နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

သူဝင်လာရင် ထူးခြားမှုတွေ လုပ်ပြနိုင်မယ်လို့ ကျွန်တော် ပြောခဲ့တယ်’ – ယောကရက်စ်ရဲ့ ခြေစွမ်း အပေါ် အာတေးတား ချီးကျူး | ပရီးမီးယားလိဂ်

ဆန်းဒါးလန်းနဲ့ ပွဲမှာ လူစားဝင် ကစားသမား အဖြစ်နဲ့ မိနစ် ၃၀ အတွင်း ၂ ဂိုး သွင်းယူပေးခဲ့တဲ့ ဗစ်တာ ယောကရက်စ်ရဲ့ စွမ်းဆောင်ရည် အပေါ် အာဆင်နယ် နည်းပြ မီခဲလ် အာတေးတားက အလွန် ကျေနပ် အားရနေပါတယ်။ အဲဒီပွဲမှာ ယောရက်စ်က ဒုတိယပိုင်းမှာ လူစားဝင်လာပြီး နှစ်ဂိုး သွင်းယူကာ အသင်း အတွက် ပရီးမီးယားလိဂ် အနိုင်ရလဒ်ကို အတည်ပြု ဖော်ဆောင်ပေးနိုင်ခဲ့တာပါ။

ဒါကြောင့် နည်းပြ မီခဲလ် အာတေးတားက ယောကရက်စ် လူစားမဝင်ခင်မှာ အသင်း အတွက် တစ်စုံတစ်ရာ စွမ်းဆောင်ပေးနိုင်လိမ့်မယ်လို့ ကြိုတင် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အာတေးတားက BBC Match of the Day နဲ့ အင်တာဗျူးမှာ အခုလို ပြောကြားခဲ့ပါတယ်။

“အရမ်း ပျော်ပါတယ်။ သူနဲ့ ထိုက်တန်ပါတယ်။ သူဟာ အသင်း အပေါ် အရမ်းကို စိတ်ရောကိုယ်ပါ ပေးဆပ်ထားတဲ့ ကစားသမား ဖြစ်သလို ပိုကောင်းလာအောင်လည်း အမြဲတမ်း ကြိုးစားနေသူပါ။ ပွဲထွက် လူစာရင်းကို သူမြင်တဲ့အချိန်မှာ ‘မင်း လူစားဝင်လာရင် အသင်းအတွက် ထူးခြားမှုတွေ လုပ်ပြနိုင်လိမ့်မယ် လို့ သူ့ကို ကျွန်တော် ပြောခဲ့ပါတယ်။” ဆိုပြီး အာတေးတားက ပြန်လည် ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဒီပွဲမှာ ၃-၀ နဲ့ အနိုင်ရရှိခဲ့သလို ပရီးမီးယားလိဂ် အမှတ်ပေးဇယားကိုလည်း အမှတ်ဖြတ် ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ မာတင် ဇူဘီမန်ဒီက အလန်းစား အဝေး ကန်ချက်နဲ့ ဦးဆောင်ဂိုး စတင် သွင်းယူခဲ့ပြီး၊ ယောရက်စ် ကတော့ ဆန်းဒါးလန်းတို့ ချေပဂိုးရဖို့ ကြိုးစားနေတဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးခဲ့တာ ဖြစ်ပါတယ်။

ယောကရက်စ်ဟာ သူသွင်းယူထားတဲ့ ပရီးမီးယားလိဂ် ၈ ဂိုး ထဲက ၆ ဂိုးဟာ တန်းတက် အသင်းတွေနဲ့ တွေ့ဆုံချိန်မှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ဇယားထိပ်ကနေ ၆ မှတ် ဖြတ် ဦးဆောင်နေတဲ့ ယောကရက်စ်

