နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပရိသတ်တွေသာ ကွင်းထဲမှာ ရှိရင် အနိုင်ရလဒ်ကို ဆုပ်ကိုင်နိုင်ခဲ့မှာလို့ ဆိုလိုက်တဲ့ ဆာရီ | ကိုပါအီတလီယာ

လာဇီယို ကတော့ ညက ကစားခဲ့တဲ့ ကိုပါအီတလီယာ ဆီမီးဖိုင်နယ် ပထမအကျော့မှာ အတ္တလန္တာနဲ့ ၂ ဂိုးစီ သရေကျခဲ့ပါတယ်။ လာဇီယို နည်းပြ မော်ရီဇီယို ဆာရီက ဒီပွဲမှာ ပရိသတ်တွေ ကွင်းအတွင်း ဝင်ရောက် အားပေးမှု မရှိခြင်းဟာ ရလဒ် အပေါ် သက်ရောက်မှု ရှိခဲ့ပြီး၊ ပရိသတ်သာ ရှိရင် သူတို့အသင်း အနိုင်ရရှိနိုင်ခဲ့မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ညက Stadio Olimpico မှာ ကစားခဲ့တဲ့ အဆိုပါ ပွဲစဉ်မှာ လာဇီယို ဥက္ကဋ္ဌ ကလောဒီယို လိုတီတိုကို ဆန့်ကျင် ကန့်ကွက်တဲ့ အနေနဲ့ လာဇီယို ပရိသတ် အများစုဟာ ကွင်းထဲ ဝင်ရောက် အားပေးခြင်း မရှိခဲ့ကြပါဘူး။ ဒီပွဲမှာ လက်မှတ်ပေါင်း ၅,၀၀၀ ခန့်သာ ရောင်းချခဲ့ရတဲ့ အတွက် ကွင်းအတွင်းမှာ ထူးထူးဆန်းဆန်း တိတ်ဆိတ်နေခဲ့ပေမယ့် အပြင်ဘက်မှာ ရပ်နေတဲ့ ပရိသတ်တွေရဲ့ အားပေးသံတွေ ကိုတော့ ကြားနေခဲ့ရပါတယ်။

လာဇီယိုဟာ ပွဲချိန် ၄၆ မိနစ်မှာ ဒီလီ-ဘာရှီရူး၊ ပွဲချိန် ၈၆ မိနစ်မှာ ဘိုလာယီ ဒီယာ တို့ရဲ့ ဂိုးတွေနဲ့ နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပေမယ့်၊ အတ္တလန္တာ ဘက်က မာရီယို ပါဆာလစ်နဲ့ ယူနက်စ် မူဆာ တို့က ချေပဂိုးတွေ ပြန်လည် သွင်းယူသွားခဲ့ပါတယ်။ ပွဲအပြီးမှာတော့ နည်းပြ ဆာရီက “ကံမကောင်းစွာနဲ့ပဲ ကျွန်တော်တို့ အသင်းဟာ ကွင်းထဲမှာ ဒီလို အခြေအနေမျိုးနဲ့ ကျင့်သားရနေပါပြီ။ ဒီလိုပြောရတာ စိတ်မကောင်းစရာပါပဲ။ တကယ့်ကို ဝမ်းနည်းစရာ ကောင်းတဲ့ အခြေအနေပါ။ ဒီညပွဲမှာ ပရိသတ် ၄၅,၀၀၀ လောက်သာ စင်မြင့်ပေါ်မှာ ရှိနေခဲ့ရင် ကျွန်တော်တို့ အနိုင်ရလဒ်ကို အိမ်အပြန် သယ်ဆောင်သွားနိုင်မှာပါ။” လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ဆာရီက အသင်းရဲ့ ခြေစွမ်း အပေါ် ကျေနပ်မှုရှိပြီး “ခက်ခဲတဲ့ ကာလ တစ်ခုမှာ အသင်းကောင်း တစ်သင်းကို အဆင့်မြင့်မြင့် ကစားနိုင်ခဲ့လို့ ကျေနပ်ပါတယ်။ ဒုတိယအကျော့ Bergamo မှာ သွားကစားရမှာက တိုက်ပွဲ တစ်ခုလို ခက်ခဲမယ်ဆိုတာ သိပါတယ်။ အခုလို ကစားနိုင်ရင်တော့ ဗိုလ်လုပွဲ တက်ဖို့ အခွင့်အရေး ရှိပါတယ်။” လို့ ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

