နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

လိုက်ပ်ဇစ်က လက်ရှိ “ အိမ်မက် ကလပ်” ဖြစ်ကြောင်း ပြောဆိုလိုက်တဲ့ ဒီယိုမန်ဒီ | ဘွန်ဒက်စ်လီဂါ

ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ်ရဲ့ တိုက်စစ် ကစားသမား ယန် ဒီယိုမန်ဒီကို ခေါ်ယူဖို့ ဘေယန်မြူးနစ်နဲ့ လစ်ဗာပူးလ် အပါအဝင် ဥရောပ ထိပ်သီး အသင်းကြီးတွေက မျက်စိကျနေကြပါတယ်။ ဒီယိုမန်ဒီဟာ လက်ရှိ ဥရောပရဲ့ အတောက်ပဆုံး လူငယ်ကြယ်ပွင့်တွေ ထဲက တစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အောင်မြင်မှု ဆာလောင်နေတဲ့ အသက် ၁၉ နှစ် အရွယ် လူငယ်ကစားသမားလေး ကတော့ လောလောဆယ် လိုက်ပ်ဇစ်ဟာ သူ့အတွက် “ အိမ်မက် ကလပ်” ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

 

မိုဟာမက် ဆာလာရဲ့ နေရာကို အစားထိုးမယ့်သူလား

နည်းပြ အာနေး ဆလော့တ်ရဲ့ လစ်ဗာပူးလ် ကတော့ အီဂျစ် ကြယ်ပွင့် မိုဟာမက် ဆာလာရဲ့ ရေရှည်ဆက်ခံသူ အဖြစ် ယန် ဒီယိုမန်ဒီကို သတ်မှတ်ပြီး စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီယိုမန်ဒီ ကတော့ လစ်ဗာပူးလ်နဲ့ ပတ်သက်တဲ့ သတင်းတွေကို ငြင်းဆိုထားခဲ့ပြီး လက်ရှိ အသင်း မှာပဲ အပြည့်အဝ အာရုံစိုက်ထားကြောင်း ပြောကြားခဲ့ပါတယ်။

 

ဖခင်ဖြစ်သူရဲ့ အိမ်မက်နဲ့ လစ်ဗာပူးလ်

ဒီယိုမန်ဒီက လစ်ဗာပူးလ် အသင်းနဲ့ ပတ်သက်ပြီး ဂျာမန် နာမည်ကြီး BILD သတင်းစာကို အခုလို ဖြေကြားခဲ့ပါတယ်။ “လူတွေက လစ်ဗာပူးလ်ကို ကျွန်တော့်ရဲ့ အိမ်မက် ကလပ်လို့ ပြောနေကြတာပါ။ တကယ်တော့ အဲ့ဒါက ကျွန်တော့် ဖခင် အနှစ်သက်ဆုံး အသင်း ဖြစ်နေလို့ပါ။ ဖခင် ဖြစ်သူက အန်ဖီးလ်ကွင်းရဲ့ အငွေ့အသက်ကို သိပ်ပြီး သဘောကျတာကြောင့် ကျွန်တော့်ကို အဲ့ဒီမှာ တစ်နေ့နေ့ ကစားစေချင်တာ သူ့ရဲ့ ဆန္ဒကြီး တစ်ခုပေါ့။ သူက စတီဗင် ဂျရတ် ကိုလည်း အမြဲတမ်း ချီးကျူးတတ်တယ်။ ကျွန်တော် ကတော့ ဂျရတ် ကစားတာကို မြင်လိုက်ရဖို့ ငယ်လွန်းခဲ့ပါတယ်။ ကျွန်တော် လစ်ဗာပူးလ်ကို အများကြီး လေးစားပါတယ်၊ ဒါပေမယ့် အခုချိန်မှာ ကျွန်တော့်ရဲ့ အိမ်မက် ကလပ် ကတော့ လိုက်ပ်ဇစ်ပါပဲ။” လို့ ဒီယိုမန်ဒီက ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ပါတယ်။

 

ဒီယိုမန်ဒီရဲ့ ထူးချွန်တဲ့ စွမ်းဆောင်ရည် မှတ်တမ်းများ

ဒီယိုမန်ဒီဟာ ၂၀၂၅-၂၀၂၆ ဘွန်ဒက်စ်လီဂါ ရာသီမှာ အကောင်းဆုံး ခြေစွမ်းပြနေတာကြောင့် ဘေယန်မြူးနစ်ရဲ့ အာရုံစိုက်မှု ကိုလည်း ရရှိထားပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်တွေ ကတော့ သူဟာ တစ်ကိုယ်တော် ထိုးဖောက်မှု (Dribbles) ၇၄ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ဒါဟာ လက်ရှိ ဘွန်ဒက်စ်လီဂါမှာ အများဆုံး ဖြစ်ပါတယ်။ (ဒုတိယနေရာက အသင်းဖော် အန်တိုနီယို နူဆာ ကတော့ အကြိမ် ၅၀ သာ ရှိပါတယ်) ။ ဒါ့အပြင် ဒီယိုမန်ဒီက Open Play ကနေ အခွင့်အရေး ၃၃ ကြိမ် ဖန်တီးပေးထားပြီး ရိုမန်နို ရှမစ်၊ မိုက်ကယ် အိုလီဆေးနဲ့ လူးဝစ် ဒီးယက်ဇ် တို့ရဲ့ နောက်မှာ စတုတ္ထမြောက် အကောင်းဆုံး အဖြစ် ရှိနေပါတယ်။

 

ဘေယန်မြူးနစ်နဲ့ အပြောင်းအရွှေ့

ဗင်းန်ဆင့် ကွန်ပနီရဲ့ ဘေယန်မြူးနစ်နဲ့ သတင်းတွေ ထွက်နေတာနဲ့ ပတ်သက်ပြီးတော့လည်း ၎င်းက အခုလိုပဲ ဆိုပါတယ်။ “အဲ့ဒီလို သတင်းမျိုး ကြားရတာ ဝမ်းသာစရာပါပဲ။ ဒါပေမယ့် ဘေယန် ဘက်က ဘယ်သူနဲ့မှ ကျွန်တော် စကားမပြောရသေးပါဘူး။ အခုချိန်က အဲ့ဒီ အကြောင်း ပြောဖို့ အချိန်ကောင်း မဟုတ်သေးဘူး။ ကျွန်တော် ဒီမှာ ပျော်နေပြီး အသင်း အတွက်ပဲ အပြည့်အဝ အာရုံစိုက်ထားချင်ပါတယ်။” လို့ ဒီယို မန်ဒီက ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်