နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

၂၀၂၇ နွေရာသီမှာ မန်စီးတီးက ထွက်ခွာမယ့် ဟာလန်း၊ အီဒါဆင်ကို ပြန်လည် စိတ်ဝင်စားလာတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

မတ် ၁၄ ရက် ညနေခင်း အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းထူးတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

ဘေယန်မြူးနစ် ကတော့ လိုက်ပ်ဇစ် တောင်ပံကစားသမား ယန် ဒီယိုမန်ဒီကို ခေါ်ယူဖို့ အပြောင်းအရွှေ့ ပြိုင်ပွဲ ကနေ နှုတ်ထွက်သွားတာကြောင့် လစ်ဗာပူးလ်နဲ့ မန်ယူနိုက်တက်တို့ အတွက် လမ်းပွင့်သွားပါတယ်။

အာလင်း ဟာလန်းဟာ ၂၀၂၇ နွေရာသီမှာ ပရီးမီးယားလိဂ် ကလပ် မန်စီးတီး ကနေ ထွက်ခွာဖို့ အလားအလာ ရှိကြောင်း အသင်း တာဝန်ရှိသူတွေကို ကြိုတင် သတိပေးထားပါတယ်။ ဒါပေမယ့် ဒီရာသီကုန်မှာ ထွက်ခွာဖို့တော့ စိတ်ကူး မရှိပါဘူး။ ထူးခြားချက် အနေနဲ့ သူဟာ ရီးရဲလ်မက်ဒရစ် ကိုပဲ ပြောင်းရွှေ့ချင်နေပြီး ဘာစီလိုနာ ကိုတော့ ပယ်ချထားပါတယ်။

လစ်ဗာပူးလ်ဟာ ကွင်းလယ်လူ အလက်ဆစ် မက်အယ်လစ္စတာကို ဘာနေဗျူးဆီ ပေးပို့ပြီး ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ အက်ဒူယာဒို ကာမာဗင်ဂါနဲ့ အလဲအထပ် လုပ်ဖို့ ကြိုးပမ်းလာနိုင်ပါတယ်။

နယူးကာဆယ်ဟာ ဆန်ဒရို တိုနာလီ ဒါမှမဟုတ် ဘရူနို ဂီမာရေးစ်တို့ ထွက်ခွာသွားပါက အစားထိုးဖို့ အတွက် နော့တမ်ဟမ်ဖောရက်စ် ကွင်းလယ်လူ အဲလီယော့တ် အန်ဒါဆန်ကို အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြန်လည် ခေါ်ယူဖို့ စဉ်းစားနေပါတယ်။ မန်စီးတီးနဲ့ ယူနိုက်တက်တို့ ကလည်း သူ့ကို စိတ်ဝင်စားနေကြပါတယ်။

ကိုလုံး အသင်းရဲ့ တောင်ပံ ကစားသမား ဆစ် အဲလ် မာလာကို ခေါ်ယူဖို့ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက် တို့က ရှေ့ဆုံးက ပြေးနေပြီး မန်စီးတီး၊ နယူးကာဆယ်၊ စပါးနဲ့ ဘာစီလိုနာတို့ ကလည်း စောင့်ကြည့်နေပါတယ်။

အာဆင်နယ် နောက်ခံလူ ဘင်ဂျာမင် ဝှိုက်ဟာ ဒီနွေရာသီမှာ အသင်း ကနေ ထွက်ခွာနိုင်ပြီး အမေရိကန် မေဂျာလိဂ် ဒါမှမဟုတ် ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့ဖို့ အခွင့်အလမ်း ရှိနေပါတယ်။

အက်တလက်တီကိုမက်ဒရစ်ဟာ ဟူလီယန် အဲလ်ဗာရက်ဇ်ကို ဘာစီလိုနာဆီ ရောင်းချဖို့ ပြတ်ပြတ်သားသား ငြင်းဆိုထားပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ် ကလပ်တွေက ယူရို သန်း ၁၀၀ (ပေါင် ၈၆.၄ သန်း) နဲ့အထက် ကမ်းလှမ်းလာရင်တော့ စဉ်းစားမှာပါ။ လက်ရှိမှာ ပီအက်စ်ဂျီ ကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားလာပါတယ်။