ကိုပါအီတလီယာ ဆီမီးဖိုင်နယ် ဒုတိယ အကျော့ကိုတော့ လာမယ့် ဧပြီ ၂၁ ရက်နေ့၊ ဘာဂါမိုမြို့က New Balance Arena ကွင်းမှာ ဆက်လက် ကစားရမှာ ဖြစ်ပါတယ်။
စီးရီးအေ မှာလည်း နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲ ပျောက်နေတဲ့ လာဇီယို

အတ္တလန္တာ နည်းပြ ရာဖေးလ် ပါလာဒီနို ကတော့ နှစ်ကြိမ်တိုင်တိုင် ချေပဂိုး သွင်းနိုင်ခဲ့လို့ အသင်းသားတွေ ယုံကြည်မှု တိုးလာတယ်လို့ ဆိုပါတယ်။ “ပွဲက မျှတပြီး ကြည့်လို့ ကောင်းပါတယ်။ ဆာရီရဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရတာ အမြဲတမ်း ပျော်ဖို့ကောင်းသလို ခက်ခဲပါတယ်။ ဒုတိယအကျော့ကို ကျွန်တော်တို့ အိမ်ကွင်းမှာ ကစားရမှာ ဖြစ်ပြီး ဗိုလ်လုပွဲ တက်နိုင်ဖို့ ၅၀-၅၀ အခွင့်အရေး ရှိနေပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ကိုပါအီတလီယာ ဆီမီးဖိုင်နယ် ဒုတိယ အကျော့ကိုတော့ လာမယ့် ဧပြီ ၂၁ ရက်နေ့၊ ဘာဂါမိုမြို့က New Balance Arena ကွင်းမှာ ဆက်လက် ကစားရမှာ ဖြစ်ပါတယ်။ အဲဒီ ပွဲမှာ အနိုင်ရတဲ့ အသင်း ကတော့ အင်တာမီလန် သို့မဟုတ် ကိုမို နှစ်သင်းထဲက တစ်သင်းနဲ့ မေလထဲမှာ ဗိုလ်လုပွဲ ကစားရမှာ ဖြစ်ပါတယ်။

လာဇီယို ကတော့ ကိုပါအီတလီယာမှာ ဆီမီးဖိုင်နယ် အဆင့်ထိ ရောက်ရှိနေပေမယ့် ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲမှာ ၂ ပွဲသာ အနိုင်ရထားတဲ့ အထိ အခြေအနေတွေ ဆိုးရွားနေပါတယ်။ စီးရီးအေ မှာတော့ လာဇီယိုက နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲ ပျောက်နေသလို အဆင့် ၁၁ နေရာကို ရောက်ရှိနေပါတယ်။ ဒါကြောင့် လာဇီယို ပရိသတ်တွေက အသင်းရဲ့ အုပ်ချုပ်ရေး အပိုင်းက တာဝန်ရှိသူတွေရဲ့ စီမံခန့်ခွဲမှု မကျေမနပ် ဖြစ်နေပြီး ဆန္ဒပြ ကန့်ကွက်မှုတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ ရလဒ်တွေ ကောင်းနေတဲ့ အတ္တလန္တာက ပြီးခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ ဆာဆူအိုလိုကို မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့သလို ကိုပါအီတလီယာ မှာလည်း နိုင်ပွဲ ထပ်ပျောက်ခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်