နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘရူနိုကို ရောင်းချပြီး ရန်ပုံငွေ ရှာမယ့် ယူနိုက်တက်၊ ဂွါဒီယိုလာ ထွက်ရင် မန်စီးတီး ကနေ လိုက်ထွက်မယ့် ဟာလန်း | ပရီးမီးယားလိဂ်

ဒီကနေ့ မနက်ပိုင်း အထိ သိရှိရသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းထူးတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ဟာ ဒီနွေရာသီမှာ ကွင်းလယ်ပိုင်းကို အကြီးအကျယ် ပြုပြင်ပြောင်းလဲဖို့ အတွက် ဘရူနို ဖာနန်ဒက်စ်ကို ရောင်းချပြီး ရန်ပုံငွေရှာဖွေဖို့ ပြင်ဆင်နေပါတယ်။ ဆော်ဒီပရိုလိဂ်က သူ့ကို စိတ်ဝင်စားနေသလို၊ ဘေယန်မြူးနစ်နဲ့ ပီအက်စ်ဂျီတို့ ကလည်း သူ့ကို ဥရောပမှာပဲ ဆက်ရှိနေစေဖို့ ကြိုးပမ်းနေကြပါတယ်။

နယူးကာဆယ် ကွင်းလယ်လူ ဆန်ဒရို တိုနာလီဟာ အာဆင်နယ်ရဲ့ စိတ်ဝင်စားခြင်း ခံနေရပေမယ့် သူကိုယ်တိုင် ကတော့ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ ပထမဦးစားပေး ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့နွေရာသီက ဗစ်တာ ယောကရက်စ်ကို မဝယ်ယူခင် အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ် အတွက် ယူရို သန်း ၁၂၀ (ပေါင် ၁၀၄.၈ သန်း) နဲ့ ကမ်းလှမ်းခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။

အိုလံပီယာကော့စ် ဂိုးသမား ကွန်စတင်တီနို ဇိုလာကစ်ကို နော့တင်ဟမ်ဖောရက်စ်က ယူရို သန်း ၂၀ (ပေါင် ၁၇.၅ သန်း) နဲ့ ကမ်းလှမ်းဖို့ ပြင်နေပါတယ်။ ဒါပေမယ့် အာဆင်နယ်၊ လစ်ဗာပူးလ်၊ ဂျူဗင်တပ်စ်နဲ့ ဘေယန်မြူးနစ် တို့လို ထိပ်သီး အသင်းကြီးတွေ ကလည်း သူ့ကို မျက်စိကျနေကြပါတယ်။

ပပ် ဂွါဒီယိုလာက ဘာနာဒို ဆေးလ်ဗားကို ဒီရာသီကုန်ရင် အသင်းမှာ ဆက်ထားမှာ မဟုတ်ကြောင်း အကြောင်းကြားထားပါတယ်။ ဘာစီလိုနာ အသင်း ကတော့ ဘာနာဒို အတွက် အလားအလာ အရှိဆုံး အသင်း ဖြစ်နေပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်စီးတီးရဲ့ အဓိက တိုက်စစ်မှူး အာလင်း ဟာလန်း ကတော့ အကယ်၍ ပပ် ဂွါဒီယိုလာသာ အသင်း ကနေ ထွက်ခွာခဲ့ရင် သူပါ လိုက်ပါထွက်ခွာမယ်လို့ အသိပေးထားပါတယ်။
ဂွါဒီယိုလာ မရှိရင် မန်စီးတီး ကနေ ထွက်ခွာမယ့် ဟာလန်း

ပရီးမီးယားလိဂ် ကလပ် မန်စီးတီးရဲ့ အဓိက တိုက်စစ်မှူး အာလင်း ဟာလန်း ကတော့ အကယ်၍ ပပ် ဂွါဒီယိုလာသာ အသင်း ကနေ ထွက်ခွာခဲ့ရင် သူပါ လိုက်ပါထွက်ခွာမယ်လို့ အသိပေးထားပါတယ်။ ဒါဟာ ဒီနွေရာသီမှာတင် ဖြစ်လာနိုင်ခြေ ရှိနေပါတယ်။‌

ဒေါ့မန် ကွင်းလယ်လူ ဖီးလစ် အန်မီချာကို မန်ချက်စတာယူနိုက်တက်က စောင့်ကြည့်နေပေမယ့် ချဲလ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါး တို့ကလည်း အပြိုင်လုဖို့ ရှိနေပါတယ်။

