နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အသင်း အတွင်း စည်းလုံးမှု ပြိုကွဲနေတယ် ဆိုတာ မဟုတ်ကြောင်း အခိုင်အမာ ငြင်းဆိုခဲ့တဲ့ ဗန်ဒိုက်ခ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ လစ်ဗာပူးလ် ကတော့ ခက်ခဲတဲ့ ရာသီ တစ်ခုကို ဖြတ်သန်းနေရပါတယ်။ ဒီအချိန်မှာ အသင်း အတွင်း စည်းလုံးမှု ပြိုကွဲနေတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လျက် ရှိပေမယ့် အသင်းခေါင်းဆောင် ဗာဂျယ် ဗန်ဒိုက်ခ် ကတော့ ငြင်းဆိုလာခဲ့ပါတယ်။ ဒါ့အပြင် နယ်သာလန်သားက အခုလို ခက်ခဲတဲ့ ရာသီတစ်ခုကို ဖြတ်သန်းနေရပေမယ့် လစ်ဗာပူးလ် အသင်းသားတိုင်းဟာ ပြင်ပက ဝေဖန်မှုတွေကြောင့် အာရုံမနောက်အောင်လို့ လျစ်လျူရှုထားနိုင်စွမ်း ရှိတယ် ဆိုပြီးလည်း ပြောကြားခဲ့ပါသေးတယ်။

 

အသင်းတွင်း အခြေအနေ

ဗန်ဒိုက်ခ်က လစ်ဗာပူးလ်ရဲ့ အဝတ်လဲခန်း အတွင်းမှာ စည်းလုံးမှု ပျက်ပြားတာမျိုး လုံးဝ မရှိကြောင်းနဲ့ အပြင်ကဝေဖန်မှုတွေဟာ အန်ဖီးလ်က ဘယ်သူ့ကိုမှ သက်ရောက်မှု ရှိစေမှာ မဟုတ်ကြောင်း အခိုင်အမာ ပြောဆိုပါတယ်။ နည်းပြ အာနေး ဆလော့တ်ရဲ့ ဒုတိယမြောက်ရာသီမှာ လစ်ဗာပူးလ်က ရုန်းကန်နေရပြီး ပရီးမီးယားလိဂ် အဆင့် (၆) နေရာမှာ ရောက်ရှိနေပါတယ်။ ဒါ့ပေမယ့်လည်း အဆင့် ၄ နေရာက ယူနိုက်တက်နဲ့ ၂ မှတ် အကွာမှာ ရှိနေတာကြောင့် ချန်ပီယံဆုကို ကာကွယ်ဖို့ မဖြစ်နိုင်တော့ပေမယ့် ချန်ပီယံလိဂ် ဝင်ခွင့် အတွက် မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ပါတယ်။

 

နည်းပြနဲ့ ကစားသမားတွေ အပေါ် ဝေဖန်မှုများ

လစ်ဗာပူးလ်ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု ကာကွယ်ရေး မျှော်လင့်ချက်တွေ ပျက်ပြားသွားပြီးနောက် နည်းပြ အာနေး ဆလော့တ်ရဲ့ ရာထူးဟာ မရေမရာ ဖြစ်လာခဲ့ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့လက ရီးရဲလ်မက်ဒရစ် ကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ကြိုးကြာနီဟောင်း ဇာဘီ အလွန်ဆိုရဲ့ သတင်းတွေကြောင့် ဝေဖန်မှုတွေ ပိုမိုမြင့်တက်ခဲ့တာပါ။

နောက်တစ်ခုက အသင်းရဲ့ အဓိက တိုက်စစ်မှူး မိုဟာမက် ဆာလက်ဟာ ဒီဇင်ဘာလ အတွင်းက အရန်ခုံမှာ အကြိမ်ကြိမ် ထိုင်ခဲ့ရပြီးနောက် အာနေး ဆလော့တ်နဲ့ လူသိရှင်ကြား အခြေအတင် ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ နည်းပြနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီးနောက် မှာတော့ ဆာလာဟာ အသင်းရဲ့ လူစာရင်းထဲ ပြန်လည် ပါဝင်လာခဲ့ပါတယ်။

 

ဗန်ဒိုက်ခ်ရဲ့ တုံ့ပြန်မှု

လစ်ဗာပူးလ်ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု ကာကွယ်ရေး မျှော်လင့်ချက်တွေ ပျက်ပြားသွားပြီးနောက် နည်းပြ အာနေး ဆလော့တ်ရဲ့ ရာထူးဟာ မရေမရာ ဖြစ်လာခဲ့ပါတယ်။
အသင်းအတွင်းမှာ အဆင်မပြေမှုတွေ ရှိနေတဲ့ လစ်ဗာပူးလ်