ယောကရက်စ်ဟာ သူသွင်းယူထားတဲ့ ပရီးမီးယားလိဂ် ၈ ဂိုး ထဲက ၆ ဂိုးဟာ တန်းတက် အသင်းတွေနဲ့ တွေ့ဆုံချိန်မှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ယောကရက်စ်ဟာ အာဆင်နယ် ကစားသမား ဘဝမှာ ပထမဆုံး အကြိမ် အဖြစ် ပရီးမီးယားလိဂ်မှာ နှစ်ပွဲ ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ်ထဲ ရောက်ရှိလာကတည်းက ယောကရက်စ်ဟာ ပြိုင်ပွဲစုံမှာ ၆ ဂိုး အထိ သွင်းယူထားပြီး ဒါဟာ တခြား ဘယ်ပရီးမီးယားလိဂ် ကစားသမားထက်မဆို ပိုများတဲ့ ကိန်းဂဏန်း တစ်ခုလည်း ဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် အာဆင်နယ်ဟာ မနေ့ညက ကစားတဲ့ မန်စီးတီးနဲ့ လစ်ဗာပူးလ်ပွဲ မတိုင်ခင်မှာပဲ ဇယားထိပ် ကနေ ၉ မှတ် အထိ ဖြတ်ပြီး ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ အာဆင်နယ်အနေနဲ့ ဇယားထိပ်မှာ ၉ မှတ်နဲ့ အထက် ဖြတ်နိုင်ခဲ့တာဟာ ၂၀၀၃-၀၄ (ရှုံးပွဲမရှိ ချန်ပီယံ ဖြစ်ခဲ့တဲ့ ရာသီ) နောက်ပိုင်း ပထမဆုံး အကြိမ်လည်း ဖြစ်ပါတယ်။

နောက်ဆုံး မှာတော့ အာတေးတားက “တကယ့်ကို ခက်ခဲတဲ့ ပြိုင်ဘက်နဲ့ ကစားခဲ့ရတာပါ။ ဇူဘီရဲ့ ဂိုးက တကယ့်ကို လှပပါတယ်။ သူတို့ (ဆန်းဒါးလန်း) က ကျွန်တော် တို့ရဲ့ ကစားကွက် စည်းချက်ကို ဖျက်ဆီးနိုင်စွမ်း ရှိပါတယ်။ အဲဒီအချိန်မှာ လူစားဝင်လာတဲ့ ကစားသမားတွေက အဆုံးအဖြတ် ဖြစ်သွားခဲ့ပါတယ်။” လို့ ဖြည့်စွက် ပြောဆိုခဲ့ပါတယ်။

ဆန်းဒါးလန်း အသင်း ကတော့ နောက်ဆုံး ကစားခဲ့တဲ့ အဝေးကွင်း ၈ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေဆဲ ဖြစ်ပြီး နောက်ဆုံး ၃ ပွဲ ဆက်တိုက် မှာလည်း တစ်ပွဲကို ၃ ဂိုးစီ ပေးခဲ့ရပါတယ်။ သူတို့ အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ကောင်းမွန်ခဲ့ပေမယ့် ဂိုးပေါက် ခြိမ်းခြောက်နိုင်မှု အားနည်းခဲ့ပါတယ်။ဒါနဲ့ ပတ်သတ်လို့ ဆန်းဒါးလန်း နည်းပြ ရီဂျစ် လီ ဘရစ်က Sky Sports ကို အခုလို ပြောပါတယ်။ “ရလဒ်ကတော့ ရလဒ်ပါပဲ။ သူတို့ (အာဆင်နယ်) က ကျွန်တော်တို့ ပေးလိုက်တဲ့ အခွင့်အရေးတွေကို မလွတ်တမ်း အသုံးချနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ တတိယဂိုး မပေးရခင် အထိ ပွဲထဲမှာ ရှိနေခဲ့ပါသေးတယ်။ အတွေ့အကြုံနဲ့ အရည်အချင်း ကွာခြားမှုကို ကျွန်တော်တို့ လက်ခံရပါမယ်။ ကျွန်တော် တို့က တန်းတက် အသင်းဆိုပေမယ့် ဒီနေ့ပွဲမှာ ယှဉ်ပြိုင်နိုင်စွမ်း ရှိခဲ့ပါတယ်။ ဒီထက် ပိုကောင်းအောင် ဆက်ကြိုးစားသွားမှာပါ။” လို့ လီဘရစ်က ဆိုပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်