နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဗယ်လ်ဗာဒီရဲ့ ဟက်ထရစ်နဲ့ မန်စီးတီးကို အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ ရီးရဲလ်မက်ဒရစ် | ချန်ပီယံလိဂ်

ဖက်ဒရစ်ကို ဗယ်ဗာဒီ ပထမပိုင်းမှာတင် သွင်းယူခဲ့တဲ့ ဟက်ထရစ်ကြောင့် ရီးရဲလ်မက်ဒရစ်ဟာ မန်စီးတီးကို ၃-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ချန်ပီယံလိဂ် ၁၆ သင်း ပထမအကျော့မှာ အသာစီး ရယူနိုင်ခဲ့ပါတယ်။ မန်စီးတီးဟာ ဗယ်လ်ဗာဒီရဲ့ ခြေစွမ်းပြမှုကြောင့် ဂိုးပြတ် ရှုံးနိမ့်ခဲ့ရပြီး ကွာတားဖိုင်နယ်ဆီ တက်လှမ်းနိုင်ဖို့ အတွက် ဒုတိယအကျော့ကို ခက်ခက်ခဲခဲ ဖြတ်သန်းရတော့မှာ ဖြစ်ပါတယ်။ 

ဆန်တီယာဂို ဘာနေဗျူးမှာ ကစားခဲ့တဲ့ ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်ဟာ ဒဏ်ရာရနေတဲ့ ကီလီယန် အမ်ဘာပေး မပါဝင်နိုင်ပေမယ့် ဗယ်လ်ဗာဒီက ၂၂ မိနစ် အတွင်း မှာတင် ဟက်ထရစ် သွင်းယူခဲ့တာ ဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

ပွဲအစ မိနစ် ၂၀ မှာ မန်စီးတီးက ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် ဂိုးသမား ကော့တွာစ်ရဲ့ အဝေး ကန်ချက်နဲ့ ကန်တင် ပေးပို့မှု ကနေ တဆင့် မန်စီးတီး လူငယ်ကစားသမား နီကို အိုရွိုင်လီ အမှားလုပ်ခဲ့တာကို ဗယ်လ်ဗာဒီက အခွင့်ကောင်းယူပြီး ဂိုးသမား ဒွန်နာရမ်းမားကို ကျော်ဖြတ်ကာ အဖွင့်ဂိုး သွင်းယူခဲ့ပါတယ်။ အဲဒီနောက် ၇ မိနစ် အကြာမှာပဲ ဗင်နီးစီးယက်စ် ဂျူနီယာရဲ့ ပေးပို့မှု လမ်းကြောင်းပြောင်းသွားတာကို ဗယ်လ်ဗာဒီက ထိန်းပြီး ဘယ်ခြေနဲ့ အဝေးကန်ချက် ကန်ကာ ဒုတိယဂိုး ရယူခဲ့ပါတယ်။

ဗယ်လ်ဗာဒီဟာ ချန်ပီယံလိဂ် သမိုင်းတလျှောက် အင်္ဂလန် ကလပ် အသင်း တစ်သင်းကို ပထမပိုင်းမှာတင် ဟက်ထရစ် သွင်းနိုင်တဲ့ ဒုတိယမြောက် ကစားသမား ဖြစ်လာပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံချိန်တိုင်း ရုန်းကန်ရလေ့ ရှိတဲ့ မန်ချက်စတာစီးတီး