အသင်းတွင်းမှာ စိတ်ပျက်စရာတွေ ရှိနေပေမယ့် အားလုံးဟာ စည်းစည်းလုံးလုံး ရှိနေဆဲ ဖြစ်ကြောင်း ဗန်ဒိုက်က အခုလိုပဲ ပြောပါတယ်။ “အသင်း အတွင်းမှာ သံသယဖြစ်စရာ ဒါမှမဟုတ် စိတ်ဝမ်းကွဲစရာတွေ ရှိနေတယ်လို့ ကျွန်တော် မထင်ပါဘူး။ စိန်ခေါ်မှုတွေ ကတော့ အမြဲတမ်း ရှိနေမှာပဲ၊ လူတိုင်း ကတော့ အခြေအနေတွေကို ကိုယ်စီ နည်းလမ်း အမျိုးမျိုးနဲ့ ရင်ဆိုင် ဖြေရှင်းနေကြတာပါ။” လို့ ဗန်ဒိုက်ခ်က ဆိုပါတယ်။

နည်းပြ အားနေး ဆလော့တ် အပေါ် မလေးမစားမှုတွေ ရှိနေသလား ဆိုပြီး မေးမြန်းရာ မှာတော့ ဗန်ဒိုက်ခ်က “ဘယ်သူက မလေးမစား လုပ်နေတာလဲ။ အဲဒါက အဓိက မေးခွန်းပါ။ ကျွန်တော်တို့ တန်ဖိုးထားစရာ မလိုတဲ့သူတွေ ဆီက လာတဲ့ အပြောအဆိုတွေလား။ ကစားသမားတွေကိုရော ဘယ်သူတွေက ဝေဖန်နေတာလဲ။ အဲဒီလူတွေကရော ကျွန်တော်တို့ တန်ဖိုးထားရမယ့်သူတွေလား။ ဒါမှမဟုတ် အရေးမစိုက်ဘဲ လွှတ်ထားလိုက်ပြီး လစ်ဗာပူးလ် ကစားသမားပီပီ အောင်မြင်ဖို့ အတွက်ပဲ အာရုံစိုက်ရမယ့်သူတွေလား။ အဲဒါက ကျွန်တော်တို့ ၃ ရက် ၄ ရက်တစ်ကြိမ် ပြောလေ့ ရှိတဲ့ တာဝန်ယူမှု ဆိုတာပါပဲ။ လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

 

မျိုးဆက်သစ်တွေ အတွက် အကြံပြုချက်

ပြင်ပက ဝေဖန်မှုတွေဟာ ဘောလုံးလောကရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး လူငယ် ကစားသမားတွေကို အဲဒီဆူညံသံတွေကို တတ်နိုင်သမျှ နားမထောင်ဖို့ ဗန်ဒိုက်ခ်က အကြံပေးပါတယ်။ “တကယ်လို့ ခင်ဗျားက အဲဒီသတင်းတွေကိုပဲ လိုက်ဖတ်နေမယ် ဆိုရင် ဒီအပတ်မှာ ခင်ဗျားက သူရဲကောင်းဖြစ်နေပြီး နောက်အပတ်မှာ လူကြမ်း ဖြစ်သွားနိုင်ပါတယ်။ အခြေအနေတွေက တစ်နှစ်ထက် တစ်နှစ် ပိုခက်ခဲလာတယ်လို့ ကျွန်တော် ပြောခဲ့ဖူးပါတယ်။ နောက်မျိုးဆက်သစ်တွေ အတွက် ဒါဟာ တကယ့်ကို ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်လာမှာပါ။” လို့ ဗန်ဒိုက်ခ်က ပြောကြားခဲ့ပါတယ်။

ဗန်ဒိုက်ခ် ကတော့ အသင်းခေါင်းဆောင်ပီပီ အသင်းသားတွေကို ပြင်ပ ဖိအားတွေ အောက်မှာ စိတ်ဓာတ်မကျဖို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ တိုက်တွန်းချက်တွေ အလုပ်ဖြစ်ပြီး မကြာမီ အချိန်အတွင်း လစ်ဗာပူးလ်တို့ လမ်းကြောင်းမှန်ပေါ် ပြန်လည် ရောက်ရှိလာမလား ဆိုတာ ကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်