အတ္တလန္တာ ကွင်းလယ်လူ အီဒါဆင်ကို ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်က ပြန်လည် စိတ်ဝင်စားလာပါတယ်။
အတ္တလန္တာမှာ ခြေစွမ်းပြနေတဲ့ အီဒါဆင်

ရီးရဲလ်မက်ဒရစ် တာဝန်ရှိသူတွေက လာမယ့် ရာသီ အတွက် ဗဟိုနောက်ခံလူသစ် တစ်ဦး၊ နောက်ခံလူ အစွန်လူ တစ်ဦး၊ တိုက်စစ်မှူး တစ်ဦး၊ တောင်ပံကစားသမား တစ်ဦးနဲ့ ကွင်းလယ်လူ နှစ်ဦး၊ စုစုပေါင်း ကစားသမားသစ် ၆ ဦးအထိ လိုအပ်တယ်လို့ ယုံကြည်နေပါတယ်။

စထရာဘိုး ကွင်းလယ်လူ ဗလန်တင် ဘာကိုဟာ ချဲလ်ဆီး အသင်းထံ ပြောင်းရွှေ့ဖို့ အလွန် နီးစပ်နေပြီလို့ သိရပါတယ်။

အတ္တလန္တာ ကွင်းလယ်လူ အီဒါဆင်ကို ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်က ပြန်လည် စိတ်ဝင်စားလာပါတယ်။ အတ္တလန္တာ ဘက်ကလည်း သူ့ရဲ့ ပြောင်းရွှေ့ကြေးကို ၅၀ ရာခိုင်နှုန်းခန့် လျှော့ချပြီး ယူရို သန်း ၃၀ (ပေါင် ၂၅.၉ သန်း) ဝန်းကျင်နဲ့ ရောင်းချဖို့ သဘောတူထားပါတယ်။

အင်တာမီလန် နောက်ခံလူ အလက်ဆန်ဒရို ဘက်စတိုနီဟာ ဘာစီလိုနာရဲ့ စိတ်ဝင်စားမှုကို သိရှိထားပြီး နူးကမ့်ပ်ကို ပြောင်းရွှေ့ဖို့ ဖြစ်နိုင်ခြေကို ပယ်ချခြင်း မရှိသေးပါဘူး။
လာဇီယို နောက်ခံလူ မာရီယို ဂီလာကို ခေါ်ယူဖို့ အက်စတွန်ဗီလာ၊ ဘုန်းမောက်၊ အဲဗာတန်၊ စပါးနဲ့ အေစီမီလန် တို့က အပြိုင်အဆိုင် ဖြစ်နေကြပါတယ်။

မစ်ဂျယ်လန်း တောင်ပံ ကစားသမား အိုဆိုရီယိုကို ခေါ်ယူဖို့ ဖူလ်ဟမ်နဲ့ ဝက်စ်ဟမ်း တို့က ရှေ့ဆုံးက ပြေးနေပြီး အာဆင်နယ်နဲ့ လစ်ဗာပူးလ် တို့ကလည်း အနည်းငယ် စိတ်ဝင်စားမှု ရှိနေပါတယ်။

ပေါ်တိုမှာ အငှားသွားကစားပြီး ခြေစွမ်းပြနေတဲ့ အာဆင်နယ် နောက်ခံလူ ယာကုပ် ခီဗီယောကို ဂျူဗင်တပ်စ်က မျက်စိကျနေပါတယ်။ တစ်ဖက် မှာတော့ ဟမ်းဘတ်မှာ အငှားကစားနေတဲ့ လူကာ ဗူစကိုဗစ် ကတော့ စပါးအသင်းဆီ ပြန်လာဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်