ရီးရဲလ်မက်ဒရစ် အသင်းခေါင်းဆောင် ဗယ်လ်ဗာဒီဟာ တတိယဂိုး ကိုတော့ အလှပဆုံး သွင်းယူခဲ့ပါတယ်။ မန်စီးတီး ကစားသမားဟောင်း ဘရာဟင်မ် ဒီးယက်ဇ်ရဲ့ မတင်ပေးမှု ကနေ ဗယ်လ်ဗာဒီက မာ့ခ် ဂူဟီ အပေါ် ကနေ ကျော်ဖြတ်ပြီး Volley ကန်ချက်နဲ့ အပိုင် ကန်သွင်းကာ ဟက်ထရစ် ရယူနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း အစမှာ ဗင်နီးစီးယက်စ် ဂျူနီယာ ပင်နယ်တီ ကန်ခွင့်ရခဲ့ပေမယ့် ဂိုးသမား ဒွန်နာရမ်းမား ကာကွယ်နိုင်ခဲ့လို့ စတုတ္ထဂိုးနဲ့ လွဲချော်ခဲ့ပါတယ်။ မန်စီးတီးတို့ ချေပဂိုး ရဖို့ ကြိုးစားခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်ရဲ့ အသက်အငယ်ဆုံး ကစားသမား သီယာဂို ပီတာချ်ရဲ့ အမှားကို ဂိုးသမား ကော့တွာစ်က လက်စွမ်းပြ ကာကွယ်ပေးနိုင်ခဲ့တာကြောင့် မန်စီးတီးတို့ ဂိုးမရဘဲ အဆုံးသတ်ခဲ့ရပါတယ်။

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

ဗယ်လ်ဗာဒီဟာ ချန်ပီယံလိဂ် သမိုင်းတလျှောက် အင်္ဂလန် ကလပ် အသင်း တစ်သင်းကို ပထမပိုင်းမှာတင် ဟက်ထရစ် သွင်းနိုင်တဲ့ ဒုတိယမြောက် ကစားသမား ဖြစ်လာပါတယ်။ (ပထမဆုံး တစ်ယောက် ကတော့ ၂၀၁၀ ပြည့်နှစ်က အာဆင်နယ်နဲ့ ပွဲမှာ သွင်းယူခဲ့တဲ့ လီယွန်နယ် မက်ဆီ ဖြစ်ပါတယ်)။ ဗယ်လ်ဗာဒီဟာ ဒီပွဲတစ်ပွဲတည်းမှာတင် သွင်းယူခဲ့တဲ့ ဂိုးအရေအတွက်ဟာ သူအရင်က ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၇၅ ပွဲမှာ သွင်းခဲ့တဲ့ စုစုပေါင်း ဂိုးအရေအတွက်နဲ့ တူညီသွားခဲ့ပါတယ်။

ဗယ်လ်ဗာဒီဟာ ဂိုးပေါက်ကန်ချက် ၃ ကြိမ်စလုံး ဂိုးဝင်ခဲ့သလို၊ အခွင့်အရေး ဖန်တီးမှု (၂ ကြိမ်)၊ တစ်ကိုယ်တော် ထိုးဖောက်မှု (၇ ကြိမ်) နဲ့ ဖျက်ထုတ်မှု (၁၁ ကြိမ်) စတဲ့ ကိန်းဂဏန်းတွေ အရလည်း အသင်းရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။

ဒီပွဲမှာ မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှု ၆၀ ရာခိုင်နှုန်းအထိ ရှိခဲ့ပေမယ့် မျှော်မှန်းဂိုး (xG) ၀.၅၆ သာ ရှိခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် ကတော့ တန်ပြန် တိုက်စစ်ကို ထိရောက်စွာ ကစားနိုင်ခဲ့ပြီး မျှော်မှန်းဂိုး (xG) ၂.၅၉ အထိ ရှိခဲ့တာကြောင့် ဒီနိုင်ပွဲဟာ ထိုက်တန်တဲ့ နိုင်ပွဲလို့ ဆိုရမှာပါ။

 

လာမယ့် ပွဲစဉ်များ

ရီးရဲလ်မက်ဒရစ်ဟာ လာမယ့် မတ်လ ၁၅ ရက်နေ့မှာ အဲလ်ချီနဲ့ လာလီဂါ ပွဲစဉ် ကစားရဖို့ ရှိပြီး မန်စီးတီး ကလည်း ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားရမှာပါ။ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ ပွဲစဉ် ကိုတော့ မတ်လ ၁၈ ရက်နေ့မှာ ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်