လိုက်ပ်ဇစ် နည်းပြ အိုလီ ဗာနာက ဒီရာသီ သူတို့ အသင်းရဲ့ ပန်းတိုင်က ဥရောပဝင်ခွင့်ရရှိရေး ဖြစ်ကြောင်းနဲ့ ကွန့်ဖရင့်လိဂ် အဆင့်လောက်နဲ့တင် မကျေနပ်နိုင်ဘူးလို့ အတိအလင်း ပြောကြားလိုက်ပါတယ်။ လိုက်ပ်ဇစ်က လက်ရှိ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားမှာ အဆင့် ၁၇ နေရာက စိန့်ပေါ်လီနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ် မတိုင်ခင် ဗာနာက အခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
လိုက်ပ်ဇစ်ဟာ ရာသီအစမှာ ခြေစွမ်းပြခဲ့ပေမယ့် ၂၀၂၅ ခုနှစ် အကုန်က စပြီး နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့သလို၊ ဆောင်းရာသီ အားလပ်ရက် အပြီး ဒုတိယမြောက် ပွဲစဉ် မှာလည်း ဘေယန်မြူးနစ်ကို ၅ ဂိုး ၁ ဂိုးနဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် လိုက်ပ်ဇစ်က ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၅ နေရာ အထိ ကျဆင်းသွားခဲ့ရပါတယ်။ ဒါပေမယ့်လည်း လိုက်ပ်ဇစ်က သူတို့ အထက်က ပြိုင်ဘက်တွေထက် ပွဲလျော့ ကစားထားသလို၊ ဒုတိယနေရာက ဒေါ့မန်နဲ့လည်း ၇ မှတ်သာ ကွာဟပါတယ်။
ဒီအခြေအနေနဲ့ ပတ်သတ်လို့ အိုလီ ဗာနာက “ကျွန်တော် တို့ဟာ ဥရောပဝင်ခွင့် အတွက် အားကောင်းတဲ့ ပြိုင်ဘက် အသင်း တစ်သင်းလို့ ထင်ပါတယ်။ လက်ရှိမှာ တစ်ပွဲကို ပျမ်းမျှ ၂ မှတ် နီးပါး ရယူထားနိုင်ပြီး စိန့်ပေါ်လီကို အနိုင်ရရင် ဒီနှုန်းထားက ပိုတက်လာမှာပါ။ လက်ရှိမှာ အသင်း ၆ သင်း၊ ၇ သင်းလောက်က အကြိတ်အနယ် ယှဉ်ပြိုင်နေကြတာ ဖြစ်ပြီး ကျွန်တော် တို့လည်း အဲဒီထဲမှာ ပါဝင်နေပါတယ်။”

“ဒီရာသီ ကျွန်တော်တို့ရဲ့ ပန်းတိုင်က ရှင်းလင်းပါတယ်။ ဥရောပဝင်ခွင့် ရဖို့ပါ။ လက်ရှိမှာ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပြီး ကိုယ့်ကိုယ်ကိုယ် ကန့်သတ်ချက်တွေ မထားချင်ပါဘူး။ အကယ်၍ အဆင့် (၄) အတွင်း ဝင်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရမယ် ဆိုရင်တော့ ပိုတောင် ကောင်းသေးတာပေါ့။ စိန့်ပေါ်လီဟာ ရာသီအစမှာ ကောင်းခဲ့ပေမဲ့ နောက်ပိုင်း ရလဒ်တွေ ဆိုးခဲ့ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ သူတို့ရဲ့ ခံစစ်က ပြန်လည် တည်ငြိမ်လာတာ တွေ့ရတယ်။ ပြီးခဲ့တဲ့ နှစ်က သူတို့ အသင်းကို အားကောင်းစေခဲ့တဲ့ ကျစ်လျစ်တဲ့ ပုံစံမျိုး ပြန်ရနေပါပြီ။” လို့ ဆိုပါတယ်။
ဆက်လက်ပြီး ဗာနာက “သူတို့က ခံစစ်ပိုင်းမှာ တည်ဆောက်ပုံ အလွန်ကောင်းသလို တန်ပြန် တိုက်စစ် မှာလည်း အန္တရာယ်ရှိပါတယ်။ သူတို့ အသင်းမှာ မြန်နှုန်းမြင့် ကစားသမားတွေနဲ့ ဘောလုံး ပေးပို့မှု ကောင်းမွန်တဲ့ ကစားသမားတွေ အများကြီး ရှိတာကြောင့် ကျွန်တော်တို့ အကောင်းဆုံး ပြင်ဆင်ထားဖို့ လိုပါတယ်။” လို့လည်း ပြောကြားသွားခဲ့ပါတယ်။
လိုက်ပ်ဇစ်ဟာ စိန့်ပေါ်လီနဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၇ ပွဲမှာ ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၃ ပွဲ ရှုံးပြီး ထိပ်တိုက်တွေ့ဆုံမှုမှာ အသာမရခဲ့ပါဘူး။ဘွန်ဒက်စ်လီဂါ တွေ့ဆုံမှု နောက်ဆုံး ၂ ကြိမ် မှာတော့ လိုက်ပ်ဇစ်က ၁ ကြိမ် နိုင်ပြီး ၁ ကြိမ် သရေကျထားပါတယ်။ စိန့်ပေါ်လီ အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၃ ကြိမ် မှာတော့ လိုက်ပ်ဇစ် တို့ နိုင်ပွဲ မရထားတဲ့ ၂ ပွဲ ရှုံး၊ ၁ ပွဲ သရေကျထားပါတယ်။ အကယ်၍ လိုက်ပ်ဇစ်သာ ဒီပွဲမှာ အနိုင်ရခဲ့မယ် ဆိုရင်တော့ အမှတ်ပေးဇယား အဆင့် ၄ နေရာကို ရယူနိုင်မှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


