သတင်းတွေအရတော့ တော့တင်ဟမ်ဟော့စပါးဟာ နည်းပြလောင်း ၅ ဦးခန့်ကို စဉ်းစား သုံးသပ်ခဲ့ပြီးနောက် ဂျူဗင်တပ်စ် နည်းပြဟောင်း အီဂေါ တူဒါကို ယာယီ နည်းပြ အဖြစ် ခန့်အပ်ရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ ဒေါ့မန် နည်းပြဟောင်းတွေ ဖြစ်ကြတဲ့ မာကို ရို့စ်နဲ့ အီဒင် တာဇစ် တို့ကိုလည်း ထည့်သွင်း စဉ်းစားခဲ့သေးတယ်လို့ သိရပါတယ်။
အခုတပတ် အစောပိုင်းမှာ နည်းပြ သောမတ်စ် ဖရန့်ခ် ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် စပါးဟာ တန်းဆင်းဇုန်နဲ့ ၅ မှတ်သာ ကွာဟတော့တဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။ ဒါ့အပြင် လာမယ့် ပွဲစဉ်တွေမှာလည်း ဇယား ထိပ်က ဦးဆောင်နေတဲ့ အာဆင်နယ်နဲ့ မြောက်လန်ဒန်ဒါဘီ ပွဲကြီးပွဲကောင်း ကစားဖို့ ရှိနေပါသေးတယ်။
ရော်ဘီကိန်းနဲ့ ပတ်သက်တဲ့ ရေရေရာရာ မရှိသော သတင်းများ
စပါး တိုက်စစ်မှူးဟောင်း ရော်ဘီကိန်းဟာ လက်ရှိမှာ ဟန်ဂေရီကလပ် ဖယ်ရင်ဗာရို့စ် ကို ကိုင်တွယ်နေပေမယ့်လည်း ၎င်း အနေနဲ့ စပါးဆီ ပြန်လာနိုင်ကြောင်း ခန့်မှန်းချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဟန်ဂေရီဖလား ပွဲစဉ်မှာ ၄-၀ နဲ့ အနိုင်ရရှိပြီးနောက် ပြုလုပ်တဲ့ အင်တာဗျူးမှာ ကိန်းက “ကောလာဟလတွေ ကိုတော့ ကျွန်တော် ဘာမှမတတ်နိုင်ဘူး” လို့သာ တုန့်ပြန်ထားခဲ့ပါတယ်။
နည်းပြသစ် အီဂေါ တူဒါရဲ့ အခြေအနေ
မနေ့က ရရှိတဲ့ သတင်းတွေအရ ဆိုရင် အသက် ၄၇ နှစ် အရွယ် ခရိုအေးရှား လူမျိုး နည်းပြ တူဒါက စပါးနဲ့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ သူဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာလက ဂျူဗင်တပ်စ် ကနေ ထုတ်ပယ်ခံရပြီး ကတည်းက အသင်း လက်မဲ့ ဖြစ်နေသူပါ။ တူဒါ အတွက် စပါးဟာ သူ့ရဲ့ ၁၃ နှစ်တာ နည်းပြ သက်တမ်း အတွင်း ၁၀ ခုမြောက် ကလပ် အသင်း ဖြစ်လာဖို့လည်း ရှိနေပါတယ်။ သူဟာ ဂါလာတာဆာရေး၊ မာဆေးလ်နဲ့ လာဇီယို အစ ရှိသည့် အသင်းကြီးတွေကို ကိုင်တွယ်ခဲ့ဖူးပေမယ့်လည်း ၂၀၁၃ ခုနှစ်က ရရှိခဲ့တဲ့ ခရိုအေးရှားဖလား တစ်လုံးသာ ဆုဖလား အောင်မြင်မှု ရရှိထားဖူးပါတယ်။
ယာယီ နည်းပြ မလုပ်ချင်တဲ့ ရော်ဘီကိန်း

သတင်းတွေအရ ရော်ဘီ ကိန်းဟာ ပရီးမီးယားလိဂ် ကလပ် အတွက် ယာယီ နည်းပြ မလုပ်ချင်ကြောင်း သိရပါတယ်။ သူဟာ စပါး အတွက် ပြိုင်ပွဲစုံ ၃၀၆ ပွဲ ကစားပြီး ၁၂၂ ဂိုး သွင်းယူပေးခဲ့သူ ဖြစ်ပြီး လက်ရှိမှာ စပါး ဘကက် သူ့ကို အမြဲတမ်း နည်းပြ အဖြစ် ကမ်းလှမ်းမှသာ လက်ခံလိုကြောင်း သိရပါတယ်။ ၎င်းဟာ လက်ရှိ ဟန်ဂေရီမှာ ချန်ပီယံဆု အတွက် ကြိုးပမ်းနေမှုကို စွန့်လွှတ်ပြီး စပါးသို့ လာမယ် ဆိုရင် ရေရှည် စာချုပ် ကိုသာ အလိုရှိနေခြင်း ဖြစ်ပါတယ်။ စပါးဟာ မန်ချက်စတာယူနိုက်တက်တို့ မိုက်ကယ် ကာရစ် လိုမျိုး ယာယီ တာဝန်ပေးတဲ့ ပုံစံမျိုး ကိုသာ ကျင့်သုံးလိုတာကြောင့် ကိန်းနဲ့ ညှိနှိုင်းမှု အဆင်မပြေ ဖြစ်ခဲ့ရကြောင်း သိရပါတယ်။
စပါးရဲ့ အမြဲတမ်း နည်းပြ ဘယ်သူဖြစ်လာနိုင်သလဲ
စပါးရဲ့ နွေရာသီမှာ ခန့်အပ်မယ့် အမြဲတမ်း နည်းပြလောင်း စာရင်းမှာ အောက်ပါ နည်းပြတွေ ပါဝင်နေပါတယ်။
မော်ရီစီယို ပိုချက်တီးနို – ပရိသတ်အကြိုက် နည်းပြဟောင်း ဖြစ်ပေမယ့်လည်း ၎င်း၏ အမေရိကန် လက်ရွေးစင် အသင်းနဲ့ စာချုပ်မှာ ကမ္ဘာ့ဖလားအပြီးမှ ကုန်ဆုံးမှာ ဖြစ်လို့ လျော်ကြေးငွေ အများအပြား ပေးရနိုင်ပါတယ်။
ရော်ဘတ်တို ဒီဇာဘီ – လက်ရှိမှာ အသင်း လက်မဲ့ ဖြစ်နေပြီး အရင်ကလည်း စပါးရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူက လက်ရှိမှာ ပရီးမီးယားလိဂ် ထိပ်သီး ကလပ် တသင်းသင်းကို ကိုင်တွယ်ချင်နေကြောင်း သိရပါတယ်။လောလောဆယ် မှာတော့ ယာယီ နည်းပြ အီဂေါ တူဒါ အနေနဲ့ တော်တော်လေး ခက်ခဲတဲ့ တာဝန်ကို ထမ်းဆောင်ရတော့မှာ ဖြစ်ပါတယ်။ စပါးဟာ တန်းဆင်းဇုန် အန္တရာယ်နဲ့ နီးကပ်နေပြီး အသင်းရဲ့ ရလဒ် ကလည်း ဆိုးရွားနေတာကြောင့် ၎င်းအနေနဲ့ အသင်းကို အချိန်မီ ကယ်တင်နိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


