နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ကလက်ဆီကာ အောင်ပွဲဟာ ချန်ပီယံလုပွဲလိုပဲ အရေးကြီးတယ်လို့ ကွန်ပနီ ပြောကြား | ဘွန်ဒက်စ်လီဂါ

ဘေယန်မြူးနစ်နဲ့ ဒေါ့မန် တို့ကတော့ အခုတပတ်မှာ ဘွန်ဒက်စ်လီဂါ ချန်ပီယံလုပွဲ အတွက် အဆုံးအဖြတ် ဖြစ်လာမယ့် ပွဲကြီးပွဲကောင်း တစ်ပွဲကို ကစားကြရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘေယန်မြူးနစ် နည်းပြ ဗင်းန်ဆင့် ကွန်ပနီ က “ဒီကလက်စီကို (The Klassiker) ပွဲစဉ်ဟာ ဆုဖလား ပြိုင်ပွဲ တစ်ခုလို အရေးကြီးတယ်” လို့ တင်စား ပြောဆိုလိုက်ပါတယ်။ 

နက်ဖြန်ည Signal Iduna Park မှာ ကစားမယ့် ဇယားထိပ်ဆုံးက ဘေယန်မြူးနစ်နဲ့ ဒုတိယနေရာက ဒေါ့မန် တို့ရဲ့ ပွဲစဉ်ဟာ ဘေယန် အတွက် ချန်ပီယံဆုကို အနီးစပ်ဆုံး အတည်ပြုနိုင်မည့် အခွင့်အရေးလည်း ဖြစ်နေပါတယ်။ လက်ရှိမှာ ဘေယန်မြူးနစ်က ဒုတိယနေရာက ဒေါ့မန်ကို ၈ မှတ် အသာဖြင့် ဦးဆောင်နေပြီး Opta စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်အရ ဘေယန်မြူးနစ် ချန်ပီယံ ဖြစ်ဖို့ အခွင့်အရေးက ၉၉.၂ ရာခိုင်နှုန်း အထိ ရှိနေပြီး ဒေါ့မန် ကတော့ ၀.၇၈ ရာခိုင်နှုန်းသာ ရှိနေပါတယ်။

ဒါပေမယ့်လည်း ကွန်ပနီက ဒီပွဲရလဒ်ဟာ ၎င်းတို့၏ ရည်မှန်းချက်ကို ပြောင်းလဲစေမှာ မဟုတ်ပေမယ့်လည်း ပွဲရဲ့ အရေးပါမှု ကိုတော့ အသိအမှတ် ပြုထားပါတယ်။ “ဒါဟာ ကလက်စီကို ပွဲစဉ် ဖြစ်တဲ့ အတွက် သူ့တန်ဖိုးနဲ့သူ ရှိပါတယ်။ ဘွန်ဒက်စ်လီဂါ အတွက်လည်း ဒီလို ပွဲကြီး ပွဲကောင်းတွေ ရှိနေဖို့ အရေးကြီးပါတယ်။ ကျွန်တော့် အတွက်တော့ ဒီပွဲကို နိုင်ရတာဟာ ဆုဖလား တစ်ခု ရလိုက်သလိုပါပဲ။” လို့ ကွန်ပနီက ဆိုပါတယ်။

တစ်ဖက်မှာ ဒေါ့မန် နည်းပြ နီကို ကိုဗက် ကလည်း ဘေယန်ကို အနိုင်ရဖို့ အတွက် အမှားအယွင်း မရှိ ပြည့်စုံသည့် ကစားကွက်မျိုး လိုအပ်ကြောင်း ဝန်ခံထားပါတယ်။ ဒီပွဲ အတွက် ဒေါ့မန် ဘက်က စောင့်ကြည့်ရမယ့် ကစားသမား ကတော့ ဖေဘီယို ဆေးလ်ဗား ဖြစ်ပါတယ်။ သူဟာ ဒီရာသီ မိနစ် ၈၀ မပြည့်မီတိုင်း တိုက်ရိုက် ဂိုးပါဝင် ပတ်သက်နေသူ ဖြစ်ပါတယ် (၁ ဂိုးသွင်း၊ ၅ ဂိုးဖန်တီး)။ သူ့ထက် စွမ်းဆောင်ရည် ပိုကောင်းသူ ကတော့ ဟယ်ရီ ကိန်းနဲ့ အိုလီဆေး တို့သာ ရှိနေတာ ဖြစ်ပါတယ်။ 

