ညက ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ အန်တိုနီယို ကွန်တီရဲ့ နာပိုလီက အလစ်ဆန် ဆန်းတို့စ်နဲ့ အဲ့လ်ဂျစ် အဲလ်မက်စ် တို့ရဲ့ သွင်းဂိုးတွေနဲ့ တိုရီနိုကို အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ နာပိုလီက ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ဂိုးရရှိဖို့တော့ ရုန်းကန်ခဲ့ရပြီး ၂-၁ ရလဒ်နဲ့ ကပ်ပြီး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း
စတေဒီယို ဒီယေဂို အာမန်ဒို မာရာဒိုနာကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲမှာ ဘရာဇီးလ် တောင်ပံကစားသမား အလစ်ဆန် ဆန်းတို့စ်က ပွဲအစောပိုင်းမှာပင် ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး အဲလ်မက်စ်က ဒုတိယဂိုး ထပ်မံ သွင်းယူခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ တိုရီနို အတွက် ချေဆာရေး ကာဆာဒေးက ချေပဂိုး တစ်ဂိုး ပြန်လည် သွင်းယူခဲ့ပေမယ့်လည်း နာပိုလီတို့ အနိုင် ရလဒ်ကို ထိန်းသွားနိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် နာပိုလီက စီးရီးအေ အမှတ်ပေးဇယား အဆင့် (၃) နေရာကို တက်လှမ်းနိုင်ခဲ့ပြီး ဒုတိယနေရာက အေစီမီလန်နဲ့ (၁) မှတ် အကွာကို ရောက်ရှိလာခဲ့ပါတယ်။ ရှံးပွဲ တွေ့ခဲ့တဲ့ တိုရီနို ကတော့ စီးရီးအေ ဇယား အဆင့် ၁၄ နေရာမှာ ဆက်လက် ရပ်တည်နေပါတယ်။
ပထမပိုင်း ပွဲစပြီး ၇ မိနစ်မှာပဲ ဆန်းတို့စ်က ဘယ်တောင်ပံ ကနေ တဆင့် အတွင်းသို့ ဆွဲဝင်ကာ ဂိုးသမား မမီနိုင်တဲ့ အနိမ့်ဘော ကန်ချက်နဲ့ နာပိုလီ အတွက် အဖွင့်ဂိုး ရယူပေးခဲ့ပါတယ်။ အဲဒီနောက် တိုရီနို ဘက်က နီကိုလာ ဗလက်ဆစ်က ချေပဂိုး ရဖို့ အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပေမယ့်လည်း နာပိုလီ ဂိုးသမား ဗန်ဂျာ မီလင်ကိုဗစ်-ဆာဗစ်က ကာကွယ်နိုင်ခဲ့ပါတယ်။ နာပိုလီ တိုက်စစ်မှူး ရက်စ်မက်စ် ဟွိုက်ဂျ်လန်း ကလည်း ပိုလီတာနိုရဲ့ ဖြတ်တင်ဘောက တဆင့် အခွင့်အရေး ရခဲ့ပေမယ့်လည်း ဂိုး ဘားတန်းပေါ် ကျော်ကန်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာ နာပိုလီတို့ ဒုတိယဂိုး ထပ်မံ ရရှိခဲ့ပါတယ်။ စပင်နက်ဇိုလာရဲ့ ဘယ်တောင်ပံ ကနေ ဖြတ်တင် ပေးပို့လိုက်တာကို ပိုလီတာနိုက အသေအချာ ပြန်လည် ချပေးရာက တဆင့် အဲလ်မက်စ်က အပိုင် ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ပွဲပြီးခါနီး မှာတော့ အဒမ်စ်ရဲ့ ဖန်တီးပေးမှုက တဆင့် ကာဆာဒေးက ခေါင်းတိုက်ကာ တိုရီနို အတွက် ချေပဂိုး တစ်ဂိုး ပြန်လည် ရယူပေးခဲ့တာကြောင့် ပွဲပြီးခါနီးမှာ ရင်ခုန်စရာ ဖြစ်ခဲ့ရပေမယ့်လည်း ဧည့်သည်တို့ အတွက် နောက်ကျလွန်းသွားခဲ့ပါတယ်။
ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

နာပိုလီဟာ ဒီရာသီမှာ စီးရီးအေ ချန်ပီယံဆု ကာကွယ်ရေး အတွက် ရုန်းကန်နေရပေမယ့်လည်း အိမ်ကွင်း ၁၃ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိစံချိန် (၉ ပွဲနိုင်၊ ၄ ပွဲသရေ) ကို ပိုင်ဆိုင်ထားပါတယ်။ ဒါဟာ ၂၀၁၈-၁၉ ဘောလုံးရာသီ နောက်ပိုင်း နာပိုလီတို့ ပထမဆုံးအကြိမ် ပြန်လည် ရရှိခဲ့တဲ့ မှတ်တမ်းကောင်း ဖြစ်ပါတယ်။
အလစ်ဆန် ဆန်းတို့စ် ကတော့ နာပိုလီ အတွက် ကစားပေးတဲ့ ပထမဆုံး အိမ်ကွင်း (၂) ပွဲ စလုံးမှာ ဂိုးသွင်းယူနိုင်တဲ့ ၅ ဦးမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။ (၁၉၉၄-၉၅ ဘောလုံးရာသီ နောက်ပိုင်းမှာ နီကိုလာ ကတ်ချ်ချာ၊ ဟိုဆေး ကယ်လီဂျွန်၊ မီလစ်နဲ့ လော်ရန်ဇို တိုနာလီ တို့သာ အခုလို စွမ်းဆောင်နိုင်ခဲ့ဖူးပါတယ်) ။
အချက်အလက်တွေအရ ဆန်းတို့စ်နဲ့ စပင်နက်ဇိုလာ တို့ဟာ ဒီရာသီ နာပိုလီမှာ ဧရိယာ အပြင် ဘက်ကနေ (၁) ဂိုး ထက် ပိုသွင်းထားနိုင်တဲ့ တစ်ဦးတည်းသော ကစားသမားများ ဖြစ်ကြသည်။ (နှစ်ဦး စလုံး ၂ ဂိုးစီ သွင်းထား) ။ စပင်နက်ဇိုလာ (၃ ဂိုး သွင်း၊ ၃ ဂိုး ဖန်တီး) ကတော့ သူ့ရဲ့ ကစားသမားဘဝ တစ်လျှောက် စီးရီးအေ ရာသီတစ်ခု အတွင်း (၆) ဂိုးနဲ့ အထက် ပါဝင် ပတ်သက်နိုင်ခဲ့တဲ့ ဒုတိယမြောက် ရာသီ ဖြစ်လာခဲ့ပါတယ်။
လာမယ့် ပွဲစဉ်တွေ အဖြစ်တော့ နာပိုလီက မတ်လ ၁၄ ရက်နေ့မှ လက်ချီနဲ့ စီးရီးအေ ပွဲစဉ် ကစားရဖို့ ရှိပြီး တိုရီနို ကလည်း ပါးမားနဲ့ ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


