ဘေယန်မြူးနစ် – စပို့တင်းလစ္စဘွန်း
ချန်ပီယံလိဂ် လိဂ် အဆင့်ရဲ့ ပွဲစဉ် ၆ ရဲ့ ပွဲကောင်းတွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိနေပြီးတော့ ဘေယန်မြူးနစ်က စပို့တင်းလစ္စဘွန်းကို အလိုင်းရန့်ဇ် အရီနာမှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။ အာဆင်နယ်နဲ့ အတွေ့မှာ ချန်ပီယံလိဂ် နိုင်ပွဲဆက်မှု ရပ်တန့်သွားခဲ့ရတဲ့ ဘေယန်မြူးနစ်တို့ လက်ရှိမှာ အမြင့်ပျံနေတဲ့ စပို့တင်းနဲ့ တွေ့ဆုံချိန်မှာရော ရလဒ်ကောင်း တစ်ခု ပြန်လည် ရှာဖွေနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဘေယန်မြူးနစ်က ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ် ၅ မှာ အာဆင်နယ်ကို ဂိုးပြတ် ရှုံးပြီးနောက် အမှတ်ပေးဇယား အဆင့် ၂ နေရာကို ဆင်းပေးထားရပါတယ်။ ဒါပေမယ့်လည်း ကွန်ပနီရဲ့ အသင်းက အဲဒီပွဲအပြီး ကစားခဲ့တဲ့ ၃ ပွဲဆက် အနိုင်ရထားခဲ့ပြီး ဂိုးလည်း ပြန်မြူးနေခဲ့တာ တွေ့ရပါတယ်။ ဘေယန်မြူနစ်ရဲ့ ဒီရာသီ ချန်ပီယံလိဂ် ဖြတ်သန်းမှုတွေကို ပြန်ကြည့်ရင်တော့ ချဲလ်ဆီး၊ ပါဖို့စ်၊ ကလပ် ဘရုဂေး၊ ပီအက်စ်ဂျီတို့ကို နိုင်ထားပြီး အာဆင်နယ်ကိုပဲ ရှုံးထားတာပါ။ ဗင်းန်ဆင့် ကွန်ပနီရဲ့ အသင်းက ဒီရာသီ ချန်ပီယံလိဂ် အိမ်ကွင်း ပွဲစဉ် ၂ ပွဲ ကစားထားပြီး ၂ ပွဲစလုံး အနိုင်ရထားပါတယ်။
စပို့တင်းလစ္စဘွန်း ကလည်း ပြီးခဲ့တဲ့ အောက်တိုဘာလက ချန်ပီယံလိဂ်မှာ နာပိုလီကို ရှုံးနိမ့်ပြီးကတည်းက ရှုံးပွဲ မရှိသေးတဲ့ အခုထိပါပဲ။ ပြည်တွင်းမှာ ပေါ်တိုကို အမှီလိုက်နေရတဲ့ စပို့တင်းလစ္စဘွန်းက ပြည်ပမှာလည်း ရလဒ်ကောင်းဖို့ အတွက် ကြိုးစား ပြင်ဆင်လာဦးမှာ သေချာပါတယ်။ ရူအီ ဘောဂတ်စ်ရဲ့ လက်အောက်မှာ အတည်ငြိမ်ဆုံး ပုံစံကို ထိန်းထားနိုင်တဲ့ စပို့တင်းက ချန်ပီယံလိဂ်မှာ ၃ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပါတယ်။ စပို့တင်းဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ အဝေးကွင်း ပွဲစဉ် ၂ ပွဲ ကစားထားရာ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးပြီး နိုင်ပွဲ မရသေးပါဘူး။
နှစ်ဖက်အသင်း သတင်းများ

စပို့တင်းလစ္စဘွန်း ဘက်မှာတော့ ဘရာဂန်ကာ၊ နူနို ဆန်းတို့စ်၊ ဇီနို ဒီဘတ်စ်တို့ လွဲချော်မှာပါ။
ဖြစ်နိုင်ဖွယ် လူစာရင်းဘေယန်မြူးနစ် – နော်အာ၊ လိုင်မာ၊ အူပါမီကာနို၊ တာ့ရ်၊ ဆတန်နီဆစ်၊ ကင်မစ်ချ်၊ ဂိုရက်ဇ်ကာ၊ အိုလစ်ဆီ၊ ကားလ်၊ ဂနာဘရီ၊ ကိန်း
စပို့တင်းလစ္စဘွန်း – ဆေးလ်ဗား၊ အာရူဟို၊ အင်နာစီယို၊ ဒီယိုမန်ဒီ၊ ဖရက်စ်နေးဒါ၊ ဆီမိုးရက်စ်၊ ဂျူးလ်မန်း၊ ကာတာမို၊ ထရင်ကာအို၊ ဂွန်ဆာလက်ဗ်စ်၊ ဆွာရက်ဇ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ပထမဦးဆုံး အကြိမ် ထိပ်တိုက် တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ နောက်ဆုံး ၅ ပွဲ ရလဒ်ကို ပြန်ကြည့်ရင်တော့ ဘေယန်မြူးနစ်က ၄ ပွဲနိုင်၊ ၁ ပွဲ ရှုံးထားပြီးတော့ စပို့တင်း ကတော့ ၄ ပွဲနိုင်၊ ၁ ပွဲ သရေကျထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဘေယန်မြူးနစ် နိုင်ရင် ၁.၂၂ ဆ ရမှာ ဖြစ်ပြီး စပို့တင်းလစ္စဘွန်း နိုင်ရင်တော့ ၈.၈၀ ဆ နဲ့ သရေ ဆိုရင်တာ့ ၆.၀၀ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း ဘေယန်မြူးနစ် ဘက်က ခပ်ပြင်းပြင်း ကြေးပေါက်နေပြီး ဂိုးပေါင်း ကတော့ ၃.၂၅ လောက်က စဖွင့်ပါတယ်။ ဘေယန်မြူးနစ်က ဒီရာသီမှာ အိမ်ကွင်း ပွဲစဉ် ၉ ပွဲ စလုံး အနိုင်ရထားပြီး အဲဒီထဲကမှ ၈ ပွဲမှာ အနည်းဆုံး ၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဘွတ်ကီတွေရဲ့ ကြေးဖွင့်မှု အရ ဆိုရင် ဘေယန်မြူးနစ်ရဲ့ နောက်ထပ် ယုံကြည် စိတ်ချရတဲ့ အောင်ပွဲ တစ်ခုဆီ ဦးတည်နေသလိုပါပဲ။ ဒါပေမယ့်လည်း စပို့တင်းက နောက်ဆုံး ၂၁ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တာကြောင့် ဒီပွဲမှာ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရဖို့ ရှိပါတယ်။
ခန့်မှန်းရလဒ်
ဘေယန်မြူးနစ် ၃-၁ စပို့တင်းလစ္စဘွန်း
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


