နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပေါ့ဘာကို ခေါ်ယူဖို့ အာဆင်နယ်ကို တိုက်တွန်းလိုက်တဲ့ ဆဂ်ညာ | ပရီးမီးယားလိဂ်

ပြင်သစ် နောက်ခံလူဟောင်း ဘာကရီ ဆဂ်ညာ ကတော့ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အနေနဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ဂျုဗင်တပ်စ် ကွင်းလယ်လူဟောင်း ပေါ့ဘာကို ခေါ်ယူသင့်ကြောင်း တိုက်တွန်းမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

လက်ရှိမှာ တရားဝင် အလွတ်ကြေးနဲ့ ခေါ်ယူနိုင်တဲ့ ကစားသမား ဖြစ်သွားသူ ပေါ့ဘာကို အလွတ်နဲ့ ခေါ်ယူချင်နေတဲ့ကြတဲ့ ကလပ် အသင်း များစွာ ရှိနေပါတယ်။ ဒါပေမယ့်လည်း ကစားသမားက ခြေစွမ်းပိုင်း ကောင်းမွန်ပေမယ့် ပရော်ဖက်ရှင်နယ်ဆန်မှု အပိုင်းမှာ အားနည်းချက်တွေ ရှိတာကြောင့် ပြန်စဉ်းစားနေတဲ့ အသင်းတွေလည်း အများကြီးပါပဲ။ ဒါပေမယ့်လည်း ပေါ့ဘာနဲ့ တစ်နိုင်ငံတည်းသား ဖြစ်တဲ့ ဘာကရီ ဆဂ်ညာ ကတော့ သူ့ရဲ့ ပရီးမီးယားလိဂ် အသင်းဟောင်း အနေနဲ့ အရ ခေါ်ယူစေချင်နေတာ ဖြစ်ပါတယ်။ 

ဆက်ဂ်ညာက “ပေါလ် ပေါ့ဘာက အာဆင်နယ် အတွက် ကောင်းမွန်တဲ့ ဖြည့်တင်းမှု တစ်ခု ဖြစ်လာမယ်လို့ ကျွန်တော် အမြဲတမ်း ပြောခဲ့ပါတယ်။ သူက ကလပ် အသင်း အတွက် အကျိုးအမြတ် တစ်ခု အားသာချက် တစ်ခု ဖြစ်လာလိမ့်မယ် လို့လည်း ကျွန်တော် ယုံကြည်တယ်။ သူရဲ့ ဖန်တီးနိုင်မှုနဲ့ အတူ သူ့ကို ကာလတို စာချုပ်ချုပ်ဆိုလိုက်ခြင်းက အာဆင်နယ် အတွက် ကျိန်းသေပေါက် အကျိုးရှိပါလိမ့်မယ်။ ဒါက ပေါ့ဘာကို ဘောလုံးလောကထဲ ပြန်လည် ဝင်ရောက်လာနိုင်ဖို့ ကြံခိုင်မှု အပြည့်နဲ့ သူရဲ့ ဘောလုံး အရည်အသွေးတွေ ပြန်လည် ပြည့်ဝလာစေနိုင်ဖို့လည်း အကူအညီ ပေးနိုင်ပါလိမ့်မယ်။” လို့ ဆဂ်ညာက ပြောဆိုခဲ့ပါ တယ်။ ဒါ့အပြင် ဆဂ်ညာက သူ့ရဲ့ အသင်းဟောင်း အနေနဲ့ တိုက်စစ်ပိုင်း အတွက် စပိုတင်းလစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ် ကိုလည်း အရ ခေါ်ယူသင့်ကြောင်း အကြံပြုသွားခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း ပေါ့ဘာနဲ့ တစ်နိုင်ငံတည်းသား ဖြစ်တဲ့ ဘာကရီ ဆဂ်ညာ ကတော့ သူ့ရဲ့ ပရီးမီးယားလိဂ် အသင်းဟောင်း အနေနဲ့ အရ ခေါ်ယူစေချင်နေတာ ဖြစ်ပါတယ်။
တစ်ချိန်က ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ ဖြစ်ခဲ့တဲ့ ပေါ့ဘာ

ဒါပေမယ့်လည်း လက်ရှိ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ရဲ့ ကွင်းလယ်ပိုင်းမှာ မာတင် အိုဒီဂတ်၊ ဒီကလန် ရိုက်စ်၊ သောမက်စ် ပါတေး၊ မာရင်နို၊ ဂျော်ဂျင်ဟို တို့လို ကစားသမားကောင်းတွေ ရှိနေပါတယ်။ ဒါကြောင့် ပေါ့ဘာကို အာဆင်နယ်တို့ ခေါ်ယူကောင်း ခေါ်ယူနိုင်ပေမယ့် ကစားသမား အနေနဲ့ ကျိန်းသေပေါက် အာဆင်နယ် အတွက် အရန်ကစားသမားပဲ ဖြစ်လာဖို့ ရှိနေပါတယ်။ ဒါ့အပြင် ပေါ့ဘာ အတွက် လုပ်ခ လစာပေးချေရတဲ့ နေရာမှာလည်း နည်းပါးနိုင်ဖို့ မရှိတာကြောင့် အာဆင်နယ် ခေါ်ယူချင်မှာ မဟုတ်ပါဘူး။

လက်ရှိမှာ အသက် ၃၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူဟောင်း ပေါလ် ပေါ့ဘာဟာ အရည်အသွေးမြင့် ကစားသမား တစ်ဦး ဖြစ်ပါတယ်။ တစ်ချိန်က ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ပေါ့ဘာက တားမြစ်ဆေး သုံးစွဲမိခဲ့တဲ့ ပြသာနာကြောင့် ဘောလုံးကစားခြင်း ကနေ ၄ နှစ် အထိ ပိတ်ပင်ခံရသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အယူခံဝင်ရာမှာ အောင်မြင်ခဲ့တဲ့ အတွက် ၄ နှစ် ကနေ ၁၈ လ အထိ ပြစ်ဒဏ် လျော့ပေါ့ပေးခဲ့ရပြီး ဒီလို ပြစ်ဒဏ် လျော့ပေါ့ခံရတဲ့ ပေါ့ဘာဟာ လာမယ့် ၂ဝ၂၅ မတ်လမှာတော့ ဘောလုံး ကစားခွင့် ပြန်လည် ရရှိတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပေါ့ဘာက မကြာသေးခင်ကမှ ဂျုဗင်တပ်စ်နဲ့ နှစ်ဦး သဘောတူ စာချုပ် ဖျက်သိမ်းထားခဲ့ပြီး လက်ရှိမှာ ပြင်သစ်သားက ကလပ် အသင်း လက်မဲ့ ဖြစ်နေခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်