နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

အက်တလက်တီကိုမက်ဒရစ်နဲ့ ဒုတိယအကျော့က ခက်ခဲလိမ့်မယ်လို့ အသင်းသားတွေကို သတိပေးထားတဲ့ အန်ဆယ်လော့တီ | ချန်ပီယံလိဂ်

အက်တလက်တီကိုမက်ဒရစ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်း အဆင့် ဒုတိယအကျော့ ပွဲစဉ်ဟာ ပထမအကျော့ထက် ပိုမို ခက်ခဲလိမ့်မယ်လို့ ရီးရဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီက သတိပေး စကားပြောကြားလာခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ် ပြီးခဲ့တဲ့ ရက်က ကစားခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်း အဆင့် ပထမအကျော့ ပွဲစဉ်မှာ အက်တလက်တီကိုမက်ဒရစ်ကို ၂-၁ ရလဒ်နဲ့ အနိုင်ရရှိထားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ရီးရဲလ်မက်ဒရစ် ဘက်က ရိုဒရီဂိုနဲ့ ဘရာဟင်မ် ဒီးယက်ဇ် တို့ရဲ့ ခြေစွမ်းပြ ဂိုး‌တွေ သွင်းယူနိုင်ခဲ့ပြီးတော့ ဗင်နီးစီးယပ်စ်နဲ့ ကီလီယန် အမ်ဘာပေးတို့ အပိုင်အခွင့်အရေးတွေ လွဲချော်ခဲ့လို့သာ ဂိုးမပြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်ဟာ လာမယ့် ဒုတိယအကျော့ ပွဲစဉ် အဖြစ် အက်တလက်တီကိုမက်ဒရစ် အိမ်ကွင်း မက်ထရိုပိုလီတာနိုကို သွားရောက် ယှဉ်ပြိုင်ရချိန်မှာ သွင်းဂိုး ၁ ဂိုး အသာနဲ့ ကစားနိုင်မှာလည်း ဖြစ်ပါတယ်။

အကယ်၍ ရီးရဲလ်မက်ဒရစ်သာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်လှမ်းပြီး အာဆင်နယ်နဲ့ တွေ့ဆုံရရင်လည်း အစဉ်အလာအရ အသာမရခဲ့လို့ လွယ်ကူဖို့တော့ မရှိပါဘူး။
အက်တလက်တီကိုနဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့မှာ ပေါ့ဆလို့ မရသေးတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်ဟာ ပထမအကျော့မှာ တစ်ပွဲလုံး အတိုင်းအတာနဲ့ အက်တလက်တီကို ဘက်ကို ဂိုးပေါက် ကန်ချက် ၁၃ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီးတော့ ဂိုးပေါက် တည့်မှု ၇ ကြိမ် ကနေ သွင်းဂိုး ၂ ဂိုး ရရှိခဲ့တာပါ။ ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်က အက်တလက်တီကိုမက်ဒရစ်ကို တစ်ဖက်သတ်နီးပါး အသာစီးနဲ့ ကစားခဲ့ပြီးတော့ ထိုက်တန်တဲ့ နိုင်ပွဲ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်ဟာ အက်တလက်တီကိုမက်ဒရစ်ရဲ့ ကွင်းကို သွားကစားခဲ့တဲ့ နောက်ဆုံး ၃ ကြိမ် စလုံး အနိုင်မရခဲ့တာကြောင့် ကွာတားဖိုင်နယ်ကို သေချာပေါက် တက်လှမ်းပြီလို့ ပြောလို့ မရသေးပါဘူး။ အက်တလက်တီကိုရဲ့ အိမ်ကွင်း ကစားပုံ မာကျောမှုကြောင့် အန်ဆယ်လော့တီရဲ့ အသင်း ဒုတိယအကျော့ကို သတိထား ကစားရဦးမှာပါ။ အက်တလက်တီကို ကလည်း ဒုတိယအကျော့မှာ ကျိန်းသေပေါက် အနိုင်ရမှ နောက်တစ်ဆင့်ကို မျှော်လင့်နိုင်မှာ ဖြစ်တာကြောင့် မဖြစ်မနေ ဖောင်ဖျက် ကစားလာမှာ ဖြစ်ပါတယ်။

ဒီအခြေအနေမှာ အန်ဆယ်လော့တီက “ဥရောပရဲ့ ထိပ်တန်း အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရပြီးတော့ အခုက ပြိုင်ပွဲ မပြီးဆုံးသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ နောက်တစ်ဆင့် တက်ရောက်နိုင်ဖို့ အားသာချက် ရှိနေပါတယ်။ ဒါက ကျွန်တော် တို့ကို ဒုတိယအကျော့ အတွက် ယုံကြည်မှု ပိုရှိလာစေပါတယ်။ ဒုတိယအကျော့ ပွဲစဉ်က အခုပွဲထက် ပိုပြီး ခက်ပါလိမ့်မယ်။” လို့ ပြောကြားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ အက်တလက်တီကိုမက်ဒရစ်နဲ့ ဥရောပ ပြိုင်ပွဲ တွေ့ဆုံမှု ၁၅ ကြိမ်မှာ ၃ ကြိမ်သာ အရေးနိမ့်ထားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် အနေနဲ့ ၁၆ သင်း အဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ရင် ကွာတားဖိုင်နယ် မှာတော့ အာဆင်နယ်နဲ့ တွေ့ဆုံရဖို့ ရှိနေပါတယ်။ အာဆင်နယ် ကတော့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပထမအကျော့မှာ နယ်သာလန် ကလပ် ပီအက်စ်ဗွီ အင်ဟိုဗင်ကို ၁-၇ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရထားပြီး ကွာတားဖိုင်နယ် တက်ဖို့ သေချာသလောက် ရှိတဲ့ အသင်း ဖြစ်ပါတယ်။ အကယ်၍ ရီးရဲလ်မက်ဒရစ်သာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်လှမ်းပြီး အာဆင်နယ်နဲ့ တွေ့ဆုံရရင်လည်း အစဉ်အလာအရ အသာမရခဲ့လို့ လွယ်ကူဖို့တော့ မရှိပါဘူး။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်