နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကလော့ပ် လက်ထက်မှာ အန်တိုနီကို ခေါ်ယူဖို့ စီစဉ်ခဲ့ဖူးတဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး ကလပ် လစ်ဗာပူးလ် ကတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းက ဘရာဇီးလ် တောင်ပံ ကစားသမား အန်တိုနီကို ခေါ်ယူဖို့ ရည်ရွယ်ခဲ့သေးကြောင်း သိရပါတယ်။ လစ်ဗာပူးလ် နည်းပြဟောင်း ယာဂန် ကလော့ပ်က ၂၀၂၂ တုန်းက အသင်းရဲ့ အဓိက တိုက်စစ် ကစားသမား မိုဟာမက် ဆာလာကို စာချုပ်သက်တမ်းတိုးဖို ခက်ခဲနေချိန်မှာ လက်ရှိ ယူနိုက်တက် တောင်ပံကစားသမား အန်တိုနီနဲ့ အစားထိုးဖို့ အတွက် စီစဉ်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

လစ်ဗာပူးလ်ဟာ ၂၀၂၂ ခုနှစ် အစောပိုင်းကာလတွေမှာ အီဂျစ် အသင်းခေါင်းဆောင် မိုဟာမက် ဆာလာကို စာချုပ် သက်တမ်း တိုးမြှင့်ဖို့ အတွက် အဆင်မပြေမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။ အကယ်၍သာ ဆာလာနဲ့ စာချုပ်သစ် ကိစ္စသာ ညှိနှိုင်းလို့ မရခဲ့ရင်တော့ သူ့ရဲ့ နေရာမှာ အစားထိုးဖို့ အတွက် တောင်ပံ ကစားသမား တချို့ကို ကြိုးပမ်းသွားဖို့ ရှိခဲ့တာပါ။ ဒီလို လစ်ဗာပူးလ် ပစ်မှတ်ထားခဲ့တဲ့ တောင်ပံ ကစားသမားတွေ အထဲ မှာတော့ အန်တိုနီလည်း ပါဝင်ခဲ့တာ ဖြစ်ပြီး အဲ့ဒီအချိန်တုန်းက အန်တိုနီဟာ အေဂျက်စ်မှာ ခြေစွမ်းပြနေခဲ့တာ ဖြစ်ပါတယ်။ 

The Timesရဲ့ ဖော်ပြချက်အရ နည်းပြကြီး ယာဂင် ကလော့ပ်ဟာ အန်တိုနီကို ခေါ်ယူဖို့ အတွက် ဆွေးနွေးမှုတွေပါ လုပ်ဆောင်ခဲ့သေးတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ ကတော့ အထမြောက်ခဲ့ခြင်း မရှိပဲ ဆာလာဟာ လစ်ဗာပူးလ်နဲ့ ၃ နှစ် သက်တမ်း ရှိတဲ့ စာချုပ်သစ် တစ်ရပ် ချုပ်ဆိုခဲ့သလို အန်တိုနီ ကလည်း သူ့ဆရာဟောင်း အဲရစ်ခ် တန်ဟက်ဂ် ရှိရာ မန်ချက်စတာယူနိုက်တက်ကို ပေါင် ၈၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

နည်းပြသစ် ရူဘင် အမော်ရင် လက်ထက်မှာ ခြေစွမ်းပိုင်း သိသိသာသာ မတိုးတက်လာခဲ့ရင်တော့ အန်တိုနီ အနေနဲ့ ပရီးမီးယားလိဂ် ကလပ် ကနေ သေချာပေါက် ရောင်းထုတ်ခံရဖွယ် ရှိနေပြီ ဖြစ်ပါတယ်။
ယူနိုက်တက် ကနေ ရောင်းထုတ်ခံရဖွယ် ရှိနေတဲ့ အန်တိုနီ

လစ်ဗာပူးလ်နဲ့ စာချုပ်သက်တမ်း တိုးခဲ့တဲ့ မိုဟာမက် ဆာလာ ကတော့ အန်ဖီးလ်မှာ သူရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ဆက်လက် ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အေဂျက်စ် ကနေ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ဆီ ရောက်လာတဲ့ အန်တိုနီ ကတော့ အေဂျက်စ်မှာလို ခြေစွမ်းတွေ မပြသနိုင်သလို ပုံမှန် ခြေစွမ်းအောက် ရောက်နေခဲ့လို့ တတိယ ဦးစားပေး ကစားသမား အဖြစ်ပါ ရှိနေခဲ့ပါတယ်။

အခုလို အခြေအနေဆိုးတွေကြောင့် ဘရာဇီးလ်သားဟာ လာမယ့် အပြောင်းအရွှေ့ ဈေးကွက်တွေ အတွင်းမှာ အသင်း ကနေ ရောင်းထုတ်ခံရဖွယ် ရှိနေပါတယ်။ နည်းပြသစ် ရူဘင် အမော်ရင် လက်ထက်မှာ ခြေစွမ်းပိုင်း သိသိသာသာ မတိုးတက်လာခဲ့ရင်တော့ အန်တိုနီ အနေနဲ့ ပရီးမီးယားလိဂ် ကလပ် ကနေ သေချာပေါက် ရောင်းထုတ်ခံရဖွယ် ရှိနေပြီ ဖြစ်ပါတယ်။ 

လစ်ဗာပူးလ် ကတော့ အသင်းရဲ့ အဓိက ကစားသမား ဖြစ်တဲ့ မိုဟာမက် ဆာလာကို ထပ်မံ စာချုပ် သက်တမ်းတိုးဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့်လည်း ဆာလာရဲ့ ဆုံးဖြတ်ချက်ပေါ်လည်း မူတည်နေတာကြောင့် လစ်ဗာပူးလ်က တစ်ဖက် မှာလည်း သူ့ရဲ့ နေရာမှာ ရေရှည် အစားထိုးဖို့ အတွက် ညာတောင်ပံ ကစားသမားတွေကို ပစ်မှတ်ထားလျက် ရှိနေပါတယ်။

 
လိုက်ဖ်ချက်