အေစီမီလန် ကတော့ အခုတပတ် စီးရီးအေမှာ ရိုးမားနဲ့ တစ်ဂိုးစီ သရေကျခဲ့ပြီးနောက် ဇယားထိပ်က အင်တာမီလန်နဲ့ ၅ မှတ် ကွာသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း နည်းပြ ဖြစ်သူ မာစီမီလီယာနို အယ်လီဂရီ ကတော့ ဒါဟာ ကောင်းမွန်တဲ့ ရလဒ် တစ်ခု ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။
အဲဒီပွဲရဲ့ ပွဲကစားချိန် ၆၂ မိနစ်မှာ ကိုနီ ဒီဝင်းတားက ခေါင်းတိုက်ပြီး အေစီမီလန် အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် ၁၂ မိနစ် အကြာ မှာတော့ ရိုးမားက ပင်နယ်တီ ရရှိခဲ့ပြီး လိုရန်ဇို ပယ်လီဂရီနီက အမှားအယွင်းမရှိ ကန်သွင်းကာ ချေပဂိုး ပြန်လည် ရယူပေးခဲ့ပါတယ်။ ဒီသရေ ရလဒ်ကြောင့် အေစီမီလန်ရဲ့ စီးရီးအေ ရှုံးပွဲ မရှိ စံချိန်ဟာ ၂၁ ပွဲ အထိ ရှိလာခဲ့ပါတယ်။ ဒါဟာ ဥရောပ ထိပ်သီးလိဂ် ၅ ခုထဲမှာ အရှည်ကြာဆုံး ရှုံးပွဲ မရှိ စံချိန်လည်း ဖြစ်ပါတယ်။
ကိန်းဂဏန်းတွေ အရတော့ အေစီမီလန်တို့ ကံကောင်းခဲ့တယ်လို့ ဆိုရပါမယ်။ ရိုးမားဟာ ဂိုးပေါက် ခြိမ်းခြောက်မှု ၁၅ ကြိမ် အထိ ပြုလုပ်ခဲ့ပြီး ဂိုးရနိုင်ခြေ (xG) ၂.၇၅ ရှိခဲ့ပေမယ့် အေစီမီလန် ကတော့ ၅ ကြိမ်သာ အားထုတ်နိုင်ခဲ့ပြီး (xG) ၀.၄၄ သာ ရှိခဲ့ပါတယ်။
ဒီပွဲအပြီး နည်းပြ မက်စ် အယ်လီဂရီက DAZN Italia နဲ့ အင်တာဗျူးမှာ အခုလိုပဲ ပြောကြားခဲ့ပါတယ်။ ပထမပိုင်း အစောပိုင်းမှာ ကောင်းခဲ့ပေမယ့် နောက်ပိုင်း မှာတော့ ရိုးမားက ကျွန်တော် တို့ကို ဖိအားပေးလာပါတယ်။ သူတို့က second ball တွေကို ကျွန်တော်တို့ထက် ပိုမြန်မြန် ရယူနိုင်ပြီး အန္တရာယ်ပေးနိုင်ခဲ့ပါတယ်။ ဂိုးသမား မိုက်ခ် မိုက်ဂ်နွန်ရဲ့ လက်စွမ်းပြမှုတွေကြောင့်သာ ကျွန်တော်တို့ ပွဲထဲမှာ ဆက်ရှိနေခဲ့တာပါ။”

“ဒုတိယပိုင်း မှာတော့ ကျွန်တော်တို့ နည်းစနစ်ပိုင်း ပိုကောင်းလာသလို ရိုးမားရဲ့ အရှိန်ကလည်း နည်းနည်းကျသွားပါတယ်။ ဦးဆောင်ဂိုး ရပြီးတဲ့နောက် ပွဲကို ထိန်းချုပ်နိုင်ပြီလို့ ထင်ခဲ့ပေမယ့် ဘောလုံး မှာတော့ ဒီလို ဖြစ်ရပ်တွေ (ပင်နယ်တီ ပေးလိုက်ရခြင်း) က ရှိတတ်ပါတယ်။ အိုလံပီကိုကွင်းမှာ အခုလိုအချိန်မျိုးမှာ တစ်မှတ် ရခဲ့တာက အရမ်းပဲ အရေးကြီးပါတယ်။ ကျွန်တော် တို့ဟာ နာပိုလီနဲ့ ရမှတ် ကွာဟမှုကို လျှော့ချနိုင်ခဲ့သလို ရိုးမားနဲ့ အကွာအဝေး ကိုလည်း မပြောင်းလဲအောင် ထိန်းထားနိုင်ခဲ့ပါတယ်။”
ဒီပွဲမှာ အယ်လီဂရီဟာ တိုက်စစ်မှာ ရာဖေးလ် လီယာအိုနဲ့ ခရစ္စတိုဖာ အန်ကွန်ကူ တို့ကို တွဲဖက် ပွဲထုတ်ခဲ့ပါတယ်။ ဇန်နဝါရီမှာ အသစ် ခေါ်ယူထားတဲ့ ဖူးလ်ခရက်ဂျ် အနေနဲ့လည်း မိနစ် ၆၀ ကျော်မှာ ထည့်သွင်းခဲ့ပေမယ့် ဂိုးမရခဲ့ပါဘူး။ အယ်လီဂရီ အနေနဲ့ ခရစ္စတီယန် ပူလီဆစ် ကိုလည်း လူစားဝင် ကစားသမား အဖြစ် အသုံးပြုခဲ့ပါတယ်။ ဒါနဲ့ ပတ်သတ်လို့ အယ်လီဂရီက “ပွဲကို အဆုံးသတ်နိုင်ဖို့ အတွက် လေဟုန်ထဲမှာ အားသာချက်ရှိပြီး စိတ်အားထက်သန်တဲ့ ပူလီဆစ်ကို ထည့်ခဲ့တာပါ။” လို့ ရှင်းပြခဲ့ပါတယ်။
အေစီမီလန်ဟာ ဒီပွဲမှာ သရေကျခဲ့တာကြောင့် စီးရီးအေ အမှတ်ပေးဇယား ထိပ်က အင်တာမီလန်နဲ့ ၅ မှတ် ကွာဟသွားခဲ့ပါပြီ။ အင်တာမီလန် ကတော့ ပြီးခဲ့တဲ့သောကြာနေ့က ပီဆာကို ၆-၂ နဲ့ အပြတ်အသတ် အနိုင်ရရှိထားတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


