မန်စီးတီး နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ လာမယ့် တစ်ပတ် အန်ဖီးလ်မှာ လစ်ဗာပူးလ်ကို ထပ်မံ ရှုံးနိမ့်ခဲ့ရင် ပရီးမီးယားလိဂ် ချန်ပီယံ မျှော်လင့်ချက် အဆုံးသတ်သွားနိုင်ကြောင်း ဝန်ခံ ပြောကြားလိုက်ပါတယ်။ မန်စီးတီးဟာ အခုတစ်ပတ် ပရီးမီးယားလိဂ် မှာ စပါးကို အိမ်ကွင်းမှာ ၀-၄ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပြီး ပြိုင်ပွဲစုံ ၅ ပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့ရတာလည်း ဖြစ်ပါတယ်။
မန်စီးတီးဟာ လာမယ့် တစ်ပတ် မှာတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ရမှတ်ဖြတ် ဦးဆောင်နေတဲ့ လစ်ဗာပူးလ်ကို အန်ဖီးလ်မှာ သွားရောက် ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် မီဒီယာတွေက အဲဒီပွဲမှာ မန်စီးတီး ရှုံးနိမ့်ပါက ချန်ပီယံ မျှော်လင့်ချက် အဆုံးသတ်သွားနိုင်သလားလို့ မေးမြန်းခဲ့ကြပြီး ဂွါဒီယိုလာက အခုလိုပဲ ဖြေကြားလာခဲ့ပါတယ်။
ဂွါဒီယိုလာက “ဟုတ်ပါတယ်။ အဲဒါအမှန်ပါပဲ။ ဘာလို့လဲ ဆိုတော့ လစ်ဗာပူးလ်က နိုင်ပွဲ ရပြီးရင်း ရရင်း ဖြစ်နေလို့ပါပဲ။ ကျွန်တော်တို့ အနေနဲ့ ချန်ပီယံဆုရမှာ၊ လက်လွှတ်ရမှာကို မတွေးထားပါဘူး။ ကျွန်တော် တို့က ရာသီကုန်မှာ ဘာဖြစ်မလဲ ဆိုတာ တွေးနိုင်တဲ့ အခြေအနေ မဟုတ်ပါဘူး။ ရာသီကုန်ချိန်မှာ ကျွန်တော်တို့ ဗိုလ်မစွဲဘူး ဆိုရင် အဲဒါက ကျွန်တော် တို့နဲ့ ထိုက်တန်မှု မရှိလို့ပါပဲ။ ပြီးခဲ့တဲ့ ရာသီတွေမှာ ဗိုလ်စွဲခဲ့တာက ကျွန်တော် တို့နဲ့ ထိုက်တန်ခဲ့လို့ပါ။ အခု ကျွန်တော်တို့ လုပ်ရမှာက ဖီယင်နော့ဒ်ကို အနိုင်ယူဖို့ပါ။ အဲဒါက အရေးအကြီးဆုံးပါပဲ။ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့က ပထမ ဦးစားပေးပါ။ ကစားသမားတွေ အနေနဲ့ တစ်ဆင့်ပြီး တစ်ဆင့် ပိုကောင်းလာမယ်လို့ ယုံကြည်ပါတယ်။” လို့ ဖြေကြားသွားခဲ့ပါတယ်။
ဆက်လက်ပြီး ဂွါဒီယိုလာက အသင်းရဲ့ ခံစစ်ပိုင်းနဲ့ ပတ်သတ်ပြီးတော့လည်း ပြောကြားသွားခဲ့ပါသေးတယ်။ ဂွါဒီယိုလာက “ဒီအချိန်မှာ ကျွန်တော် တို့ရဲ့ ခံစစ်ပိုင်းက အားနည်းနေပါတယ်။ ပွဲကို ပုံမှန်အတိုင်း ကောင်းကောင်း စတင်နိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ ဂိုးမသွင်းနိုင်ခဲ့ဘဲ အဲဒီနောက်မှာ ဂိုးပေးခဲ့ရပါတယ်။ ဂိုးပေးလိုက်ရပြီးတဲ့ နောက်မှာ ကျွန်တော် တို့ရဲ့ စိတ်ခံစားမှုတွေ ပိုပြီး ခက်ခဲသွားပါတယ်။ ၈ နှစ် အတွင်းမှာ ဒီလို အခြေအနေမျိုး ကျွန်တော်တို့ မကြုံဖူးပါဘူး။ အခု ကျွန်တော်တို့ ရှင်သန်ဖို့ ကြိုးစားရမှာ ဖြစ်ပြီးတော့ လာမယ့် ပွဲတွေမှာ နိုင်ပွဲတွေ ပြန်ယူရမှာပါ။ အထူးသဖြင့် လာမယ့် ပွဲစဉ်ကို အနိုင်ရဖို့ လိုအပ်ပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့ လုပ်ရမယ့် နည်းလမ်းက ဒီတစ်ခုပဲ ရှိပါတယ်။” လို့ ဆိုပါတယ်။
မန်စီးတီးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက ယှဉ်ပြိုင်ခဲ့တဲ့ ခရာဘောင်ဖလား ပွဲစဉ်မှာ စပါးကို စတင် ရှုံးနိမ့်ခဲ့ပြီးနောက် ဘုန်းမောက် (ပရီးမီးယားလိဂ်)၊ စပို့တင်းလစ္စဘွန်း (ချန်ပီယံလိဂ်)၊ ဘရိုက်တန်၊ စပါး (ပရီးမီးယားလိဂ်) တို့ကို ဆက်တိုက် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပပ် ဂွါဒီယိုလာဟာ နည်းပြ သက်တမ်း တစ်လျှောက် ပထမဆုံး အကြိမ် အဖြစ် ပြိုင်ပွဲစုံ ၅ ပွဲဆက် ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ခဲ့ရသလို မန်စီးတီး အတွက်လည်း ၂၀၀၆ ခုနှစ် နောက်ပိုင်း ပြိုင်ပွဲစုံ ၅ ပွဲဆက် ရှုံးနိမ့်မှု ဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် မန်စီးတီးဟာ ၁၉၅၆ ခုနှစ် မတ်လက ချဲလ်ဆီး နောက်ပိုင်း အင်္ဂလန်ရဲ့ အဆင့်မြင့်တန်းမှာ လက်ရှိ ချန်ပီယံ အသင်း တစ်သင်း အနေနဲ့ ပြိုင်ပွဲစုံ ၅ ပွဲဆက် ရှုံးနိမ့်ခြင်းလည်း ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် မန်စီးတီးဟာ အီတီဟတ်ကွင်းမှာ ပြိုင်ပွဲစုံ ၅၂ ပွဲဆက် ရှုံးပွဲ မရှိ စံချိန်နဲ့ ပရီးမီးယားလိဂ်မှာ အိမ်ကွင်း ၃၅ ပွဲဆက် ရှုံးပွဲ မရှိ စံချိန်တွေလည်း ကျိုးပျက် ရပ်တန့်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အပြင် မန်စီးတီးက ရှုံးပွဲ ကြုံခဲ့တဲ့ ၅ ပွဲမှာ ခံစစ်ပိုင်းက ၁၄ ဂိုး အထိ ခွင့်ပြုခဲ့ရတဲ့ အထိ ဆိုးရွားခဲ့တာလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.