နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ယူရိုပါလိဂ် ဖလား ရရုံနဲ့ စပါး အတွက် ‘မလုံလောက်သေးဘူး’ လို့ ဆိုလိုက်တဲ့ ပိုချက်တီနို | ပရီးမီးယားလိဂ်

မော်ရီစီယို ပိုချက်တီနိုဟာ တော့တင်ဟမ်ဟော့စပါးနဲ့ အတူ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ဖလားတွေကို ဆွတ်ခူးနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေအထိ ရောက်ရှိခဲ့ဖူးသူ ဖြစ်ပါတယ်။ သူက စပါး အနေနဲ့ ယူရိုပါလိဂ် ဖလားကို ရရှိရုံနဲ့တင် “ မလုံလောက်ဘူး” လို့ မှတ်ချက်ပေး ပြောဆိုခဲ့သလို၊ သူရဲ့ အသင်းဟောင်းဆီ ပြန်လာနိုင်ခြေ ရှိတဲ့ ပုံစံမျိုး အရိပ်အမြွက် ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အဓိက ကတော့ ပိုချက်တီနိုက အသင်းကို ပိုမိုမြင့်မားတဲ့ ရည်မှန်းချက်တွေ ထားရှိစေချင်နေတာ ဖြစ်ပါတယ်။

ပိုချက်တီနိုက The Highperformance Podcast နဲ့ အင်တာဗျူးမှာ “စပါး အသင်းဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ကို ဆွတ်ခူးနိုင်ဖို့အထိ စဉ်းစားရမယ့် အသင်းမျိုး ဖြစ်ပါတယ်။ အခုဆိုရင် အသင်းမှာ ချန်ပီယံလိဂ် အဆင့်အတန်းရှိတဲ့ အခြေခံ အဆောက်အအုံတွေ ရှိနေပြီ။ အရင်တုန်းက ကျွန်တော် တို့မှာ ဒါတွေ မရှိခဲ့ဘူး။ အခုဆို ပရိသတ်တွေ ကလည်း ကျွန်တော်တို့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ဖလားတွေ အတွက် စိန်ခေါ်နိုင်ခဲ့တာကို တန်ဖိုးထားကြပါတယ်။”

“ယူရိုပါလိဂ် ဖလား ရတာ ကတော့ ဟုတ်ပါပြီ။ ကောင်းလည်း ကောင်းပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဆုဖလား တစ်ခု ရလို့ အောင်ပွဲခံရတာဟာ ကောင်းတဲ့ ကိစ္စမို့ပါ။ ဒါပေမယ့် ဒါက မလုံလောက်သေးဘူး။ စပါးလို ကလပ် အသင်းမျိုး အတွက် မလုံလောက်ပါဘူး။ ခရာဘောင်ဖလား၊ အက်ဖ်အေဖလား၊ ယူရိုပါလိဂ် ဒါမှမဟုတ် ကွန်ဖရန့်လိဂ်လောက် ကိုပဲ စိန်ခေါ်နေရရုံနဲ့ မလုံလောက်ပါဘူး။ ပရိသတ်တွေ မျှော်လင့်နေတာ ကတော့ ချန်ပီယံလိဂ်မှာ ပါဝင်ယှဉ်ပြိုင်ဖို့၊ ဖလားရနိုင်တယ်လို့ ယုံကြည်ချက် အပြည့်နဲ့ တိုက်ပွဲဝင်ဖို့နဲ့ ပရီးမီးယားလိဂ် ဖလား အတွက်လည်း အဆုံးအထိ စိန်ခေါ် တိုက်ပွဲဝင်သွားဖို့ပဲ ဖြစ်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီက စပါးဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ မန်ချက်စတာယူနိုက်တက်ကို ၁-၀ နဲ့ အနိုင်ယူပြီး (၁၇) နှစ်ကြာ ဝေးကွာနေတဲ့ ဆုဖလား လက်မဲ့ဘဝကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒါဟာ နည်းပြ အန်ဂျီ ပိုစတီကိုဂလူးရဲ့ စပါးမှာ နောက်ဆုံးကိုင်တွယ်ခဲ့တဲ့ ပွဲစဉ်တွေထဲက တစ်ပွဲလည်း ဖြစ်ခဲ့ပါတယ်။ ဒီရာသီမှာတော့ နည်းပြသစ် သောမတ်စ် ဖရန့်ခ် လက်အောက်မှာ စပါးက ရလဒ်တွေ ဆိုးရွားနေပြီး ပရီးမီးယားလိဂ်မှာ အဆင့် ၁၅ အထိ ရောက်နေပါတယ်။ နောက်ဆုံး ၇ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေတာကြောင့် တန်းဆင်းဇုန်တိုက်ပွဲထဲ ရောက်သွားဖို့တောင် စိုးရိမ်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ စပါးဟာ ခရာဘောင်ဖလားနဲ့ အက်ဖ်အေဖလား ပြိုင်ပွဲတွေ ကနေ ထွက်ခွာခဲ့ရပြီး ဖြစ်ပေမယ့် ချန်ပီယံလိဂ် မှာတော့ ၁၆ သင်း အဆင့်ကို တိုက်ရိုက် တက်လှမ်းနိုင်ခဲ့တာကြောင့် ဆက်လက် ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။

