင့် ရဖို့ ကြိုးစားနေပေမယ့်လည်း ဝါဆောမှာ ကစားရမယ့် ဒီပွဲမှာ ပိုလန်ကို ကျော်ဖြတ်ဖို့ ခက်ခဲနေမှာ အသေအချာပါပဲ။ ဒီပွဲမှာ ပိုလန်က အနိုင်ရဖို့ ၅၆.၆ ရာခိုင်နှုန်းနဲ့ အသာစီးရနေပါတယ်။
လမ်းကြောင်း C (အုပ်စု D သို့ ဝင်ရောက်ခွင့်ရမယ့် နေရာ)
ဆလိုဗက်ကီးယား – ကိုဆိုဗို (ဆီမီးဖိုင်နယ်)
ကိုဆိုဗို ကတော့ တစ်နှစ်ထက် တစ်နှစ် တိုးတက်လာတဲ့ အသင်းဖြစ်ပြီး အဝေးကွင်းမှာ ကစားရမှာ ဖြစ်ပေမယ့်လည်း အနိုင်ရနိုင်ခြေ ၂၂.၅ ရာခိုင်နှုန်း ရှိနေပါတယ်။ ဒါဟာ ဥရောပဇုန် အဝေးကွင်း အသင်းတွေထဲမှာ ဒုတိယမြောက် အခွင့်အရေး အများဆုံး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အိမ်ရှင် ဆလိုဗက်ကီးယားက ၅၃.၈ ရာခိုင်နှုန်းနဲ့ ပိုမို အလားအလာ ကောင်းနေပါတယ်။
တူရကီ – ရိုမေးနီးယား (ဆီမီးဖိုင်နယ်)
လမ်းကြောင်း D (အုပ်စု A သို့ ဝင်ရောက်ခွင့်ရမယ့် နေရာ)
ချက် – အိုင်ယာလန် (ဆီမီးဖိုင်နယ်)
ချက် အသင်းဟာ ၁၀ စုနှစ် တစ်ခု နီးပါး အိမ်ကွင်း ခြေစစ်ပွဲတွေမှာ ရှုံးပွဲ မရှိသေးတဲ့ မှတ်တမ်းကောင်း ရှိနေပါတယ်။ အိုင်ယာလန် ကတော့ ပလေးအော့ဖ်တွေမှာ ကံမကောင်းတတ်တဲ့ အသင်း ဖြစ်ပေမယ့်လည်း ချက်ကို အနိုင်ရဖို့ ၂၄ ရာခိုင်နှုန်း ခန့်မှန်းခံထားရပြီး ချက်က ၅၁.၂ ရာခိုင်နှုန်း ရှိနေပါတယ်။
ဒိန်းမတ် – မြောက်မက်ဆီဒိုးနီးယား (ဆီမီးဖိုင်နယ်)
အဆင့်သတ်မှတ်ချက်အရ အီတလီ ပြီးရင် ဒိန်းမတ်က အင်အား အကောင်းဆုံး ဖြစ်ပါတယ်။ ခြေစစ်ပွဲ နောက်ဆုံးပွဲမှာ စကော့တလန်ကို ရှုံးနိမ့်ခဲ့လို့ ပလေးအော့ဖ် ကစားရခြင်း ဖြစ်ပြီး မြောက်မက်ဆီဒိုးနီးယားကို ကျော်ဖြတ်ဖို့ ၇၁.၃ ရာခိုင်နှုန်း ခန့်မှန်းခံထားရပါတယ်။
အင်တာကွန်တီနန်တယ် ပလေးအော့ဖ်
ပထမလမ်းကြောင်း (အုပ်စု K ကို ဝင်ရောက်ခွင့် ရမယ့် နေရာ)
နယူးကယ်လီဒိုးနီးယား – ဂျမေကာ (ဆီမီးဖိုင်နယ်)
ဗိုလ်လုပွဲ – DR ကွန်ဂို – (ဆီမီးဖိုင်နယ် အနိုင်ရတဲ့ အသင်း)
နယူးကတ်ဒယ်လီဒိုးနီးယား ကတော့ ကျန်ရှိတဲ့ အသင်းတွေထဲမှာ အဆင့်အနိမ့်ဆုံး (၁၃၃) ဖြစ်ပါတယ်။ ဂျမေကာက ၅၂.၅ ရာခိုင်နှုန်းနဲ့ အနိုင်ရဖို့ အခွင့်အရေး ပိုများနေပေမယ့်လည်း ဗိုလ်လုပွဲမှာ စောင့်နေတဲ့ DR ကွန်ဂိုက ယခင်က ကင်မရွန်းနဲ့ နိုင်ဂျီးရီးယား တို့ကို ကျော်ဖြတ်ခဲ့ဖူးတာကြောင့် အင်အား အကောင်းဆုံး ဖြစ်နေပါတယ်။
ဒုတိယလမ်းကြောင်း (အုပ်စု I သို့ ဝင်ရောက်ခွင့်ရမယ့် နေရာ)
ဘိုလီးဗီးယား – ဆူရီနမ် (ဆီမီးဖိုင်နယ်)
ဗိုလ်လုပွဲ – အီရတ် – (ဆီမီးဖိုင်နယ် အနိုင်ရတဲ့ အသင်း)
ဘိုလီးဗီးယားဟာ အိမ်ကွင်း အားသာချက် ရှိတဲ့ အသင်း ဖြစ်ပေမယ့် မက္ကဆီကိုက ကြားကွင်းမှာ ကစားရမှာ ဖြစ်တာကြောင့် ဆူရီနမ် အတွက် အခွင့်အရေး ရှိလာနိုင်ပါတယ်။ ဒါပေမယ့်လည်း ဘိုလီးဗီးယားက ၆၅.၉ ရာခိုင်နှုန်းနဲ့ အသာစီးရနေပါတယ်။ ဖိုင်နယ်မှာ စောင့်ဆိုင်းနေတဲ့ အီရတ် ကတော့ ၁၉၈၆ နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ဝင်ခွင့် ရဖို့ ယုံကြည်မှု မြင့်မားနေပါလိမ့်မယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


