နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

သမိုင်းတလျှောက် အီတလီ စူပါဖလားမှာ တတိယအကြိမ်မြောက် ချန်ပီယံ ဖြစ်ခဲ့တဲ့ နာပိုလီ

နာပိုလီ ကတော့ ဒီကနေ့ မနက်အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အီတလီ စူပါဖလား ဗိုလ်လုပွဲမှာ ဘိုလော့ဂ်နာကို ၂-၀ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ရီယက်ဒ်မှာ ကစားခဲ့တဲ့ ဒီပွဲမှာတော့ နာပိုလီ အတွက် အနိုင်ဂိုး ၂ ဂိုးစလုံးကို ဒေးဗစ် နီရက်စ် တစ်ဦးတည်းကပဲ သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။

စကူဒက်တို ချန်ပီယံတွေဟာ ဒီနေ့ ပွဲမှာ ဟွိုက်ဂျ်လန်းက အထောင် တိုက်စစ်မှာ ထားပြီး အဲလ်မက်စ်၊ နီရက်စ်၊ မက်တော်မီနေး၊ လိုဘွတ်ကာ၊ ပိုလီတာနို၊ စပင်နက်ဇိုလာ၊ ရာမာနီ၊ ဂျေဇုစ်၊ လိုရန်ဇို၊ မီလန်ကိုဗစ် ဆာဗစ် တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ကိုပါအီတလီယာဖလား ချန်ပီယံ တို့ကလည်း ကတ်စထရို၊ အော့ဒ်ဂတ်၊ ဖာဂူဆန်၊ ဟုမ်း၊ မီရန်ဒါ တို့လို အဓိက ကစားသမားတွေနဲ့ပဲ နာပိုလီကို ပြန်လည် ရင်ဆိုင်သွားခဲ့ပါတယ်။

နာပိုလီက ဒီနေ့ပွဲမှာ တိုက်စစ်ကို ပိုပြီး ထိထိရောက်ရောက် ကစားနိုင်ခဲ့ပြီးတော့ ဂိုးပေါက် ကန်ချက် ၁၅ ကြိမ်မှာ ဂိုးပေါက် တည့်မှုက ၈ ကြိမ် အထိ ရှိခဲ့ပါတယ်။ ဘိုလော့ဂ်နာ ကတော့ ဘောလုံး ပိုင်ဆိုင်မှု အသာရခဲ့တာက လွဲရင် နာပိုလီကို ထိရောက်တဲ့ ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ခြင်း မရှိပါဘူး။ နာပိုလီ အတွက် အနိုင်ဂိုးတွေ ကိုတော့ နီရက်စ်က ပွဲချိန် ၃၉ မိနစ်နဲ့ ၅၇ မိနစ်မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒီသွင်းဂိုး ၂ ဂိုး ကပဲ နာပိုလီတို့ အခုနှစ် ဘောလုံးရာသီ အတွင်း ဆုဖလား တစ်လုံး အဖြစ် အီတလီ စူပါဖလား ရရှိဖို့ လုံလောက်ခဲ့ပါတယ်။

ဒီသွင်းဂိုး ၂ ဂိုး ကပဲ နာပိုလီတို့ အခုနှစ် ဘောလုံးရာသီ အတွင်း ဆုဖလား တစ်လုံး အဖြစ် အီတလီ စူပါဖလား ရရှိဖို့ လုံလောက်ခဲ့ပါတယ်။
နီရက်စ်ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ အီတလီစူပါဖလား ချန်ပီယံ ဖြစ်ခဲ့တဲ့ နာပိုလီ

ဒေးဗစ် နီရက်စ်ဟာ နာပိုလီ အတွက် အဖွင့်ဂိုးကို ၁၈ ကိုက်စည်း ပြင်ပကနေ ဝေ့ဝိုက်ကာ လှလှပပ ကန်သွင်းသွားခဲ့တာ ဖြစ်ပြီး ဂိုးသမား ရာဗာဂလီယာလည်း ဘယ်လိုမှ မတတ်နိုင်ခဲ့ပါဘူး။ ဒုတိယဂိုး ကတော့ ဂိုးသမား ရာဗာဂလီယာရဲ့ အမှား ကနေ နီရက်စ်က အခွင့်ကောင်းယူကာ အပိုင်အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။

နာပိုလီ အနေနဲ့ အီတလီ စူပါဖလားမှာ ၁၉၉၀-၁၉၉၁နဲ့ ၂၀၁၄-၂၀၁၅ ဘောလုံး ရာသီ တို့မှာ ချန်ပီယံ ဖြစ်ထားပြီး ဒီတစ်ကြိမ် ကတော့ သူတို့ အတွက် သမိုင်းတလျှောက် တတိယအကြိမ်မြောက်လည်း ဖြစ်ပါတယ်။ နာပိုလီဟာ ၂၀၂၃-၂၀၂၄ ဘောလုံး ရာသီက အီတလီ စူပါဖလားမှာ ချန်ပီယံ ဖြစ်ဖို့ နီးစပ်ခဲ့ပေမယ့် အင်တာမီလန်ကို ရှုံးနိမ့်ပြီး ဒုတိယနဲ့ပဲ ကျေနပ်ထားခဲ့ရတာပါ။ ဒါ့အပြင် နေပဲလ် ကလပ်က လွန်ခဲ့တဲ့ ၅ နှစ်က ကိုပါအီတာလီယာဖလားမှာ ချန်ပီယံ ဖြစ်ပြီး နောက်ပိုင်း ဗိုလ်လုပွဲမှာ ပထမဦးဆုံး အကြိမ် ပြန်လည် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ကွန်တီက နည်းပြ ဘဝ တလျှောက် ဗိုလ်လုပွဲ ၈ ပွဲမှာ စတုတ္ထအကြိမ်မြောက် အနိုင်ရရှိခဲ့တာ ဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ ချဲလ်ဆီးကို အက်ဖ်အေဖလား ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဘိုလော့ဂ်နာ အတွက်ကတော့ ဒါဟာ သူတို့ရဲ့ တစ်ပွဲတည်း ကစားရတဲ့ ဗိုလ်လုပွဲမှာ ပထမဦးဆုံး အကြိမ် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဘိုလော့ဂ်နာက ၁၉၇၄ ခုနှစ်နဲ့ ဒီနှစ် အစောပိုင်းက ကစားခဲ့တဲ့ ကိုပါအီတလီယာဖလား နှစ်ပွဲစလုံးမှာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

နာပိုလီဟာ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ခရီမိုနိစ်နဲ့ စီးရီးအေ ပွဲစဉ် ဆက်လက် ကစားရဖို့ ရှိပြီး ဦးဆောင်သူ အင်တာမီလန်နဲ့ အမှတ် မကွာဟသွားစေဖို့ နိုင်ပွဲ ပြန်လည် ရှာဖွေရမှာ ဖြစ်ပါတယ်။ ဘိုလော့ဂ်နာ ကတော့ စီးရီးအေ နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေမှုကို ရပ်တန့်ဖို့ ကြိုးစားရမှာ ဖြစ်ပြီး ဆာဆူအိုလိုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်