ဒေါ့မန် ကလည်း လွန်ခဲ့သော ၇ နှစ် အတွင်း ဘွန်ဒက်စ်လီဂါမှာ သူတို့ရဲ့ အကောင်းဆုံး ရာသီကို ဖြတ်သန်းနေပြီး ရမှတ် ၅၂ မှတ် ရရှိထားပါတယ်။
ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရှိနေတဲ့ ဒေါ့မန်

ထုံစံ အတိုင်း ဘေယန်မြူးနစ် ဘက်မှာတော့ ဟယ်ရီကိန်းကို စောင့်ကြည့်ရမှာပါ။ အင်္ဂလန်သားက ဒီရာသီ ၂၃ ပွဲ ကစားပြီးချိန်မှာ ၂၈ ဂိုး ထိ သွင်းယူထားပြီး ရောဘတ် လီဝမ်ဒေါစကီးရဲ့ စံချိန်ကို လိုက်မှီထားပါတယ်။ အကယ်၍ အခုပွဲမှာပါ ၄ ဂိုးနဲ့ အထက် (သို့မဟုတ်) ပွဲစဉ် ဆက်တိုက် ဂိုးတွေ ထပ်သွင်းနိုင်ရင်တော့ သမိုင်းဝင် စံချိန်သစ်တွေ တင်နိုင်တော့မှာ ဖြစ်ပါတယ်။

သမိုင်းတစ်လျှောက် ထိပ်တိုက်တွေ့ဆုံမှု အရ ဒီပွဲဟာ ဂျာမနီ ပရော်ဖက်ရှင်နယ် ဘောလုံးလောကမှာ အကြိမ် အများဆုံး (၁၃၉ ကြိမ်မြောက်) ကစားတဲ့ ပွဲစဉ် ဖြစ်လာမှာပါ။ ဘေယန်မြူးနစ်ဟာ ၂၃ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၆၀ ရရှိထားပြီး ဒါဟာ ၂၀၁၅-၂၀၁၆ ဘောလုံးရာသီ နောက်ပိုင်း ၎င်းတို့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည် ဖြစ်ပါတယ်။

ဒေါ့မန် ကလည်း လွန်ခဲ့သော ၇ နှစ် အတွင်း ဘွန်ဒက်စ်လီဂါမှာ သူတို့ရဲ့ အကောင်းဆုံး ရာသီကို ဖြတ်သန်းနေပြီး ရမှတ် ၅၂ မှတ် ရရှိထားပါတယ်။ ဒေါ့မန်နဲ့ ဘေယန် တို့ဟာ ဒီရာသီ ဘွန်ဒက်စ်လီဂါ ပွဲစဉ်တိုင်းမှာ ဂိုးသွင်းယူနိုင်ခဲ့ကြပြီး ဥရောပ ထိပ်သီး လိဂ် ၅ ခုမှာ ၎င်းတို့ နှစ်သင်းနဲ့ အတူ ဘာစီလိုနာ တစ်သင်းသာ ဤမှတ်တမ်းကို ပိုင်ဆိုင်ထားပါတယ်။

အချုပ်အားဖြင့် ဆိုရရင်တော့ ဘေယန်မြူးနစ်ဟာ ဒေါ့မန် ကွင်းမှာ နောက်ဆုံး ကစားခဲ့တဲ့ ၇ ပွဲစလုံး ရှုံးနိမ့်ခြင်း မရှိသေးပဲ (၅ ပွဲနိုင်၊ ၂ ပွဲသရေ) ရလဒ်ကောင်းထားပါတယ်။ ဒေါ့မန် အနေနဲ့ ချန်ပီယံ မျှော်လင့်ချက်ကို အသက်ဆက်ရင်တော့ အခု အိမ်ကွင်း ပွဲစဉ်မှာ ဘေယန်မြူးနစ်ကို မဖြစ်မနေ အနိုင်ယူရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်