ဘေယန်မြူးနစ်မှာ အငှားသွားကစားနေတဲ့ ချဲလ်ဆီး တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆန်ကို အက်စတွန်ဗီလာက ခေါ်ယူချင်နေသလို၊ မန်ချက်စတာယူနိုက်တက်၊ နယူးကာဆယ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ကလည်း စိတ်ဝင်စားနေကြပါတယ်။

ရိမ်းဂျားစ် အသင်းဟာ သူတို့ရဲ့ အသက် ၂၄ နှစ်အရွယ် နောက်ခံလူ အီမန်နျူရယ် ဖာနန်ဒက်စ် အတွက် ပေါင် ၁၀ သန်းကျော် အလိုရှိနေပါတယ်။ သူ့ကို အာဆင်နယ်၊ ချဲလ်ဆီးနဲ့ ဘေယန်မြူးနစ် တို့က စောင့်ကြည့်နေပါတယ်။

ဝက်စ်ဟမ်း အသင်းဟာ ယူနီယံ စိန့်ဂလွိုက်စ် တိုက်စစ်မှူး ပရိုမစ် ဒေးဗစ်ကို ခေါ်ယူနိုင်ဖို့ ဘရိုက်တန်၊ လိဒ်စ်၊ နယူးကာဆယ် တို့ထက် လက်ဦးမှု ရယူဖို့ ကြိုးစားနေပါတယ်။

နော့တင်ဟမ်ဖောရက်စ် အသင်းခေါင်းဆောင် မော်ဂန် ဂစ်ဘ်ဝှိုက်က နည်းပြသစ် ဗစ်တာ ပါရဲရားရဲ့ ပွဲဦးထွက်မှာ အသင်းရဲ့ စစ်မှန်တဲ့ ကိုယ်ပိုင်လက္ခဏာနဲ့ ကစားနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ နော့တင်ဟမ်ဖောရက်စ်ဟာ မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရိုပါလိဂ် ပလေးအော့ဖ် အဆင့် ပထမအကျော့ ပွဲစဉ်မှာ ဖီနာဘာချီင်းကို အဝေးကွင်းမှာ ၃-၀နဲ့ အနိုင်ရရှိခဲ့ပြီး ဂစ်ဘ်ဝှိုက်က တစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒီပွဲက နော့တင်ဟမ်ဖောရက်စ် နည်းပြသစ် ဗစ်တာ ပါရဲရားရဲ့ ပွဲဦးထွက် ဖြစ်ပြီး ဂိုးပြတ်နိုင်ပွဲကြောင့် အဖွင့်လှသွားခဲ့ပါတယ်။

ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အာလီမှာ ကစားနေတဲ့ အင်္ဂလန် တိုက်စစ်မှူး အိုင်ဗန် တိုနေးက ပရီးမီးယားလိဂ်မှာ ပြန်ကစားချင်တာက သူ့ရဲ့ ရည်မှန်းချက် တစ်ခု ဖြစ်ကြောင်းနဲ့ ကမ္ဘာ့ဖလား ကစားခွင့်ရဖို့ ကလည်း အိပ်မက် တစ်ခု ဖြစ်ကြောင်း ဖွင့်ခဲ့ပါတယ်။ အသက် ၂၉ နှစ် အရွယ် အိုင်ဗန် တိုနေးဟာ ၂၀၂၄ နွေရာသီမှာ ဘရန့်ဖို့ဒ် ကနေ အဲလ်အာလီကို ပေါင် သန်း ၄၀နဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး ၂၀၂၈ ခုနှစ် အထိ စာချုပ်ချုပ်ဆိုထားပါတယ်။

အိုင်ဗန် တိုနေးဟာ အဲလ်အာလီမှာ ခြေစွမ်းပြနေပြီး ဒီရာသီ ဆော်ဒီလိဂ် မှာလည်း ဂိုးအများဆုံး သွင်းယူထားသူ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေကြောင်း သတင်းထွက်လာပြီး မပြောင်းရွှေ့ဖြစ်ခဲ့တဲ့ အတွက် Sky Sports က မေးမြန်းရာမှာ ပရီးမီးယားလိဂ်မှာ ပြန်ကစားလိုကြောင်း ပြောကြားခဲ့တာပါ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်