ဒီရာသီမှာတော့ နည်းပြသစ် သောမတ်စ် ဖရန့်ခ် လက်အောက်မှာ စပါးက ရလဒ်တွေ ဆိုးရွားနေပြီး ပရီးမီးယားလိဂ်မှာ အဆင့် ၁၅ အထိ ရောက်နေပါတယ်။
လက်ရှိရာသီ ပရီးမီးယားလိဂ် တန်းဆင်းဇုန်နဲ့ အနီးဆုံးကို ရောက်လာတဲ့ စပါး

ပိုချက်တီနိုဟာ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီတုန်းက စပါးကို ပရီးမီးယားလိဂ် ဒုတိယနေရာနဲ့ ကလပ် အသင်း သမိုင်းတစ်လျှောက် အမှတ်အများဆုံး ရအောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။ ပိုချက်တီနိုဟာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလမှာ (ချန်ပီယံလိဂ် ဗိုလ်လုပွဲ ပို့ဆောင်ပေးပြီး ၅ လအကြာ) စပါး ကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပြီး၊ အခု မြောက်လန်ဒန်ကို တစ်ကျော့ပြန်လာဖို့ ဆန္ဒရှိနေတဲ့အကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ အသင်းဟောင်းတွေထဲက ဘယ်အသင်းက သူ့ရဲ့ နှလုံးသားထဲမှာ အထူးခြားဆုံးလဲလို့ မေးမြန်းတဲ့ အခါမှာ ပိုချက်တီနိုက စပါးကိုပဲ အထူးတလည် ရွေးချယ်ခဲ့ပြီး အင်္ဂလန်ကို ပြန်လာချင်တဲ့ ဆန္ဒကို ထုတ်ဖော်ပြခဲ့ပါတယ်။ ပိုချက်တီနိုက “ဟုတ်ပါတယ်၊ ကျွန်တော် ပရီးမီးယားလိဂ် ဖလားကို ရနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါက တကယ်ကို အရေးကြီးပါတယ်။ အကယ်၍ ခင်ဗျားမှာ မယုံကြည်ဘူး ဆိုရင်၊ အောင်မြင်ချင်စိတ်၊ ဝါသနာနဲ့ တိုက်ပွဲဝင်လိုစိတ်တွေ မရှိဘူးဆိုရင် အောင်မြင်မှုရဖို့ ခက်ခဲပါလိမ့်မယ်။”

“နောက်ပြီး ချန်ပီယံလိဂ်က ကမ္ဘာ့ဖလားလိုပဲ အိမ်မက် တစ်ခု မို့လို့ အံ့ဩစရာ ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော် တို့က အင်္ဂလန် ဘောလုံးလောကကို တကယ် ချစ်မြတ်နိုးတာပါ။ ဘောလုံးဟာ ဒီမှာပဲ စတင်ခဲ့တာလေ။ ကျွန်တော်တို့ အတွက်တော့ ဝင်ဘလေကွင်းကြီးထဲမှာ အချိန်အကြာကြီး ဖြတ်သန်းခွင့်ရခဲ့တာ တကယ်ကို ကံကောင်းပါတယ်။ အဲ့ဒါက ပြယုဂ်တစ်ခု ဖြစ်သလို တကယ်ကို ခမ်းနားတဲ့ အားကစားကွင်းကြီး ဖြစ်ပါတယ်။” လို့ ဆိုပါတယ်။

ဆက်လက်ပြီး ပိုချက်တီနိုက “ကျွန်တော်တို့ ကြိုးစားသွားမှာပါ။ ကံမကောင်းစွာနဲ့ပဲ ဘယ်အသင်းမှာ ဖြစ်မလဲဆိုတာတော့ မသိသေးပါဘူး။ အခုချိန်မှာ ကျွန်တော်တို့ နည်းပြအဖွဲ့ဝင်တွေဟာ အကောင်းဆုံး အခြေအနေမှာ ရှိနေပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ ငယ်ရွယ်သေးတယ်၊ ခွန်အားတွေ ရှိနေသေးတယ်။ ကျွန်တော် ဒီထက်ပိုပြီး ကောင်းအောင် လုပ်နိုင်ဦးမယ်လို့ ထင်ပါတယ်။ အခုဆိုရင် ဘယ်ကလပ်အသင်းကိုမဆို ကောင်းမွန်တဲ့ အရာတွေ ပေးစွမ်းနိုင်ဖို့ အရည်အချင်း၊ အသိပညာနဲ့ မျှခြေ ရှိတဲ့ အနေအထားမှာ ရှိနေပြီလို့ ယုံကြည်ပါတယ်။” လို့လည်း ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်