နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လာမယ့် ၅ နှစ် အတွက် ပေါင်သန်း ၁၀၀နဲ့ ဟာလန်းကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုချင်နေတဲ့ မန်စီးတီး | ပရီးမီးယားလိဂ်

နော်ဝေ ဂိုးသွင်းစက် အာလင်း ဟာလန်း ကတော့ မန်ချက်စတာစီးတီးမှာ ပွဲတိုင်းလိုလို ခြေစွမ်းပြ ဂိုးတွေ သွင်းယူနေတာကြောင့် ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ အပါအဝင် ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားခြင်း ခံနေရသူ ဖြစ်ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ထိပ်သီး တို့က အသင်းရဲ့ အဓိက တိုက်စစ်မှူး အာလင်း ဟာလန်းကို လာမယ့် ၅ နှစ် အတွက် ပေါင်သန်း ၁၀၀နဲ့ သက်တမ်းတိုး စာချုပ်ချုပ်ဆိုဖို့ စီစဉ်နေတယ်လို့ သတင်းတွေက ဖော်ပြလာပါတယ်။

မန်ချက်စတာစီးတီးဟာ အသက် ၂၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အာလင်း ဟာလန်းကို လာမယ့် ၂၀၂၂ ခုနှစ် နွေရာသီမှာ ဒေါ့မန် ကနေ ခေါ်ယူခဲ့ပြီးတော့ ၂၀၂၇ ခုနှစ် အထိ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဟာလန်းက မန်စီးတီးမှာ ဂိုးတွေ ဆက်တိုက် သွင်းယူရင်း အကောင်းဆုံး ခြေစွမ်းပြနေခဲ့ပြီးတော့ လက်ရှိအချိန်မှာ လာလီဂါ ထိပ်သီး ကလပ်တွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ တို့ရဲ့ ပစ်မှတ်လည်း ဖြစ်နေပါတယ်။ ဒါ့အပြင် သတင်းတွေအရ ဆိုရင်တော့ ကစားသမား ကိုယ်တိုင် ကလည်း လာလီဂါမှာ ပြောင်းရွှေ့ ကစားဖို့ ဆန္ဒရှိနေတယ်လို့ သိရပြီး အကယ်၍ မန်စီးတီးက သက်တမ်းတိုး စာချုပ်မချုပ်ဆိုနိုင်ဘူး ဆိုရင်တော့ လက်လွှတ်ရဖွယ် ရှိနေတာ ဖြစ်ပါတယ်။ 

ဗြိတိန် မီဒီယာတွေရဲ့ ဖော်ပြချက်အရ မန်စီးတီးဟာ မူလက အာလင်း ဟာလန်းကို တစ်ပတ် လုပ်ခ လစာ ပေါင် ၅၀၀၀၀၀ အထိ တိုးမြှင့်ကာ စာချုပ်သစ် ချုပ်ဆိုဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ မှာတော့ အပိုဆုကြေးတွေ မပါသေးပဲ တစ်နှစ်ကို ပေါင် သန်း ၂၀ ရရှိနိုင်မယ့် လစာနှုန်းထားနဲ့ ၅ နှစ် စာချုပ် ချုပ်ဆိုဖို့ စီစဉ်နေကြောင်း The Sun က အခိုင်အမာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။  

ဟာလန်းဟာ ပရီးမီးယားလိဂ်ကို မရောက်ရှိခင် နော်ဝေ ကလပ် မိုးလ်ဒ် အသင်းမှာ ကစားသမား ဘဝ စတင်ခဲ့သူ ဖြစ်ပါတယ်။
ဟာလန်းကို နောက်ထပ် ၅ နှစ် သက်တမ်းတိုးချင်နေတဲ့ မန်စီးတီး

မန်ချက်စတာစီးတီး ကတော့ အသင်းရဲ့ နည်းပြ ပပ် ဂွါဒီယိုလာကို ၂ နှစ် သက်တမ်း ရှိတဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ပြီးနောက် တိုက်စစ်မှူး အာလင်း ဟာလန်း ကိုလည်း နှစ်ရှည် သက်တမ်းတိုး စာချုပ် ချုပ်ဆိုဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းလျက် ရှိနေတာ ဖြစ်ပါတယ်။ မန်စီးတီးက အာလင်း ဟာလန်းကို ပရီးမီးယားလိဂ်ရဲ့ လုပ်ခ လစာ အများဆုံး ကစားသမား ဖြစ်လာစေမယ့် ပမာဏနဲ့ သက်တမ်း တိုးဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင် မန်စီးတီးဟာ ၂၀၂၇ ခုနှစ်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် အာလင်း ဟာလန်းကို ၂၀၂၉ ခုနှစ် အထိ သက်တမ်းရှိတဲ့ စာချုပ်သစ် ပြင်ဆင် ချုပ်ဆိုဖို့ လိုလားနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် မန်စီးတီးဟာ ဟာလန်းနဲ့ ချုပ်ဆိုထားတဲ့ လျော်ကြေး စာချုပ် ကိုလည်း ပယ်ဖျက်ဖို့ အတွက် ဆန္ဒရှိနေတယ်လို့ သိရပါတယ်။  

ဟာလန်းဟာ ပရီးမီးယားလိဂ်ကို မရောက်ရှိခင် နော်ဝေ ကလပ် မိုးလ်ဒ် အသင်းမှာ ကစားသမား ဘဝ စတင်ခဲ့သူ ဖြစ်ပါတယ်။ မိုးလ်ဒ်မှာ ပြိုင်ပွဲစုံ ၄၈ ပွဲ ကစားရာမှာ ၁၉ ဂိုး သွင်းယူခဲ့ပြီး ၂၀၁၉ ခုနှစ် မှာတော့ ဩစတြီးယား ကလပ် ဆဲလ်ဘာ့ဂ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဆဲလ်ဘာ့ဂ် မှာတော့ ဟာလန်းက ပိုမို တောက်ပလာခဲ့ပြီး ၂၇ ပွဲ ကစားရာမှာ ၂၉ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အဲ့နောက် ဟာလန်းက ဥရောပထိပ်တန်း ကလပ်တွေဆီ ရောက်ရှိဖို့ နီးစပ်ခဲ့ပေမယ့် ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန် ကိုသာ ရွေးချယ်ခဲ့ပါတယ်။ ဟာလန်းက ဒေါ့မန် မှာတော့ ၃ ရာသီ နီးပါး ကစားခဲ့ပြီး ၈၉ ပွဲ ကစားရာမှာ ၈၆ ဂိုးသွင်းယူခဲ့ပါတယ်။ အဲဒီနောက် ဟာလန်းက ပရီးမီးယားလိဂ် ထိပ်သီး မန်စီးတီးကို ၂၀၂၂ ခုနှစ်မှာ ပြောင်းရွှေ့ပြီး လက်ရှိ အချိန်ထိ ပြိုင်ပွဲစုံ ၁၁၄ ပွဲကစားရာမှာ ၁၀၅ ဂိုး သွင်းယူထားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်