နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မာလစ်ခ် သီယောကို ခေါ်ယူဖွယ် ရှိနေတဲ့ ယူနိုက်တက်၊ မာယုလူကို ခေါ်ယူနိုင်ဖို့ အားသာချက်တွေ ရှိနေတဲ့ အာဆင်နယ်နဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ်

ဒီကနေ့ နေ့လည်ခင်း အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းထူးတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

နယူးကာဆယ် နောက်ခံလူ မာလစ်ခ် သီယောကို ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက်က စိတ်ဝင်စားလာပါတယ်။ ဒါပေမယ့် သူ့ကို ခေါ်ယူချင်ရင် ကမ္ဘာ့ဈေးအကြီးဆုံး နောက်ခံလူ အဖြစ် စံချိန်တင်ကြေး ပေးချေရမှာ ဖြစ်ပြီး နယူးကာဆယ်က ပေါင် သန်း ၈၀ ဈေးသတ်မှတ်ထားပါတယ်။

တဆက်တည်းမှာပဲ နော့တင်ဟမ်ဖောရက်စ် နောက်ခံလူ မူရီလို ကိုလည်း ယူနိုက်တက်က သဘောကျနေပြီး ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။ ဘရာဇီးလ်သား မူရီလို ကိုယ်တိုင် ကလည်း သူ့ရဲ့ ကစားသမား ဘဝကို တဆင့် မြှင့်တင်နိုင်မယ့် အိုးထရက်ဖို့ဒ်ဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။

ယူနိုက်တက်ရဲ့ ပစ်မှတ် ဖြစ်တဲ့ လီယွန် ဂိုရက်စ်ကာကို အင်တာမီလန်၊ နာပိုလီနဲ့ ဂျူဗင်တပ်စ် တို့ကလည်း ဝိုင်းပြီး စိတ်ဝင်စားနေကြပါတယ်။ သူဟာ ဘေယန်မြူးနစ်နဲ့ စာချုပ်ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာလာနိုင်ပါတယ်။‌

အကယ်၍ ဝက်စ်ဟမ်း အသင်း တန်းဆင်းသွားခဲ့ရင် ယူနိုက်တက် အနေနဲ့ ကစားသမားတွေကို ဈေးပေါပေါနဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။ ဒါကြောင့် ယူနိုက်တက်က ဒီအခြေအနေကို အသုံးချပြီး ဝက်စ်ဟမ်း ကွင်းလယ်လူ မားတီးယက်စ် ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ စဉ်းစားနိုင်ပါတယ်။

ပီအက်စ်ဂျီရဲ့ အသက် ၁၉ နှစ် အရွယ် လူငယ် ကြယ်ပွင့် ဆန်နီ မာယုလူ အတွက် ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်နဲ့ ချဲလ်ဆီး တို့က အလားအလာ အရှိဆုံး အသင်းတွေ ဖြစ်နေပါတယ်။ သူ့ရဲ့ ပြောင်းအရွှေ့ကြေးဟာ ဒေါ်လာ ၇၀.၈ သန်း ကနေ ၈၂.၇ သန်း ကြား ရှိနိုင်ပါတယ်။

ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ရိုဒရီဂို အတွက် ချဲလ်ဆီးက ယူရို သန်း ၇၀နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး ရီးရဲလ် ဘက်ကလည်း ဒီကမ်းလှမ်းမှုကို အလေးအနက် စဉ်းစားဖွယ် ရှိနေပါတယ်။

ချဲလ်ဆီးဟာ အလက်ဟန်ဒရို ဂါနာချို နဲ့ လီယမ် ဒီလပ်ပ် တို့ကို ဝယ်ယူပြီး တစ်နှစ် မပြည့်ခင်မှာပဲ ပြန်လည် ရောင်းချဖို့ စာရင်းသွင်းထားပါတယ်။ သူတို့ နှစ်ဦး အတွက် ပေါင် ၇၀.၁ သန်း ဝန်းကျင် ရရှိရင် ရောင်းချသွားမှာပါ။

မန်ချက်စတာ မြို့ခံ နှစ်သင်းရဲ့ အဓိက ပစ်မှတ် ဖြစ်သူ အဲလီယော့တ် အန်ဒါဆန်ကို နော့တင်ဟမ်ဖောရက်စ်က အနည်းဆုံး ပေါင် ၇၅ သန်း ဈေးသတ်မှတ်ထားပါတယ်။

အက်စတွန်ဗီလာဟာ ချန်ပီယံလိဂ် ဝင်ခွင့် မရခဲ့ရင် ဘဏ္ဍာရေး အခြေအနေကြောင့် မော်ဂန် ရော်ဂျာစ်ကို ရောင်းချရနိုင်ပါတယ်။ ဒါဟာ သူ့ကို ခေါ်ယူချင်နေတဲ့ လစ်ဗာပူးလ် အတွက် အခွင့်အရေးကောင်း ဖြစ်လာနိုင်ပြီး တန်ကြေး ကတော့ ပေါင် သန်း ၁၀၀ ရှိနေပါတယ်။ တဖက်မှာလည်း ရော်ဂျာစ်ကို ချဲလ်ဆီးက စိတ်ဝင်စားနေပြီး ကိုးလ် ပါးလ်မား နေရာ အတွက် အပြောင်းအလဲ လုပ်ချင်နေတယ်လို့ သိရပါတယ်။

အန်သိုနီ ဂေါ်ဒွန်က နယူးကာဆယ်နဲ့ စာချုပ်ဟာ ၂၀၃၀ အထိ သက်တမ်း ရှိနေတာကြောင့် သူ့ကို ခေါ်ယူချင်တဲ့ အာဆင်နယ်နဲ့ လစ်ဗာပူးလ်တို့ အတွက် အခက်တွေ့ရဖို့ ရှိနေပါတယ်။

မန်စီးတီးနဲ့ ဘာစီလိုနာ တို့နဲ့ သတင်းတွေ ထွက်နေပေမဲ့ ဘရူနို ဂီမာရေးစ် ကတော့ နယူးကာဆယ်မှာပဲ ဆက်ရှိနေဖို့ များပါတယ်။

ဗစ်တာ အိုဆင်မ်ဟန်ရဲ့ စာချုပ်ထဲမှာ အကယ်၍ သူ့ကို ဂျူဗင်တပ်စ်ထံ ရောင်းချခဲ့ရင် နာပိုလီကို ယူရို သန်း ၇၀ ဒဏ်ကြေးပေးရမယ် ဆိုတဲ့ “ လျှို့ဝှက် ကတိ” တစ်ခု ပါဝင်နေပါတယ်။ ဒါဟာ ဒီအပြောင်းအရွှေ့ အတွက် ဂျူဗင်တပ်စ်ရဲ့ ပြိုင်ဘက်တွေ ဖြစ်တဲ့ ယူနိုက်တက်၊ ချဲလ်ဆီး၊ လစ်ဗာပူးလ်နဲ့ အာဆင်နယ်တို့ အတွက် အခွင့်အရေး ပိုသာသွားစေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်